ပင်နယ်တီသာ မပါရင် ယခုနှစ် ပရီးမီးယားလိဂ်အမှတ်ပေးဇယား ဘယ်လို ဖြစ်နေမလဲ?

ယခုရာသီမှာပရီးမီးယားလိဂ်သာထည့်မတွက်ဘူးဆိုရင်မန်စီးတီးဟာမန်ယူနှင့်လီဗာပူးတို့ကိုကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာရပ်တည်နေပါလိမ့်မယ်။

လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားကိုဆိုးလ်ရှားရဲ့မန်ယူကလီဗာပူးကိုသုံးမှတ်ဖြတ်ကာဦးဆောင်ထားပါတယ်။မန်ယူဟာလာမယ့်တနင်္ဂနွေနေ့မှာအန်ဖီးလ်သို့သွားရောက်ပြီးလီဗာပူးနှင့်ရင်ဆိုင်ကစားရမှာဖြစ်ပြီးယင်းပွဲမှာအနိုင်ရရင်ခြောက်မှတ်အထိဖြတ်ထားလာနိုင်ပါမယ်။

မကြာသေးမီတုန်းကလီဗာပူးနည်းပြကလော့ပ်ကလီဗာပူးကိုသူကိုင်တွယ်တဲ့ငါးနှစ်ခွဲတာကာလမှာရရှိတဲ့ပင်နယ်တီ အရေအတွက်ထက်မန်ယူရဲ့နောက်ဆုံးနှစ်နှစ်ခွဲတာကာလပင်နယ်တီအရေအတွက်ကများပြားနေကြောင်းဝေဖန် ထောက်ပြမှုပြုလုပ်ခဲ့ပါတယ်။

လီဗာပူးကိုကလော့ပ်ကိုကိုင်တွယ်ပြီးနောက်ပိုင်းမှာမန်ယူဟာပင်နယ်တီ၄၂ကြိမ်အထိရရှိထားပြီးလီဗာပူးကတော့ ၁၉ကြိမ်ဘဲရရှိထားပါတယ်။

ယခုရာသီမှာလည်းမန်ယူဟာပြိုင်ပွဲအရပ်ရပ်မှာပင်နယ်တီခြောက်ကြိမ်ရထားပြီးလီဗာပူးကငါးကြိမ်ရရှိထားပါတယ်။

ဒါပေမယ့်ယခုနှစ်ပရီးမီးယားလိဂ်ရာသီကိုပင်နယ်တီမထည့်တွက်ဘဲရမှတ်တွက်ကြည့်မယ်ဆိုရင်လီဗာပူးကပိုမို နစ်နာလာပါမယ်။လီဗာပူးဟာပင်နယ်တီထည့်မတွက်ဘူးဆိုရင်ရမှတ်၇မှတ်နစ်နာလာမှာဖြစ်ပြီးပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၉နေရာသို့အထိဆင်းပေးရပါမယ်။

အခြားတစ်ဖက်မှာမန်ယူဟာလည်းပင်နယ်တီကိုသာထည့်မတွက်ဘူးဆိုရင်ရမှတ်၄မှတ်နစ်နာလာမှာဖြစ်ပြီးဒုတိယ နေရာသို့ဆင်းပေးရပါမယ်။မန်ယူဟာလာမယ့်တနင်္ဂနွေနေ့လီဗာပူးပွဲမှာရှုံးနိမ့်ရင်လည်းဆင်းပေးရမှာဖြစ်ပါတယ်။

စိတ်ဝင်စားဖို့ကောင်းတာကတော့ပင်နယ်တီကိုသာထည့်မတွက်ရင်မန်စီးတီးကတော့ရမှတ်၃မှတ်ပိုမိုရရှိလာမှာဖြစ်ပြီးအမှတ်ပေးဇယားထိပ်သို့တက်လှမ်းလာမှာဖြစ်ပါတယ်။အံ့ဩစရာကောင်းတာကတော့ယခုရာသီမှာပင်နယ်တီ ကိုးကြိမ်ဖြင့်ပင်နယ်တီအများဆုံးရရှိထားတဲ့လက်စတာဟာပင်နယ်တီကိုဖယ်ရှားလိုက်ရင်လည်းအမှတ်ပေးဇယား အဆင့်၄နေရာမှာဘဲဆက်လက်ရပ်တည်ထားနိုင်ပါမယ်။

ZawGyi

ပင္နယ္တီသာ မပါရင္ ယခုႏွစ္ ပရီးမီးယားလိဂ္အမွတ္ေပးဇယား ဘယ္လို ျဖစ္ေနမလဲ?

ယခုရာသီမွာပရီးမီးယားလိဂ္သာထည့္မတြက္ဘူးဆိုရင္မန္စီးတီးဟာမန္ယူႏွင့္လီဗာပူးတို႔ကိုေက်ာ္ျဖတ္ၿပီး ပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာရပ္တည္ေနပါလိမ့္မယ္။

လက္ရွိပရီးမီးယားလိဂ္အမွတ္ေပးဇယားကိုဆိုးလ္ရွားရဲ႕မန္ယူကလီဗာပူးကိုသုံးမွတ္ျဖတ္ကာဦးေဆာင္ထားပါတယ္။မန္ယူဟာလာမယ့္တနဂၤေႏြေန႔မွာအန္ဖီးလ္သို႔သြားေရာက္ၿပီးလီဗာပူးႏွင့္ရင္ဆိုင္ကစားရမွာျဖစ္ၿပီးယင္းပြဲမွာအႏိုင္ရရင္ေျခာက္မွတ္အထိျဖတ္ထားလာႏိုင္ပါမယ္။

မၾကာေသးမီတုန္းကလီဗာပူးနည္းျပကေလာ့ပ္ကလီဗာပူးကိုသူကိုင္တြယ္တဲ့ငါးႏွစ္ခြဲတာကာလမွာရရွိတဲ့ပင္နယ္တီ အေရအတြက္ထက္မန္ယူရဲ႕ေနာက္ဆုံးႏွစ္ႏွစ္ခြဲတာကာလပင္နယ္တီအေရအတြက္ကမ်ားျပားေနေၾကာင္းေဝဖန္ ေထာက္ျပမႈျပဳလုပ္ခဲ့ပါတယ္။

လီဗာပူးကိုကေလာ့ပ္ကိုကိုင္တြယ္ၿပီးေနာက္ပိုင္းမွာမန္ယူဟာပင္နယ္တီ၄၂ႀကိမ္အထိရရွိထားၿပီးလီဗာပူးကေတာ့ ၁၉ႀကိမ္ဘဲရရွိထားပါတယ္။

ယခုရာသီမွာလည္းမန္ယူဟာၿပိဳင္ပြဲအရပ္ရပ္မွာပင္နယ္တီေျခာက္ႀကိမ္ရထားၿပီးလီဗာပူးကငါးႀကိမ္ရရွိထားပါတယ္။

ဒါေပမယ့္ယခုႏွစ္ပရီးမီးယားလိဂ္ရာသီကိုပင္နယ္တီမထည့္တြက္ဘဲရမွတ္တြက္ၾကည့္မယ္ဆိုရင္လီဗာပူးကပိုမို နစ္နာလာပါမယ္။လီဗာပူးဟာပင္နယ္တီထည့္မတြက္ဘူးဆိုရင္ရမွတ္၇မွတ္နစ္နာလာမွာျဖစ္ၿပီးပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္၉ေနရာသို႔အထိဆင္းေပးရပါမယ္။

အျခားတစ္ဖက္မွာမန္ယူဟာလည္းပင္နယ္တီကိုသာထည့္မတြက္ဘူးဆိုရင္ရမွတ္၄မွတ္နစ္နာလာမွာျဖစ္ၿပီးဒုတိယ ေနရာသို႔ဆင္းေပးရပါမယ္။မန္ယူဟာလာမယ့္တနဂၤေႏြေန႔လီဗာပူးပြဲမွာရႈံးနိမ့္ရင္လည္းဆင္းေပးရမွာျဖစ္ပါတယ္။

စိတ္ဝင္စားဖို႔ေကာင္းတာကေတာ့ပင္နယ္တီကိုသာထည့္မတြက္ရင္မန္စီးတီးကေတာ့ရမွတ္၃မွတ္ပိုမိုရရွိလာမွာျဖစ္ၿပီးအမွတ္ေပးဇယားထိပ္သို႔တက္လွမ္းလာမွာျဖစ္ပါတယ္။အံ့ဩစရာေကာင္းတာကေတာ့ယခုရာသီမွာပင္နယ္တီ ကိုးႀကိမ္ျဖင့္ပင္နယ္တီအမ်ားဆုံးရရွိထားတဲ့လက္စတာဟာပင္နယ္တီကိုဖယ္ရွားလိုက္ရင္လည္းအမွတ္ေပးဇယား အဆင့္၄ေနရာမွာဘဲဆက္လက္ရပ္တည္ထားႏိုင္ပါမယ္။