ပင်နယ်တီရရှိဖို့အတွက် ဂျွမ်းတစ်ပတ်ထိုးပြီး နည်းသစ် တီထွင်လာတဲ့ ဘရာဇီးကစားသမား

ဘရာဇီးကစားသမားတစ်ဦးဟာဆန်းတို့စ်အတွက်ပင်နယ်တီရရှိဖို့အတွက်ရှေ့ဂျွမ်းတစ်ပတ်ထိုးပြီး ပင်နယ်တီရရှိရေးနည်းသစ်တစ်ခုကိုဖန်တီးလာခဲ့ပါတယ်။

ဆန်းတို့စ်ဟာပြီးခဲ့တဲ့အပတ်ကတန်းမဆင်းရရေးတိုက်ပွဲဆင်နွဲခဲ့ရပြီးရက်ဘူးလ်ဘရာဂန်တီနိုနှင့်ပွဲတွင်၂-၀ဂိုးဖြင့်အနိုင်ရရှိရန်လိုအပ်နေခဲ့ပါတယ်။

မာရင်ဟိုဟာယင်းပွဲမှာ၂၈မိနစ်မှာဆန်းတို့စ်အတွက်ဦးဆောင်ဂိုးသွင်းထားနိုင်ခဲ့ပါတယ်။ယင်းနောက်သူဟာပွဲပြီးခါနီးနာကျင်အချိန်ပိုမှာပင်နယ်တီရရှိရေးပိုမိုသေချာအောင်လုပ်ဆောင်သွားခဲ့ပါတယ်။

ကျောနံပါတ်၁၁ကစားသမားဟာနာကျင်အချိန်ပိုမှာပင်နယ်တီဧရိယာအတွင်းမှာပြိုင်ဘက်နောက်ခံလူရဲ့ဥပဒေဖျက်ထုတ်ခြင်းခံခဲ့ရပါတယ်။

ပြိုင်ဘက်ရဲ့ဖျက်ထုတ်မှုကကြမ်းတမ်းတာကြောင့်ပင်နယ်တီရရှိဖို့သေချာနေပါတယ်။ဒါပေမယ့်မာရင်ဟိုဟာပင်နယ်တီရရှိဖို့သေချာသထက်သေချာစေဖို့အတွက်ပြိုင်ဘက်ခြေထိုးတားဆီးလိုက်ချိန်မှာရှေ့ဂျွမ်းပါတစ်ပတ်ထိုးလိုက်ပါသေးတယ်။

ယင်းပင်နယ်တီကိုဥရုဂွေးအလယ်တန်းကစားသမားကားလို့စ်ဆန်းချက်ဇ်ကကန်သွင်းပြီးဆန်းတို့စ်အတွက်အဖိုးတန်ရမှတ်၃မှတ်ရယူပေးခဲ့ပါတယ်။

ယင်းနိုင်ပွဲကြောင့်ဆန်းတို့စ်ဟာရာသီသိမ်းပွဲမကစားမီဘရာဇီးစီးရီးအေအမှတ်ပေးဇယားအဆင့်၁၃နေရာသို့တက်လှမ်းနိုင်ခဲ့ပြီးတန်းဆင်းဇုန်နှင့်ရမှတ်၅မှတ်ကွာဟပါတယ်။

ZawGyi

ပင္နယ္တီရရွိဖို႔အတြက္ ဂြၽမ္းတစ္ပတ္ထိုးၿပီး နည္းသစ္ တီထြင္လာတဲ့ ဘရာဇီးကစားသမား

ဘရာဇီးကစားသမားတစ္ဦးဟာဆန္းတို႔စ္အတြက္ပင္နယ္တီရရွိဖို႔အတြက္ေရွ႕ဂြၽမ္းတစ္ပတ္ထိုးၿပီး ပင္နယ္တီရရွိေရးနည္းသစ္တစ္ခုကိုဖန္တီးလာခဲ့ပါတယ္။

ဆန္းတို႔စ္ဟာၿပီးခဲ့တဲ့အပတ္ကတန္းမဆင္းရေရးတိုက္ပြဲဆင္ႏြဲခဲ့ရၿပီးရက္ဘူးလ္ဘရာဂန္တီႏိုႏွင့္ပြဲတြင္၂-၀ဂိုးျဖင့္အႏိုင္ရရွိရန္လိုအပ္ေနခဲ့ပါတယ္။

မာရင္ဟိုဟာယင္းပြဲမွာ၂၈မိနစ္မွာဆန္းတို႔စ္အတြက္ဦးေဆာင္ဂိုးသြင္းထားႏိုင္ခဲ့ပါတယ္။ယင္းေနာက္သူဟာပြဲၿပီးခါနီးနာက်င္အခ်ိန္ပိုမွာပင္နယ္တီရရွိေရးပိုမိုေသခ်ာေအာင္လုပ္ေဆာင္သြားခဲ့ပါတယ္။

ေက်ာနံပါတ္၁၁ကစားသမားဟာနာက်င္အခ်ိန္ပိုမွာပင္နယ္တီဧရိယာအတြင္းမွာၿပိဳင္ဘက္ေနာက္ခံလူရဲ႕ဥပေဒဖ်က္ထုတ္ျခင္းခံခဲ့ရပါတယ္။

ၿပိဳင္ဘက္ရဲ႕ဖ်က္ထုတ္မႈကၾကမ္းတမ္းတာေၾကာင့္ပင္နယ္တီရရွိဖို႔ေသခ်ာေနပါတယ္။ဒါေပမယ့္မာရင္ဟိုဟာပင္နယ္တီရရွိဖို႔ေသခ်ာသထက္ေသခ်ာေစဖို႔အတြက္ၿပိဳင္ဘက္ေျခထိုးတားဆီးလိုက္ခ်ိန္မွာေရွ႕ဂြၽမ္းပါတစ္ပတ္ထိုးလိုက္ပါေသးတယ္။

ယင္းပင္နယ္တီကိုဥ႐ုေဂြးအလယ္တန္းကစားသမားကားလို႔စ္ဆန္းခ်က္ဇ္ကကန္သြင္းၿပီးဆန္းတို႔စ္အတြက္အဖိုးတန္ရမွတ္၃မွတ္ရယူေပးခဲ့ပါတယ္။

ယင္းႏိုင္ပြဲေၾကာင့္ဆန္းတို႔စ္ဟာရာသီသိမ္းပြဲမကစားမီဘရာဇီးစီးရီးေအအမွတ္ေပးဇယားအဆင့္၁၃ေနရာသို႔တက္လွမ္းႏိုင္ခဲ့ၿပီးတန္းဆင္းဇုန္ႏွင့္ရမွတ္၅မွတ္ကြာဟပါတယ္။