ပင်နယ်တီအတင်းကန်ဖို့လုပ်တဲ့ ရီချာလီဆင်ကို အဲဗာတန်ကစားသမားများ ဝိုင်းဝန်း တားဆီးခဲ့

မနေ့ညတုန်းကဘရိုက်တန်အားအဲဗာတန်က၂-၀ဂိုးဖြင့်အနိုင်ရရှိပွဲမှာပင်နယ်တီကန်ခွင့်နှင့်ပတ်သက်ပြီးဒိုမီနစ်ရီချာလီဆင်နဲ့ကယ်ဗတ်လီဝင်းတို့အကြားပြဿနာတက်ခဲ့ပါတယ်။

အဲဗာတန်ဟာမနေ့ညတုန်းကအဝေးကွင်းမှာဘရိုက်တန်ကို၂-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ယင်းပွဲရဲ့ဒုတိယပိုင်းမှာအဲဗာတန်တို့ပင်နယ်တီရရှိခဲ့ပါတယ်။ရီချာလီဆင်ဟာချက်ချင်းပင်ဘောလုံးကိုကောက်ယူပြီးပင်နယ်တီကန်ရန်ပြင်ခဲ့ပါတယ်။

ဒါပေမယ့်ချက်ချင်းပင်အဲဗာတန်အသင်းခေါင်းဆောင်ဆီးကပ်စ်ကိုးလ်မန်းကရီချာလီဆင်ကိုဆွဲခေါ်ကာပင်နယ်တီအားမကန်ဘဲဦးစားပေးပင်နယ်တီကန်သူကယ်ဗတ်လီဝင်းအားကန်ခွင့်ပေးရန်ပြောဆိုခဲ့ပါတယ်။

ယင်းနောက်တွင်အင်ဒရို့စ်တောင်းဆင့်၊အယ်လန်စတဲ့အခြားအဲဗာတန်ကစားသမားများကလည်းဒေါသထွက်နေတဲ့ရီချာလီဆင်ကိုပင်နယ်တီလက်လျှော့ရန်ဖိအားပေးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့အပတ်တုန်းကလိဒ်နှင့်သရေကျတဲ့ပွဲတွင်ပင်နယ်တီကနေဂိုးသွင်းခဲ့တဲ့ကယ်ဗတ်လီဝင်းဟာယင်းပင်နယ်တီကိုအမှားအယွင်းကန်သွင်းခဲ့ပါတယ်။

ကယ်ဗတ်လီဝင်းနှင့်အဲဗာတန်ကစားသမားများ အောင်ပွဲခံနေချိန်တွင်ဘရာဇီးစတားရီချာလီဆင်ဟာလုံးဝမကြည့်ဘဲဒေါသထွက်နေတာတွေ့ရပါတယ်။

ကယ်ဗတ်လီဝင်းဟာအဲဗာတန်ရဲ့ဦးစားပေးပင်နယ်တီကန်သွင်းယူသူဖြစ်ပါတယ်။

ZawGyi

ပင္နယ္တီအတင္းကန္ဖို႔လုပ္တဲ့ ရီခ်ာလီဆင္ကို အဲဗာတန္ကစားသမားမ်ား ဝိုင္းဝန္း တားဆီးခဲ့

မေန႔ညတုန္းကဘ႐ိုက္တန္အားအဲဗာတန္က၂-၀ဂိုးျဖင့္အႏိုင္ရရွိပြဲမွာပင္နယ္တီကန္ခြင့္ႏွင့္ပတ္သက္ၿပီးဒိုမီနစ္ရီခ်ာလီဆင္နဲ႔ကယ္ဗတ္လီဝင္းတို႔အၾကားျပႆနာတက္ခဲ့ပါတယ္။

အဲဗာတန္ဟာမေန႔ညတုန္းကအေဝးကြင္းမွာဘ႐ိုက္တန္ကို၂-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

ယင္းပြဲရဲ႕ဒုတိယပိုင္းမွာအဲဗာတန္တို႔ပင္နယ္တီရရွိခဲ့ပါတယ္။ရီခ်ာလီဆင္ဟာခ်က္ခ်င္းပင္ေဘာလုံးကိုေကာက္ယူၿပီးပင္နယ္တီကန္ရန္ျပင္ခဲ့ပါတယ္။

ဒါေပမယ့္ခ်က္ခ်င္းပင္အဲဗာတန္အသင္းေခါင္းေဆာင္ဆီးကပ္စ္ကိုးလ္မန္းကရီခ်ာလီဆင္ကိုဆြဲေခၚကာပင္နယ္တီအားမကန္ဘဲဦးစားေပးပင္နယ္တီကန္သူကယ္ဗတ္လီဝင္းအားကန္ခြင့္ေပးရန္ေျပာဆိုခဲ့ပါတယ္။

ယင္းေနာက္တြင္အင္ဒ႐ို႕စ္ေတာင္းဆင့္၊အယ္လန္စတဲ့အျခားအဲဗာတန္ကစားသမားမ်ားကလည္းေဒါသထြက္ေနတဲ့ရီခ်ာလီဆင္ကိုပင္နယ္တီလက္ေလွ်ာ့ရန္ဖိအားေပးခဲ့ၾကပါတယ္။

ၿပီးခဲ့တဲ့အပတ္တုန္းကလိဒ္ႏွင့္သေရက်တဲ့ပြဲတြင္ပင္နယ္တီကေနဂိုးသြင္းခဲ့တဲ့ကယ္ဗတ္လီဝင္းဟာယင္းပင္နယ္တီကိုအမွားအယြင္းကန္သြင္းခဲ့ပါတယ္။

ကယ္ဗတ္လီဝင္းႏွင့္အဲဗာတန္ကစားသမားမ်ား ေအာင္ပြဲခံေနခ်ိန္တြင္ဘရာဇီးစတားရီခ်ာလီဆင္ဟာလုံးဝမၾကည့္ဘဲေဒါသထြက္ေနတာေတြ႕ရပါတယ္။

ကယ္ဗတ္လီဝင္းဟာအဲဗာတန္ရဲ႕ဦးစားေပးပင္နယ္တီကန္သြင္းယူသူျဖစ္ပါတယ္။