ပတ်ဂျီဆန်ကြောင့် ငယ်စဉ်တုန်းက မန်ယူပရိသတ်တစ်ဦးဖြစ်ခဲ့ကြောင်း ဆန်ဟောင်မင်းဖွင့်ဟ

စပါးစ်စတားဆန်ဟောင်မင်းကတောင်ကိုရီးယားစံပြကစာသမားပတ်ဂျီဆန်ကြောင့်ကလေးဘဝတုန်းကမန်ယူအသင်းပရိသတ်တစ်ဦးဖြစ်ခဲ့ကြောင်းဖွင့်ဟပြောကြားလာပါတယ်။

ယခုအခါအသက်၄၀နှစ်ရှိပြီဖြစ်တဲ့ပတ်ဂျီဆန်ဟာမန်ယူအသင်းတွင်၂၀၀၅ခုနှစ်မှ၂၀၁၂ခုနှစ်အတွင်းတွင်ကစားခဲ့ပြီးမန်ယူအတွက်ပွဲပေါင်းနှစ်ရာကျော်ကစားခဲ့သူဖြစ်ပြီးအောင်မြင်မှုများစွာလည်းရယူနိုင်ခဲ့ပါတယ်။

ငယ်စဉ်တုန်းကဘယ်အသင်းကိုအားပေးခဲ့သလဲလို့မေးမြန်းလာမှုအားအသက်၂၉နှစ်ရှိစပါးစ်စတားက “မန်ယူပါ။ပတ်ဂျီဆန်ကစားနေလို့ပါ။သူကနိုင်ငံ့သူရဲကောင်းပါ။ကိုရီးယားမှာဆိုရင်သူ့ကိုနှလုံးသားနှစ်ခုပိုင်ရှင်လို့ဆိုကြပါတယ်။သူကနိုင်ငံ့သူရဲကောင်းတစ်ဦးပါ။ပြီးတော့သူကကျွန်တော့်အတွက်သူငယ်ချင်းကောင်းတစ်ဦးလည်းဖြစ်ပါတယ်။သူဟာတောင်ကိုရီးယားကစားသမားတွေကိုဘယ်လိုကစားရမလဲကူညီပေးပါတယ်။သူဟာကျွန်တော်တို့ကိုမျှော်လင့်ချက်တွေ၊အခွင့်အရေးတွေပေးခဲ့ပါတယ်။သူကပရီးမီးယားလိဂ်မှာပထမဆုံးကစားတဲ့သူဆိုတော့သူ့အတွက်မလွယ်ကူခဲ့ပါဘူး။ဒီတော့ကျွန်တော်လည်းယူနိုက်တက်ကိုအားပေးခဲ့ပါတယ်။အခုတော့အားမပေးတော့ပါဘူး”လို့ပြောကြားသွားပါတယ်။

ပတ်ဂျီဆန်ဟာမန်ယူအသင်းနှင့်အတူပရီးမီးယားလိဂ်ဖလားလေးကြိမ်ဆွတ်ခူးခဲ့တဲ့အပြင်၂၀၀၈ခုနှစ်တုန်းကချန်ပီယံလိဂ်ဖလားလည်းဆွတ်ခူးနိုင်ခဲ့ပါတယ်။

သူဟာတောင်ကိုရီးယားအသင်းကို၂၀၀၂ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်သို့တက်ရောက်အောင်ကူညီခဲ့ပါတယ်။

ပတ်ဂျီဆန်ကဲ့သို့ပင်ဆန်ဟောင်မင်းမှာလည်းသူ့မျိုးဆက်တွင်အကောင်းဆုံးတောင်ကိုရီးယားကစားသမားအဖြစ်သတ်မှတ်ခံထားရသူဖြစ်ပါတယ်။ဒါပေမယ့်ဆန်ဟောင်မင်းမှာပတ်ဂျီဆန်ရဲ့အောင်မြင်မှုကိုလိုက်မီရန်ခက်ခဲနေပါတယ်။

 

ZawGyi

ပတ္ဂ်ီဆန္ေၾကာင့္ ငယ္စဥ္တုန္းက မန္ယူပရိသတ္တစ္ဦးျဖစ္ခဲ့ေၾကာင္း ဆန္ေဟာင္မင္းဖြင့္ဟ

စပါးစ္စတားဆန္ေဟာင္မင္းကေတာင္ကိုရီးယားစံျပကစာသမားပတ္ဂ်ီဆန္ေၾကာင့္ကေလးဘဝတုန္းကမန္ယူအသင္းပရိသတ္တစ္ဦးျဖစ္ခဲ့ေၾကာင္းဖြင့္ဟေျပာၾကားလာပါတယ္။

ယခုအခါအသက္၄၀ႏွစ္ရွိၿပီျဖစ္တဲ့ပတ္ဂ်ီဆန္ဟာမန္ယူအသင္းတြင္၂၀၀၅ခုႏွစ္မွ၂၀၁၂ခုႏွစ္အတြင္းတြင္ကစားခဲ့ၿပီးမန္ယူအတြက္ပြဲေပါင္းႏွစ္ရာေက်ာ္ကစားခဲ့သူျဖစ္ၿပီးေအာင္ျမင္မႈမ်ားစြာလည္းရယူႏိုင္ခဲ့ပါတယ္။

ငယ္စဥ္တုန္းကဘယ္အသင္းကိုအားေပးခဲ့သလဲလို႔ေမးျမန္းလာမႈအားအသက္၂၉ႏွစ္ရွိစပါးစ္စတားက “မန္ယူပါ။ပတ္ဂ်ီဆန္ကစားေနလို႔ပါ။သူကႏိုင္ငံ့သူရဲေကာင္းပါ။ကိုရီးယားမွာဆိုရင္သူ႔ကိုႏွလုံးသားႏွစ္ခုပိုင္ရွင္လို႔ဆိုၾကပါတယ္။သူကႏိုင္ငံ့သူရဲေကာင္းတစ္ဦးပါ။ၿပီးေတာ့သူကကြၽန္ေတာ့္အတြက္သူငယ္ခ်င္းေကာင္းတစ္ဦးလည္းျဖစ္ပါတယ္။သူဟာေတာင္ကိုရီးယားကစားသမားေတြကိုဘယ္လိုကစားရမလဲကူညီေပးပါတယ္။သူဟာကြၽန္ေတာ္တို႔ကိုေမွ်ာ္လင့္ခ်က္ေတြ၊အခြင့္အေရးေတြေပးခဲ့ပါတယ္။သူကပရီးမီးယားလိဂ္မွာပထမဆုံးကစားတဲ့သူဆိုေတာ့သူ႔အတြက္မလြယ္ကူခဲ့ပါဘူး။ဒီေတာ့ကြၽန္ေတာ္လည္းယူႏိုက္တက္ကိုအားေပးခဲ့ပါတယ္။အခုေတာ့အားမေပးေတာ့ပါဘူး”လို႔ေျပာၾကားသြားပါတယ္။

ပတ္ဂ်ီဆန္ဟာမန္ယူအသင္းႏွင့္အတူပရီးမီးယားလိဂ္ဖလားေလးႀကိမ္ဆြတ္ခူးခဲ့တဲ့အျပင္၂၀၀၈ခုႏွစ္တုန္းကခ်န္ပီယံလိဂ္ဖလားလည္းဆြတ္ခူးႏိုင္ခဲ့ပါတယ္။

သူဟာေတာင္ကိုရီးယားအသင္းကို၂၀၀၂ကမာၻ႔ဖလားဆီမီးဖိုင္နယ္သို႔တက္ေရာက္ေအာင္ကူညီခဲ့ပါတယ္။

ပတ္ဂ်ီဆန္ကဲ့သို႔ပင္ဆန္ေဟာင္မင္းမွာလည္းသူ႔မ်ိဳးဆက္တြင္အေကာင္းဆုံးေတာင္ကိုရီးယားကစားသမားအျဖစ္သတ္မွတ္ခံထားရသူျဖစ္ပါတယ္။ဒါေပမယ့္ဆန္ေဟာင္မင္းမွာပတ္ဂ်ီဆန္ရဲ႕ေအာင္ျမင္မႈကိုလိုက္မီရန္ခက္ခဲေနပါတယ္။