ပညာသားပါပါ အဆုံးသတ်ပြီး ဘာစီလိုနာကို ကလဲ့စားချေခဲ့တဲ့ ရောဘတ်လီဝန်ဒေါ့စကီး

နောက်ဆုံးမှာတော့ရောဘတ်လီဝန်ဒေါ့စကီးဟာလွန်ခဲ့တဲ့ခြောက်နှစ်တုန်းကလီယွန်နယ်မက်ဆီကသူ့ကစားဖော်တစ်ဦးကိုအရှက်တကွဲဖြစ်အောင်လုပ်ပြီးဂိုးသွင်းခဲ့မှုအပေါ် ပြန်လည်ကလဲ့စားချေမှုပြုလုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

လီဝန်ဒေါ့စကီးဟာဘာစီလိုနာပင်နယ်တီဧရိယာထဲမှာဘောလုံးရရှိပြီးနောက်ချက်ချင်းကန်သွင်းမှုမပြုလုပ်သေးဘဲဘာစီလိုနာနောက်ခံလူဂါရတ်ပီကေးကိုလှည့်စားလိမ်ခေါက်မှုပြုလုပ်ခဲ့ပါတယ်။ပီကေးဟာလီဝန်ဒေါ့စကီးကိုလှဲချပြီးလျောထိုးဖျက်ဖို့ကြိုးစားပေမယ့်ပိုလန်တိုက်စစ်မှူးကဘေးသို့ဘောလုံးထုတ်ကာကန်သွင်းခဲ့ပါတယ်။

ပြီးခဲ့တဲ့၂၀၁၅ခုနှစ်တုန်းကမက်ဆီဟာလည်းဘိုင်ယန်မြူးနစ်နှင့်ချန်ပီယံလိဂ်ပွဲစဉ်မှာလှည့်ကွက်များအသုံးပြုကာနောက်ခံလူဘိုတန်းကိုအရှက်တကွဲလဲကျအောင်ပြုလုပ်ခဲ့ပါတယ်။

ယခုပီကေးဟာလည်းဘိုတန်းကဲ့သို့အဖြစ်မျိုးကြုံတွေ့ခဲ့ရပါတယ်။

လီဝန်ဒေါ့စကီးဟာဘာစီလိုနာအား၃-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာ၂ဂိုးသွင်းယူနိုင်ခဲ့ပြီး၁၈ပွဲဆက်တိုက်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။လီဝန်ဒေါ့စကီးဟာယင်း၁၈ပွဲဆက်ဂိုးသွင်းရာမှာစုစုပေါင်းဂိုး၂၉ဂိုးအထိသွင်းယူခဲ့တာလည်းဖြစ်ပါတယ်။

ZawGyi

ပညာသားပါပါ အဆုံးသတ္ၿပီး ဘာစီလိုနာကို ကလဲ့စားေခ်ခဲ့တဲ့ ေရာဘတ္လီဝန္ေဒါ့စကီး

ေနာက္ဆုံးမွာေတာ့ေရာဘတ္လီဝန္ေဒါ့စကီးဟာလြန္ခဲ့တဲ့ေျခာက္ႏွစ္တုန္းကလီယြန္နယ္မက္ဆီကသူ႔ကစားေဖာ္တစ္ဦးကိုအရွက္တကြဲျဖစ္ေအာင္လုပ္ၿပီးဂိုးသြင္းခဲ့မႈအေပၚ ျပန္လည္ကလဲ့စားေခ်မႈျပဳလုပ္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

လီဝန္ေဒါ့စကီးဟာဘာစီလိုနာပင္နယ္တီဧရိယာထဲမွာေဘာလုံးရရွိၿပီးေနာက္ခ်က္ခ်င္းကန္သြင္းမႈမျပဳလုပ္ေသးဘဲဘာစီလိုနာေနာက္ခံလူဂါရတ္ပီေကးကိုလွည့္စားလိမ္ေခါက္မႈျပဳလုပ္ခဲ့ပါတယ္။ပီေကးဟာလီဝန္ေဒါ့စကီးကိုလွဲခ်ၿပီးေလ်ာထိုးဖ်က္ဖို႔ႀကိဳးစားေပမယ့္ပိုလန္တိုက္စစ္မႉးကေဘးသို႔ေဘာလုံးထုတ္ကာကန္သြင္းခဲ့ပါတယ္။

ၿပီးခဲ့တဲ့၂၀၁၅ခုႏွစ္တုန္းကမက္ဆီဟာလည္းဘိုင္ယန္ျမဴးနစ္ႏွင့္ခ်န္ပီယံလိဂ္ပြဲစဥ္မွာလွည့္ကြက္မ်ားအသုံးျပဳကာေနာက္ခံလူဘိုတန္းကိုအရွက္တကြဲလဲက်ေအာင္ျပဳလုပ္ခဲ့ပါတယ္။

ယခုပီေကးဟာလည္းဘိုတန္းကဲ့သို႔အျဖစ္မ်ိဳးႀကဳံေတြ႕ခဲ့ရပါတယ္။

လီဝန္ေဒါ့စကီးဟာဘာစီလိုနာအား၃-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္မွာ၂ဂိုးသြင္းယူႏိုင္ခဲ့ၿပီး၁၈ပြဲဆက္တိုက္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။လီဝန္ေဒါ့စကီးဟာယင္း၁၈ပြဲဆက္ဂိုးသြင္းရာမွာစုစုေပါင္းဂိုး၂၉ဂိုးအထိသြင္းယူခဲ့တာလည္းျဖစ္ပါတယ္။