ပင်နယ်တီလွဲခဲ့တဲ့ အင်္ဂလန်စတားများကို တိုက်ခိုက်သူများအား ထိရောက်စွာ အရေးယူမည်ဟု ဗြိတိန်ဝန်ကြီးကြေညာ

အင်္ဂလန်တစ်နိုင်ငံလုံးဟာယူရိုဗိုလ်လုပွဲမှာပင်နယ်တီလို့ လူမျိုးရေးခွဲခြားတိုက်ခိုက်ခြင်းခံနေရတဲ့အင်္ဂလန်စတားသုံးဦးကိုအပြည့်အဝအားပေးထောက်ခံနေကြပါတယ်။

အသက်၂၁နှစ်ရှိရပ်ရှ်ဖို့ဒ်၊အသက်၂၀နှစ်ရှိဆန်ချို၊အသက်၁၉နှစ်ရှိဆာကာတို့ဟာတနင်္ဂနွေနေ့ကအီတလီနှင့်ယူရို၂၀၂၀ဗိုလ်လုပွဲပင်နယ်တီအဆုံးအဖြတ်မှာအသက်ငယ်ရွယ်ပေမယ့်သတ္တိရှိစွာပင်နယ်တီကန်ခဲ့ကြပေမယ့်ပင်နယ်တီလွဲခဲ့မှုအတွက်အွန်လိုင်းတွင်တိုက်ခိုက်မှုခံနေရပါတယ်။

အင်္ဂလန်လူငယ်စတားများကိုလူမျိုးရေးခွဲခြားတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့သူများကို ဗြိတိန်ဝန်ကြီးချုပ်ဘိုရစ်ဂျွန်ဆင် အကြီးအကျယ်ဒေါသထွက်နေပါတယ်။ဘိုရစ်ဂျွန်ဆင်က လူမျိုးရေးခွဲခြားတိုက်ခိုက်သူများကိုအပြင်းအထန်အရေးယူမည်လို့ကြုံးဝါးသွားပါတယ်။

ဂျွန်ဆင်က “ကစားသမားတချို့ကိုလူမျိုးရေးခွဲခြားလုပ်ခဲ့တဲ့သူတွေကတကယ့်ကိုရှက်စရာကောင်းတဲ့သူတွေပါ။ခင်ဗျားတို့ကိုမိတဲ့အချိန်မှာကြောင်လက်သဲဝှက်တော့မနေကြနဲ့”လို့အပြင်းအထန်သတိပေးသွားပါတယ်။

အထူးသဖြင့် အင်္ဂလန်ရဲ့နောက်ဆုံးပင်နယ်တီကိုလွဲခဲ့တဲ့ဆာကာမှာအွန်လိုင်းတွင်လူမျိုးရေးခွဲခြားတိုက်ခိုက်မှုပိုမိုခံနေရပါတယ်။

ဒါ့အပြင်ပင်နယ်တီလွဲခဲ့တဲ့ရပ်ရှ်ဖို့ဒ်မှာလည်းသူ့အားဂုဏ်ပြုရေးဆွဲထားတဲ့နံရံဆေးပန်းချီကားဖျက်ဆီးခြင်းခံခဲ့ရပါတယ်။ဒါပေမယ့်ရပ်ရှ်ဖို့ဒ်ကိုထောက်ခံအားပေးတဲ့ပရိသတ်များက ရှပ်ရှ်ဖို့ဒ်ပုံတူမှစာသာများနေရာတွင်အသည်းပုံများဖြင့်ပြန်လည်ဖြည့်ဆည်းခဲ့ကြပါတယ်။

ZawGyi

ပင္နယ္တီလြဲခဲ့တဲ့ အဂၤလန္စတားမ်ားကို တိုက္ခိုက္သူမ်ားအား ထိေရာက္စြာ အေရးယူမည္ဟု ၿဗိတိန္ဝန္ႀကီးေၾကညာ

အဂၤလန္တစ္ႏိုင္ငံလုံးဟာယူ႐ိုဗိုလ္လုပြဲမွာပင္နယ္တီလို႔ လူမ်ိဳးေရးခြဲျခားတိုက္ခိုက္ျခင္းခံေနရတဲ့အဂၤလန္စတားသုံးဦးကိုအျပည့္အဝအားေပးေထာက္ခံေနၾကပါတယ္။

အသက္၂၁ႏွစ္ရွိရပ္ရွ္ဖို႔ဒ္၊အသက္၂၀ႏွစ္ရွိဆန္ခ်ိဳ၊အသက္၁၉ႏွစ္ရွိဆာကာတို႔ဟာတနဂၤေႏြေန႔ကအီတလီႏွင့္ယူ႐ို၂၀၂၀ဗိုလ္လုပြဲပင္နယ္တီအဆုံးအျဖတ္မွာအသက္ငယ္႐ြယ္ေပမယ့္သတၱိရွိစြာပင္နယ္တီကန္ခဲ့ၾကေပမယ့္ပင္နယ္တီလြဲခဲ့မႈအတြက္အြန္လိုင္းတြင္တိုက္ခိုက္မႈခံေနရပါတယ္။

အဂၤလန္လူငယ္စတားမ်ားကိုလူမ်ိဳးေရးခြဲျခားတိုက္ခိုက္မႈျပဳလုပ္ခဲ့တဲ့သူမ်ားကို ၿဗိတိန္ဝန္ႀကီးခ်ဳပ္ဘိုရစ္ဂြၽန္ဆင္ အႀကီးအက်ယ္ေဒါသထြက္ေနပါတယ္။ဘိုရစ္ဂြၽန္ဆင္က လူမ်ိဳးေရးခြဲျခားတိုက္ခိုက္သူမ်ားကိုအျပင္းအထန္အေရးယူမည္လို႔ႀကဳံးဝါးသြားပါတယ္။

ဂြၽန္ဆင္က “ကစားသမားတခ်ိဳ႕ကိုလူမ်ိဳးေရးခြဲျခားလုပ္ခဲ့တဲ့သူေတြကတကယ့္ကိုရွက္စရာေကာင္းတဲ့သူေတြပါ။ခင္ဗ်ားတို႔ကိုမိတဲ့အခ်ိန္မွာေၾကာင္လက္သဲဝွက္ေတာ့မေနၾကနဲ႔”လို႔အျပင္းအထန္သတိေပးသြားပါတယ္။

အထူးသျဖင့္ အဂၤလန္ရဲ႕ေနာက္ဆုံးပင္နယ္တီကိုလြဲခဲ့တဲ့ဆာကာမွာအြန္လိုင္းတြင္လူမ်ိဳးေရးခြဲျခားတိုက္ခိုက္မႈပိုမိုခံေနရပါတယ္။

ဒါ့အျပင္ပင္နယ္တီလြဲခဲ့တဲ့ရပ္ရွ္ဖို႔ဒ္မွာလည္းသူ႔အားဂုဏ္ျပဳေရးဆြဲထားတဲ့နံရံေဆးပန္းခ်ီကားဖ်က္ဆီးျခင္းခံခဲ့ရပါတယ္။ဒါေပမယ့္ရပ္ရွ္ဖို႔ဒ္ကိုေထာက္ခံအားေပးတဲ့ပရိသတ္မ်ားက ရွပ္ရွ္ဖို႔ဒ္ပုံတူမွစာသာမ်ားေနရာတြင္အသည္းပုံမ်ားျဖင့္ျပန္လည္ျဖည့္ဆည္းခဲ့ၾကပါတယ္။