ပင်နယ်တီအဆုံးအဖြတ်မတိုင်မီ ဒီဂီယာကိုလူစားလဲရန် စဉ်းစားခဲ့ကြောင်း ဆိုးလ်ရှားဖွင့်ဟ

အိုလီဂန်းနားဆိုးလ်ရှားကဗီလာရီးရဲလ်အားပင်နယ်တီအဆုံးအဖြတ်ဖြင့်မရှုံးနိမ့်မီဒေးဗစ်ဒီဂီယာအားဒိန်းဟင်ဒါဆင်နှင့်လူစားလဲလှယ်ရန်စဉ်းစားခဲ့သေးကြောင်းဖွင့်ဟပြောကြားသွားပါတယ်။

စပိန်လက်ရွေးစင်ဂိုးသမားဒီဂီယာဟာဗီလာရီးရဲလ်နှင့်ယူရိုပါလိဂ်ဗိုလ်လုပွဲတွင်ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာမှာပင်နယ်တီ၁၁ကြိမ်လုံးအားကာကွယ်နိုင်ခဲ့ခြင်းမရှိပါဘူး။ဒီဂီယာဟာဗီလာရီးရဲလ်ရဲ့ပင်နယ်တီ၁၁ကြိမ်အားမကာကွယ်နိုင်ခဲ့မှုနဲ့အတူပင်နယ်တီ၃၇ကြိမ်ဆက်တိုက်မကာကွယ်နိုင်တဲ့ကစားသမားဖြစ်လာခဲ့ပါတယ်။

ယခုအခါဆိုးလ်ရှားကပင်နယ်တီအဆုံးအဖြတ်မခံယူမီဒီဂီယာကိုလူစားလဲလှယ်ရန်စဉ်းစားခဲ့သော်လည်း၎င်းအပေါ်တွင်ယုံကြည်မှုရှိကာလူစားလဲလှယ်မှုမပြုလုပ်ခဲ့ကြောင်းဆိုသွားပါတယ်။

ဆိုးလ်ရှားက “ဖြစ်နိုင်ခြေရှိတာအားလုံးကိုစဉ်းစားပါတယ်။ဟင်ဒါဆင်ကိုထည့်သွင်းဖို့လည်းစဉ်းစားခဲ့ပါတယ်။ဒါပေမယ့်ဒီဂီယာကိုယုံကြည်ခဲ့သလိုသူနဲ့ပဲပြင်ဆင်ခဲ့တာပါ။ပင်နယ်တီအဆုံးအဖြတ်မှာဘာမဆိုဖြစ်နိုင်ပါတယ်။ပွဲချိန်ပြည့်ကစားလာတဲ့သူအပေါ်ယုံကြည်တာအမှန်ဆုံးပါ”လို့ပြောကြားသွားပါတယ်။

ZawGyi

ပင္နယ္တီအဆုံးအျဖတ္မတိုင္မီ ဒီဂီယာကိုလူစားလဲရန္ စဥ္းစားခဲ့ေၾကာင္း ဆိုးလ္ရွားဖြင့္ဟ

အိုလီဂန္းနားဆိုးလ္ရွားကဗီလာရီးရဲလ္အားပင္နယ္တီအဆုံးအျဖတ္ျဖင့္မရႈံးနိမ့္မီေဒးဗစ္ဒီဂီယာအားဒိန္းဟင္ဒါဆင္ႏွင့္လူစားလဲလွယ္ရန္စဥ္းစားခဲ့ေသးေၾကာင္းဖြင့္ဟေျပာၾကားသြားပါတယ္။

စပိန္လက္ေ႐ြးစင္ဂိုးသမားဒီဂီယာဟာဗီလာရီးရဲလ္ႏွင့္ယူ႐ိုပါလိဂ္ဗိုလ္လုပြဲတြင္ပင္နယ္တီအဆုံးအျဖတ္ခံယူခဲ့ရာမွာပင္နယ္တီ၁၁ႀကိမ္လုံးအားကာကြယ္ႏိုင္ခဲ့ျခင္းမရွိပါဘူး။ဒီဂီယာဟာဗီလာရီးရဲလ္ရဲ႕ပင္နယ္တီ၁၁ႀကိမ္အားမကာကြယ္ႏိုင္ခဲ့မႈနဲ႔အတူပင္နယ္တီ၃၇ႀကိမ္ဆက္တိုက္မကာကြယ္ႏိုင္တဲ့ကစားသမားျဖစ္လာခဲ့ပါတယ္။

ယခုအခါဆိုးလ္ရွားကပင္နယ္တီအဆုံးအျဖတ္မခံယူမီဒီဂီယာကိုလူစားလဲလွယ္ရန္စဥ္းစားခဲ့ေသာ္လည္း၎အေပၚတြင္ယုံၾကည္မႈရွိကာလူစားလဲလွယ္မႈမျပဳလုပ္ခဲ့ေၾကာင္းဆိုသြားပါတယ္။

ဆိုးလ္ရွားက “ျဖစ္ႏိုင္ေျခရွိတာအားလုံးကိုစဥ္းစားပါတယ္။ဟင္ဒါဆင္ကိုထည့္သြင္းဖို႔လည္းစဥ္းစားခဲ့ပါတယ္။ဒါေပမယ့္ဒီဂီယာကိုယုံၾကည္ခဲ့သလိုသူနဲ႔ပဲျပင္ဆင္ခဲ့တာပါ။ပင္နယ္တီအဆုံးအျဖတ္မွာဘာမဆိုျဖစ္ႏိုင္ပါတယ္။ပြဲခ်ိန္ျပည့္ကစားလာတဲ့သူအေပၚယုံၾကည္တာအမွန္ဆုံးပါ”လို႔ေျပာၾကားသြားပါတယ္။