ပင်နယ်တီ လုကန်ပြီး မဝင်လို့ ဆောက်ဂိတ်ရဲ့ဒေါသနဲ့ရင်ဆိုင်ရတော့မယ့် ဟင်ဒါဆင်

အင်္ဂလန်နည်းပြဂရေမီဆောက်ဂိတ်ကတနင်္ဂနွေနေ့တုန်းကရိုမေးနီးယားနှင့်ပွဲစဉ်တွင်ဖြစ်ပျက်ခဲ့တဲ့ပင်နယ်တီလုကန်တဲ့အဖြစ်အပျက်မျိုးနောင်တွင်မဖြစ်စေရန်အင်္ဂလန်ဒုတိယအသင်းခေါင်းဆောင်ဂျော်ဒန်ဟင်ဒါဆင်အားအပြင်းအထန်သတိပေးလိုက်ပါတယ်။

အင်္ဂလန်ဟာတနင်္ဂနွေနေ့တုန်းကယူရို၂၀၂၀ပြိုင်ပွဲအတွက်ပြင်ဆင်တဲ့နောက်ဆုံးပွဲအဖြစ်ရိုမေးနီးယားနှင့်ခြေစမ်းခဲ့ပြီးမားကပ်စ်ရပ်ရှ်ဖို့ဒ်ကအသင်းခေါင်းဆောင်အဖြစ်ပထမဆုံးအကြိမ်ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ရပ်ရှ်ဖို့ဒ်ဟာယင်းပွဲတွင်တစ်လုံးတည်းသောအနိုင်ဂိုးကိုပင်နယ်တီမှသွင်းယူနိုင်ခဲ့သော်လည်းဟင်ဒါဆင်ကဒုတိယမြောက်ရရှိတဲ့ပင်နယ်တီကိုလွဲချော်ခဲ့ပါတယ်။

ဂရေမီဆောက်ဂိတ်ကဟင်ဒါဆင်မှာပင်နယ်တီကန်သွင်းရန်ခွင့်ပြုချက်ရရှိထားသူမဟုတ်ကြောင်းလည်းပြောကြားသွားပါတယ်။

ရိုမေးနီးယားနှင့်ပွဲတွင်ဒုတိယမြောက်ပင်နယ်တီရရှိချိန်တွင်ပင်နယ်တီကန်ရန်ဦးစားပေးအဖြစ်သတ်မှတ်ခံထားရတဲ့ရပ်ရှ်ဖို့ဒ်နှင့်ဂျိမ်းစ်ဝတ်စ်ပရောက်စ်တို့ကလူစားလဲခြင်းခံထားရပြီးတတိယဦးစားပေးဒိုမီနစ်ကယ်ဗတ်လီဝင်းကကန်ရန်ပြင်ခဲ့ပါတယ်။ဒါပေမယ့်အင်္ဂလန်အတွက်တစ်ကြိမ်မျှဂိုးသွင်းခဲ့ဖူးခြင်းမရှိတဲ့ဟင်ဒါဆင်ကအဲဗာတန်တိုက်စစ်မှူးထံမှဘောလုံးကိုရယူကာကန်သွင်းခဲ့ပါဘူး။ဒါပေမယ့်ဟင်ဒါဆင်ရဲ့ကန်သွင်းမှုကိုရိုမေးနီးယားဂိုးသမားကကာကွယ်သွားခဲ့ပါတယ်။

ဆောက်ဂိတ်က “ပင်နယ်တီအခြေအနေနဲ့ပတ်သက်ပြီးမဖြေရှင်းနိုင်ခဲ့ဘူး။မားကပ်စ်နဲ့ဂျိမ်းစ်တို့ကပွဲစကတည်းကဦးစားပေးကန်သွင်းသူတွေပါ။သူတို့နှစ်ဦးလုံးလူစားလဲလိုက်တယ်။ဒီအခြေအနေမှာဒိုမီနစ်ကန်မယ်လို့ထင်ခဲ့တာ။ဒါပေမယ့်ဟင်ဒိုကကွင်းထဲမှာအသင်းခေါင်းဆောင်ပါ။သူကဘဲဆုံးဖြတ်ပါလိမ့်မယ်။ကျွန်တော်သာဒိုမီနစ်လိုတိုက်စစ်မှူးတစ်ဦးဆိုရင်တော့အလွယ်တကူပေးလိုက်မှာမဟုတ်ပါဘူး။ဒီလိုဖြစ်လာမယ်လို့လုံးဝမထင်ခဲ့ဘူး။နောက်ထပ်ဖြစ်လာမယ်လို့လည်းမထင်ဘူး။နောက်တစ်ကြိမ်ကျရင်အသေအချာစာရင်းချထားပါမယ်”လို့ပြောကြားသွားပါတယ်။

ဟင်ဒါဆင်ဟာဒုတိယပိုင်းမှာလူစားဝင်ရောက်ကစားလာခဲ့တာဖြစ်ပါတယ်။သူဟာဖေဖော်ဝါရီလ၂၀ရက်နေ့တုန်းကအဲဗာတန်နှင့်ပွဲနောက်ပိုင်းတွင်ဒဏ်ရာကြောင့်ကာလရှည်နားနေခဲ့ရပြီးပထမဆုံးအကြိမ်ပွဲကစားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

မန်ယူအသင်းခေါင်းဆောင်ဟောင်းရွိုင်ကိန်းကတော့အဲဗာတန်တိုက်စစ်မှူးဒိုမီနစ်ကယ်လ်ဗတ်လီဝင်းဟာပင်နယ်တီကန်ခွင့်အတွက်ဟင်ဒါဆင်ကိုတိုက်ပွဲမဝင်ခဲ့မှုအပေါ်အပြင်းအထန်ဝေဖန်သွားခဲ့ပါတယ်။

ZawGyi

ပင္နယ္တီ လုကန္ၿပီး မဝင္လို႔ ေဆာက္ဂိတ္ရဲ႕ေဒါသနဲ႔ရင္ဆိုင္ရေတာ့မယ့္ ဟင္ဒါဆင္

အဂၤလန္နည္းျပဂေရမီေဆာက္ဂိတ္ကတနဂၤေႏြေန႔တုန္းက႐ိုေမးနီးယားႏွင့္ပြဲစဥ္တြင္ျဖစ္ပ်က္ခဲ့တဲ့ပင္နယ္တီလုကန္တဲ့အျဖစ္အပ်က္မ်ိဳးေနာင္တြင္မျဖစ္ေစရန္အဂၤလန္ဒုတိယအသင္းေခါင္းေဆာင္ေဂ်ာ္ဒန္ဟင္ဒါဆင္အားအျပင္းအထန္သတိေပးလိုက္ပါတယ္။

အဂၤလန္ဟာတနဂၤေႏြေန႔တုန္းကယူ႐ို၂၀၂၀ၿပိဳင္ပြဲအတြက္ျပင္ဆင္တဲ့ေနာက္ဆုံးပြဲအျဖစ္႐ိုေမးနီးယားႏွင့္ေျခစမ္းခဲ့ၿပီးမားကပ္စ္ရပ္ရွ္ဖို႔ဒ္ကအသင္းေခါင္းေဆာင္အျဖစ္ပထမဆုံးအႀကိမ္ခန႔္အပ္ျခင္းခံခဲ့ရပါတယ္။ရပ္ရွ္ဖို႔ဒ္ဟာယင္းပြဲတြင္တစ္လုံးတည္းေသာအႏိုင္ဂိုးကိုပင္နယ္တီမွသြင္းယူႏိုင္ခဲ့ေသာ္လည္းဟင္ဒါဆင္ကဒုတိယေျမာက္ရရွိတဲ့ပင္နယ္တီကိုလြဲေခ်ာ္ခဲ့ပါတယ္။

ဂေရမီေဆာက္ဂိတ္ကဟင္ဒါဆင္မွာပင္နယ္တီကန္သြင္းရန္ခြင့္ျပဳခ်က္ရရွိထားသူမဟုတ္ေၾကာင္းလည္းေျပာၾကားသြားပါတယ္။

႐ိုေမးနီးယားႏွင့္ပြဲတြင္ဒုတိယေျမာက္ပင္နယ္တီရရွိခ်ိန္တြင္ပင္နယ္တီကန္ရန္ဦးစားေပးအျဖစ္သတ္မွတ္ခံထားရတဲ့ရပ္ရွ္ဖို႔ဒ္ႏွင့္ဂ်ိမ္းစ္ဝတ္စ္ပေရာက္စ္တို႔ကလူစားလဲျခင္းခံထားရၿပီးတတိယဦးစားေပးဒိုမီနစ္ကယ္ဗတ္လီဝင္းကကန္ရန္ျပင္ခဲ့ပါတယ္။ဒါေပမယ့္အဂၤလန္အတြက္တစ္ႀကိမ္မွ်ဂိုးသြင္းခဲ့ဖူးျခင္းမရွိတဲ့ဟင္ဒါဆင္ကအဲဗာတန္တိုက္စစ္မႉးထံမွေဘာလုံးကိုရယူကာကန္သြင္းခဲ့ပါဘူး။ဒါေပမယ့္ဟင္ဒါဆင္ရဲ႕ကန္သြင္းမႈကို႐ိုေမးနီးယားဂိုးသမားကကာကြယ္သြားခဲ့ပါတယ္။

ေဆာက္ဂိတ္က “ပင္နယ္တီအေျခအေနနဲ႔ပတ္သက္ၿပီးမေျဖရွင္းႏိုင္ခဲ့ဘူး။မားကပ္စ္နဲ႔ဂ်ိမ္းစ္တို႔ကပြဲစကတည္းကဦးစားေပးကန္သြင္းသူေတြပါ။သူတို႔ႏွစ္ဦးလုံးလူစားလဲလိုက္တယ္။ဒီအေျခအေနမွာဒိုမီနစ္ကန္မယ္လို႔ထင္ခဲ့တာ။ဒါေပမယ့္ဟင္ဒိုကကြင္းထဲမွာအသင္းေခါင္းေဆာင္ပါ။သူကဘဲဆုံးျဖတ္ပါလိမ့္မယ္။ကြၽန္ေတာ္သာဒိုမီနစ္လိုတိုက္စစ္မႉးတစ္ဦးဆိုရင္ေတာ့အလြယ္တကူေပးလိုက္မွာမဟုတ္ပါဘူး။ဒီလိုျဖစ္လာမယ္လို႔လုံးဝမထင္ခဲ့ဘူး။ေနာက္ထပ္ျဖစ္လာမယ္လို႔လည္းမထင္ဘူး။ေနာက္တစ္ႀကိမ္က်ရင္အေသအခ်ာစာရင္းခ်ထားပါမယ္”လို႔ေျပာၾကားသြားပါတယ္။

ဟင္ဒါဆင္ဟာဒုတိယပိုင္းမွာလူစားဝင္ေရာက္ကစားလာခဲ့တာျဖစ္ပါတယ္။သူဟာေဖေဖာ္ဝါရီလ၂၀ရက္ေန႔တုန္းကအဲဗာတန္ႏွင့္ပြဲေနာက္ပိုင္းတြင္ဒဏ္ရာေၾကာင့္ကာလရွည္နားေနခဲ့ရၿပီးပထမဆုံးအႀကိမ္ပြဲကစားႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

မန္ယူအသင္းေခါင္းေဆာင္ေဟာင္း႐ြိဳင္ကိန္းကေတာ့အဲဗာတန္တိုက္စစ္မႉးဒိုမီနစ္ကယ္လ္ဗတ္လီဝင္းဟာပင္နယ္တီကန္ခြင့္အတြက္ဟင္ဒါဆင္ကိုတိုက္ပြဲမဝင္ခဲ့မႈအေပၚအျပင္းအထန္ေဝဖန္သြားခဲ့ပါတယ္။