ပစ္စည်းပေါင် ၄၀၀၀ ဖိုးနဲ့အတူ မိလို့ စွဲချက်တင်ခံလာရတဲ့ ဆဲလ်တစ်တိုက်စစ်မှူးဟောင်း

ဆဲလ်တစ်တိုက်စစ်မှူးဟောင်းအန်တိုနီစတုတ်ဟာရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက်သူ့ကားအတွင်းတွင်ပေါင်၄၀၀၀ဖိုးတန်ဖိုးရှိကိုကင်းများစွာတွေ့ရှိရပြီးနောက်စွဲချက်တင်ခြင်းခံလာရပါတယ်။

အသက်၃၄နှစ်ရှိတိုက်စစ်မှူးဟောင်းဟာမွေးရပ်မြေဒဗ္ဗလင်တွင်ကားအမြန်မောင်းမှုကြောင့်ရဲတပ်ဖွဲ့ကားရဲ့နောက်ကလိုက်ခြင်းခံခဲ့ရပြီးနောက်ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ဝင်များဟာသူ့ကားကိုရှာဖွေရာမှာအဖြူရောင်အမှုန့်အထုတ်တစ်ထုတ်ဖမ်းဆီးမိခဲ့တာလည်းဖြစ်ပါတယ်။

ဆဲလ်တစ်စတားဟောင်းဟာမူးယစ်ဆေးမှုအပြင်အန္တရာယ်ရှိတဲ့ယာဉ်မောင်းနှင်မှုဖြင့်လည်းစွဲချက်တင်ခြင်းခံထားရပြီဖြစ်ပါတယ်။

ZawGyi




