ပင်နယ်တီလွဲပြီးနောက် ချက်ချင်းအပြေးသွားရောက်ကာ ဆာကာကို နှစ်သိမ့်ခဲ့တဲ့ လူပီသလွန်းတဲ့ကစားသမား

ကီဗင်ဖီးလစ်ဟာအီတလီနှင့်ယူရို၂၀၂၀ပြိုင်ပွဲပင်နယ်တီအဆုံးအဖြတ်တွင် ဆာကာအဆုံးအဖြတ်ပင်နယ်တီမဝင်ပြီးနောက်ချက်ချင်းပင်အပြေးသွားရောက်ကာနှစ်သိမ့်မှုပြုလုပ်ခဲ့ကြောင်းသိရပါတယ်။

အီတလီဟာတနင်္ဂနွေနေ့ကပင်နယ်တီအဆုံးအဖြတ်တွင်အင်္ဂလန်ကို၃-၂ဂိုးဖြင့်အနိုင်ရရှိကာယူရို၂၀၂၀ချန်ပီယံဖြစ်သွားပါတယ်။

အာဆင်နယ်စတားဟာအင်္ဂလန်ရဲ့ပဥ္စမြောက်အဆုံးအဖြတ်ပင်နယ်တီကန်ခဲ့ရာမှာအီတလီဂိုးသမားဒွန်နာရမ်မာကကာကွယ်သွားခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်ကွင်းလယ်ကစားသမားကီဗင်ဖီးလစ်ဟာချက်ချင်းပင်ဆာကာထံသို့အပြေးအလွှားအမြန်သွားရောက်ကာနှစ်သိမ့်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဖီးလစ်ဟာကစားဖော်အားနှစ်သိမ့်မှုပြုလုပ်ရန်အပြေးအလွှားသွားရောက်တဲ့လူသားဆန်တဲ့အပြုအမူအတွက်ပရိသတ်များရဲ့ချီးကျူးခြင်းခံနေရပါတယ်။

ဖီးလစ်ဟာယူရို၂၀၂၀ပြိုင်ပွဲတွင်ဒက်လန်းရိုက်စ်နှင့်အင်္ဂလန်ကွင်းလယ်တွင်ခြေစွမ်းပြကစားခဲ့သူဖြစ်ပါတယ်။

ZawGyi




အာဆင်နယ်စတားဟာအင်္ဂလန်ရဲ့ပဉ္စမြောက်အဆုံးအဖြတ်ပင်နယ်တီကန်ခဲ့ရာမှာအီတလီဂိုးသမားဒွန်နာရမ်မာကကာကွယ်သွားခဲ့တာဖြစ်ပါတယ်။


