ပင်နယ်တီအကြိမ် ၄၀ မကာကွယ်နိုင်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် ပင်နယ်တီကာကွယ်နိုင်ခဲ့တဲ့ ဒီဂီယာ

မန်ချက်စတာယူနိုက်တက်ဂိုးသမားဒေးဗစ်ဒီဂီယာဟာတနင်္ဂနွေနေ့တုန်းကဝက်စ်ဟမ်းနှင့်ပွဲစဉ်တွင်ပင်နယ်တီကာကွယ်နိုင်ခဲ့ပြီးနောက်၄၁ကြိမ်ပင်နယ်တီကာကွယ်ရာမှာပထမဆုံးအကြိမ်အဖြစ်ပင်နယ်တီကာကွယ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

စပိန်ဂိုးသမားဟာမနေ့ညတုန်းကဝက်စ်ဟမ်းအားမန်ယူက၂-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်ရဲ့ပွဲပြီးခါနီးအချိန်မှာမတ်နိုဘယ်ရဲ့ပင်နယ်တီကိုကာကွယ်ပြီးမန်ယူကိုအဖိုးတန်ရမှတ်၃မှတ်ရရှိအောင်ကူညီခဲ့တာလည်းဖြစ်ပါတယ်။

နာကျင်အချိန်ပိုတွင်ကွင်းလယ်ဒိုင်လူကြီးမာတင်အက်ကင်ဆင်ကပင်နယ်တီပေးလိုက်ပြီးနောက်ဝက်စ်ဟမ်းတို့သရေတစ်မှတ်ရရှိပြီလို့ယူဆခဲ့ရပါတယ်။

ဝက်စ်ဟမ်းနည်းပြမိုယက်စ်ဟာအသင်းခေါင်းဆောင်မတ်နိုဘယ်ဟာလူစားထည့်သွင်းပြီးပင်နယ်တီကန်စေခဲ့ပြီးဒီဂီယာကကာကွယ်ခဲ့ပါတယ်။

မတ်နိုဘယ်ဟာပင်နယ်တီမှတ်တမ်းကောင်းရှိသူဖြစ်ပြီးဒီဂီယာမှာပင်နယ်တီမကာကွယ်နိုင်ခဲ့တာကာလအတန်ကြာပြီဖြစ်ပြီးယင်းကာကွယ်မှုကြောင့်အားလုံးအံ့ဩသင့်ခဲ့ရပါတယ်။

နိုဘယ်ဟာမန်ယူပွဲမတိုင်မီပရီးမီးယားလိဂ်မှာပင်နယ်တီ၃၁ကြိမ်ကန်ခဲ့ရာမှာ၂၇ဂိုးဝင်အောင်သွင်းထားနိုင်ပြီး၈၇ရာခိုင်နှုန်းအောင်မြင်မှုရထားပါတယ်။

ဒီဂီယာကတော့ယင်းပင်နယ်တီမတိုင်မီကလပ်နှင့်နိုင်ငံအတွက်ပင်နယ်တီအကြိမ်၄၀ဆက်တိုက်ကာကွယ်နိုင်ခဲ့ခြင်းမရှိပါဘူး။ဒီဂီယာရဲ့နာမည်ကျော်ပင်နယ်တီမကာကွယ်နိုင်မှုမှာဗီလာရီးရဲလ်နှင့်ယူရိုပါလိဂ်ဗိုလ်လုပွဲမှာပင်နယ်တီ၁၁ကြိမ်ဆက်တိုက်မကာကွယ်နိုင်ခဲ့တာပါ။

ဒီဂီယာနောက်ဆုံးအကြိမ်ပင်နယ်တီကာကွယ်ခဲ့တာ၂၀၁၆ခုနှစ်၊ဧပြီလတုန်းကအဲဗာတန်တိုက်စစ်မှူးလူကာကူရဲ့ပင်နယ်တီကိုကာကွယ်ခဲ့တာပါ။ဒါ့အပြင်ဒီဂီယာအတွက်နောက်ဆုံးအကြိမ်ပရီးမီးယားလိဂ်မှာပင်နယ်တီကာကွယ်ခဲ့တာ၂၀၁၄ခုနှစ်၊အောက်တိုဘာလတုန်းကအဲဗာတန်ရဲ့လေတန်ဘိန်းစ်ရဲ့ပင်နယ်တီကာကွယ်ခဲ့တာဖြစ်လို့ပရီးမီးယားလိဂ်မှာပင်နယ်တီကာကွယ်နိုင်ဖို့အတွက်၇နှစ်နီးပါးအချိန်ယူခဲ့ရပါတယ်။

ပင်နယ်တီကာကွယ်နိုင်မှုနဲ့ပတ်သက်ပြီးဒီဂီယာက “ရိုက်စ်ကိုဘောလုံးနဲ့မြင်လိုက်ရတော့ သူကန်မယ်လို့ထင်ခဲ့တယ်။နောက်တော့နိုဘယ်ကိုတွေ့လိုက်တယ်။ပွဲရဲ့နောက်ဆုံးမိနစ်ပါ။ပြီးတော့ကျွန်တော်ကာကွယ်နိုင်ခဲ့တယ်။အရေးပါတဲ့သုံးမှတ်ပါ”လို့ပြောကြားသွားပါတယ်။

ZawGyi

ပင္နယ္တီအႀကိမ္ ၄၀ မကာကြယ္ႏိုင္ခဲ့ၿပီးေနာက္ ပထမဆုံးအႀကိမ္ ပင္နယ္တီကာကြယ္ႏိုင္ခဲ့တဲ့ ဒီဂီယာ

မန္ခ်က္စတာယူႏိုက္တက္ဂိုးသမားေဒးဗစ္ဒီဂီယာဟာတနဂၤေႏြေန႔တုန္းကဝက္စ္ဟမ္းႏွင့္ပြဲစဥ္တြင္ပင္နယ္တီကာကြယ္ႏိုင္ခဲ့ၿပီးေနာက္၄၁ႀကိမ္ပင္နယ္တီကာကြယ္ရာမွာပထမဆုံးအႀကိမ္အျဖစ္ပင္နယ္တီကာကြယ္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

စပိန္ဂိုးသမားဟာမေန႔ညတုန္းကဝက္စ္ဟမ္းအားမန္ယူက၂-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္ရဲ႕ပြဲၿပီးခါနီးအခ်ိန္မွာမတ္ႏိုဘယ္ရဲ႕ပင္နယ္တီကိုကာကြယ္ၿပီးမန္ယူကိုအဖိုးတန္ရမွတ္၃မွတ္ရရွိေအာင္ကူညီခဲ့တာလည္းျဖစ္ပါတယ္။

နာက်င္အခ်ိန္ပိုတြင္ကြင္းလယ္ဒိုင္လူႀကီးမာတင္အက္ကင္ဆင္ကပင္နယ္တီေပးလိုက္ၿပီးေနာက္ဝက္စ္ဟမ္းတို႔သေရတစ္မွတ္ရရွိၿပီလို႔ယူဆခဲ့ရပါတယ္။

ဝက္စ္ဟမ္းနည္းျပမိုယက္စ္ဟာအသင္းေခါင္းေဆာင္မတ္ႏိုဘယ္ဟာလူစားထည့္သြင္းၿပီးပင္နယ္တီကန္ေစခဲ့ၿပီးဒီဂီယာကကာကြယ္ခဲ့ပါတယ္။

မတ္ႏိုဘယ္ဟာပင္နယ္တီမွတ္တမ္းေကာင္းရွိသူျဖစ္ၿပီးဒီဂီယာမွာပင္နယ္တီမကာကြယ္ႏိုင္ခဲ့တာကာလအတန္ၾကာၿပီျဖစ္ၿပီးယင္းကာကြယ္မႈေၾကာင့္အားလုံးအံ့ဩသင့္ခဲ့ရပါတယ္။

ႏိုဘယ္ဟာမန္ယူပြဲမတိုင္မီပရီးမီးယားလိဂ္မွာပင္နယ္တီ၃၁ႀကိမ္ကန္ခဲ့ရာမွာ၂၇ဂိုးဝင္ေအာင္သြင္းထားႏိုင္ၿပီး၈၇ရာခိုင္ႏႈန္းေအာင္ျမင္မႈရထားပါတယ္။

ဒီဂီယာကေတာ့ယင္းပင္နယ္တီမတိုင္မီကလပ္ႏွင့္ႏိုင္ငံအတြက္ပင္နယ္တီအႀကိမ္၄၀ဆက္တိုက္ကာကြယ္ႏိုင္ခဲ့ျခင္းမရွိပါဘူး။ဒီဂီယာရဲ႕နာမည္ေက်ာ္ပင္နယ္တီမကာကြယ္ႏိုင္မႈမွာဗီလာရီးရဲလ္ႏွင့္ယူ႐ိုပါလိဂ္ဗိုလ္လုပြဲမွာပင္နယ္တီ၁၁ႀကိမ္ဆက္တိုက္မကာကြယ္ႏိုင္ခဲ့တာပါ။

ဒီဂီယာေနာက္ဆုံးအႀကိမ္ပင္နယ္တီကာကြယ္ခဲ့တာ၂၀၁၆ခုႏွစ္၊ဧၿပီလတုန္းကအဲဗာတန္တိုက္စစ္မႉးလူကာကူရဲ႕ပင္နယ္တီကိုကာကြယ္ခဲ့တာပါ။ဒါ့အျပင္ဒီဂီယာအတြက္ေနာက္ဆုံးအႀကိမ္ပရီးမီးယားလိဂ္မွာပင္နယ္တီကာကြယ္ခဲ့တာ၂၀၁၄ခုႏွစ္၊ေအာက္တိုဘာလတုန္းကအဲဗာတန္ရဲ႕ေလတန္ဘိန္းစ္ရဲ႕ပင္နယ္တီကာကြယ္ခဲ့တာျဖစ္လို႔ပရီးမီးယားလိဂ္မွာပင္နယ္တီကာကြယ္ႏိုင္ဖို႔အတြက္၇ႏွစ္နီးပါးအခ်ိန္ယူခဲ့ရပါတယ္။

ပင္နယ္တီကာကြယ္ႏိုင္မႈနဲ႔ပတ္သက္ၿပီးဒီဂီယာက “႐ိုက္စ္ကိုေဘာလုံးနဲ႔ျမင္လိုက္ရေတာ့ သူကန္မယ္လို႔ထင္ခဲ့တယ္။ေနာက္ေတာ့ႏိုဘယ္ကိုေတြ႕လိုက္တယ္။ပြဲရဲ႕ေနာက္ဆုံးမိနစ္ပါ။ၿပီးေတာ့ကြၽန္ေတာ္ကာကြယ္ႏိုင္ခဲ့တယ္။အေရးပါတဲ့သုံးမွတ္ပါ”လို႔ေျပာၾကားသြားပါတယ္။