ပတ်စ်ပို့သစ်ရလျှင် ပိုလန်အတွက် ကစားသွားတော့မယ့် ဗီလာရဲ့အင်္ဂလန်စတား

ဗီလာနောက်ခံလူအက်တီကက်ရှ်ဟာပတ်စ်ပို့သစ်ရလျှင်ပိုလန်လက်ရွေးစင်အသင်းရဲ့ရွေးချယ်ခံရရန်သေချာသလောက်ရှိနေပြီဖြစ်ပါတယ်။

ဆလောက်တွင်မွေးဖွားတဲ့အသက်၂၄နှစ်ရှိနောက်တန်းအစွန်လူဟာမိခင်ဖြစ်သူမှာပိုလန်နိုင်ငံသူဖြစ်မှုကြောင့်ပိုလန်လက်ရွေးစင်အသင်းအတွက်ကစားခွင့်ရှိနေသူဖြစ်ပြီး ပိုလန်နည်းပြပေါ်လိုဆူဆာကရွေးချယ်လာလျှင်လက်ခံလာဖို့ရှိပါတယ်။

ကက်ရှ်ရဲ့ဖခင်ဖြစ်တဲ့ ချက်စတာဖီးလ်ကစားသမားဟောင်း စတူးအပ်က သားဖြစ်သူမှာပိုလန်ပတ်စ်ပို့လျှောက်ထားကြောင်း ပိုလန်သတင်းစာ SporttoweFakty သို့ပြောကြားသွားပါတယ်။

၎င်းက “မတ်တီအတွက်လိုအပ်တဲ့စာရွက်စာတမ်းတွေစုဆောင်းပြီးတော့ပိုလန်နိုင်ငံသားပတ်စ်ပို့လျှောက်ထားပါတယ်။လွန်ခဲ့တဲ့လအနည်းငယ်ခန့်ကတည်းကလုပ်ဆောင်လာခဲ့တာလည်းဖြစ်ပါတယ်။မကြာခင်ပြီးစီးသွားဖို့ရှိပါတယ်။လန်ဒန်မှာရှိတဲ့ပိုလန်အဖွဲ့အစည်းနဲ့လည်းပူးပေါင်းလုပ်ဆောင်နေပါတယ်”လို့ပြောကြားသွားပါတယ်။

ကက်ရှ်ဟာဗီလာရဲ့ဦးစားပေးညာနောက်ခံလူအဖြစ်ကစားနေရပေမယ့်ဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်းတွင်နေရာအစွန်ကစားသမားအမြောက်အမြားရှိနေမှုနဲ့အတူအခွင့်အရေးရရှိလာရန်အလွန်နည်းပါးနေပါတယ်။ဒါကြောင့်လည်းသူဟာပိုလန်လက်ရွေးစင်အတွက်ကစားရန်ဆုံးဖြတ်လိုက်တာလို့ယူဆရပါတယ်။

ZawGyi

ပတ္စ္ပို႔သစ္ရလွ်င္ ပိုလန္အတြက္ ကစားသြားေတာ့မယ့္ ဗီလာရဲ႕အဂၤလန္စတား

ဗီလာေနာက္ခံလူအက္တီကက္ရွ္ဟာပတ္စ္ပို႔သစ္ရလွ်င္ပိုလန္လက္ေ႐ြးစင္အသင္းရဲ႕ေ႐ြးခ်ယ္ခံရရန္ေသခ်ာသေလာက္ရွိေနၿပီျဖစ္ပါတယ္။

ဆေလာက္တြင္ေမြးဖြားတဲ့အသက္၂၄ႏွစ္ရွိေနာက္တန္းအစြန္လူဟာမိခင္ျဖစ္သူမွာပိုလန္ႏိုင္ငံသူျဖစ္မႈေၾကာင့္ပိုလန္လက္ေ႐ြးစင္အသင္းအတြက္ကစားခြင့္ရွိေနသူျဖစ္ၿပီး ပိုလန္နည္းျပေပၚလိုဆူဆာကေ႐ြးခ်ယ္လာလွ်င္လက္ခံလာဖို႔ရွိပါတယ္။

ကက္ရွ္ရဲ႕ဖခင္ျဖစ္တဲ့ ခ်က္စတာဖီးလ္ကစားသမားေဟာင္း စတူးအပ္က သားျဖစ္သူမွာပိုလန္ပတ္စ္ပို႔ေလွ်ာက္ထားေၾကာင္း ပိုလန္သတင္းစာ SporttoweFakty သို႔ေျပာၾကားသြားပါတယ္။

၎က “မတ္တီအတြက္လိုအပ္တဲ့စာ႐ြက္စာတမ္းေတြစုေဆာင္းၿပီးေတာ့ပိုလန္ႏိုင္ငံသားပတ္စ္ပို႔ေလွ်ာက္ထားပါတယ္။လြန္ခဲ့တဲ့လအနည္းငယ္ခန႔္ကတည္းကလုပ္ေဆာင္လာခဲ့တာလည္းျဖစ္ပါတယ္။မၾကာခင္ၿပီးစီးသြားဖို႔ရွိပါတယ္။လန္ဒန္မွာရွိတဲ့ပိုလန္အဖြဲ႕အစည္းနဲ႔လည္းပူးေပါင္းလုပ္ေဆာင္ေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ကက္ရွ္ဟာဗီလာရဲ႕ဦးစားေပးညာေနာက္ခံလူအျဖစ္ကစားေနရေပမယ့္ေဆာက္ဂိတ္ရဲ႕အဂၤလန္အသင္းတြင္ေနရာအစြန္ကစားသမားအေျမာက္အျမားရွိေနမႈနဲ႔အတူအခြင့္အေရးရရွိလာရန္အလြန္နည္းပါးေနပါတယ္။ဒါေၾကာင့္လည္းသူဟာပိုလန္လက္ေ႐ြးစင္အတြက္ကစားရန္ဆုံးျဖတ္လိုက္တာလို႔ယူဆရပါတယ္။