
ဂျာအိုဖီးလစ်ဟာမနေ့ညတုန်းကအက်သလက်တီကိုမှပြောင်းလာပြီးတဲ့နောက်တစ်ရက်အကြာချဲလ်ဆီးအတွက်ပထမဆုံးကစားတဲ့ပွဲမှာဘဲအနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
ဂျာအိုဖီးလစ်ဟာဗုဒ္ဓဟူးနေ့တုန်းကအက်သလက်တီကိုမှချဲလ်ဆီးသို့ရာသီဝက်အငှားဖြင့်ပြောင်းလာခဲ့တာဖြစ်ပြီးကြာသပတေးနေ့တွင်ဖူလ်ဟမ်နှင့်ပွဲမှာချဲလ်ဆီးအတွက်ပထမဆုံးပွဲကစားခဲ့ပါတယ်။
ဒါပေမဲ့သူဟာချဲလ်ဆီးအတွက်တစ်နာရီပြည့်အောင်ပင်မကစားခဲ့ရဘဲအနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
သူဟာပွဲချိန်၅၈မိနစ်မှာဖူလ်ဟမ်ရဲ့ကန်နီတီတီကိုဆိုးရွားလှတဲ့ဖျက်ထုတ်မှုပြုလုပ်ပြီးနောက်တိုက်ရိုက်အနီကတ်ပြသခြင်းခံခဲ့ရပါတယ်။
ဖီးလစ်ဟာတိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခြင်းခံရမှုနဲ့အတူ ၃ပွဲပယ်ပြစ်ဒဏ်ကျခံလာရပါမယ်။
သူဟာချဲလ်ဆီးရဲ့လာမယ့်ခရစ္စတယ်ပဲလေ့စ်၊လီဗာပူး၊ဖူလ်ဟမ်တို့နှင့်ပွဲစဉ်များကိုလွဲချော်မှာဖြစ်ပြီးနောက်တစ်လနီးပါးအကြာဖေဖော်ဝါရီလ၁၁ရက်နေ့မှာဝက်စ်ဟမ်းနှင့်ကစားရမဲ့ပွဲစဉ်မှာမှချဲလ်ဆီးအတွက်ပြန်ကစားနိုင်ပါမယ်။
ချဲလ်ဆီးဟာဂျာအိုဖီးလစ်အားရာသီဝက်အငှားခေါ်ယူမှုအတွက်အက်သလက်တီကိုအားပေါင်၉သန်းပေးခဲ့ရတဲ့အပြင်လုပ်ခပေါင်၂၅၀၀၀၀လည်းပေးနေရပါတယ်။
ဒါကြောင့်လည်းချဲလ်ဆီးဟာဂျာအိုဖီးလစ်ကိုအသုံးပြုရခြင်းမရှိဘဲ လုပ်ခပေါင်၁သန်း၊ငှားရမ်းခတစ်လအတွက်ပေါင်၁.၈သန်းတို့ကိုသုံးစွဲလာရတော့မှာလည်းဖြစ်ပါတယ်။ချဲလ်ဆီးဟာဖီးလစ်ကိုအသုံးမပြုရဘဲစုစုပေါင်းပေါင်၃သန်းနီးပါးသုံးလာရမှာလည်းဖြစ်ပါတယ်။
မနေ့ညကပွဲတွင်ချဲလ်ဆီးဟာဖူလ်ဟမ်ကို၂-၁ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်နည်းပြဂရေဟမ်ပေါ်တာမှာဖိအားများပိုမိုကြုံတွေ့လာရပြီဖြစ်ပါတယ်။
ချဲလ်ဆီးဟာပြိုင်ပွဲစုံ၁၁ပွဲတွင်၈ပွဲအထိရှုံးနိမ့်ထားပြီးစတုတ္ထနေရာမှယူနိုက်တက်နှင့်ရမှတ်၁၀မှတ်အထိကွာဟနေပြီဖြစ်ပါတယ်။
ZawGyi
ပထမဆုံးကစားတဲ့တြင္ပင္ ဖီးလစ္ အနီကတ္ျပခံရၿပီးေနာက္ ေပါင္ ၃ သန္းနီးပါး ကုန္က်လာေတာ့မဲ့ ခ်ဲလ္ဆီး
ဂ်ာအိုဖီးလစ္ဟာမေန႔ညတုန္းကအက္သလက္တီကိုမွေျပာင္းလာၿပီးတဲ့ေနာက္တစ္ရက္အၾကာခ်ဲလ္ဆီးအတြက္ပထမဆုံးကစားတဲ့ပြဲမွာဘဲအနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။
ဂ်ာအိုဖီးလစ္ဟာဗုဒၶဟူးေန႔တုန္းကအက္သလက္တီကိုမွခ်ဲလ္ဆီးသို႔ရာသီဝက္အငွားျဖင့္ေျပာင္းလာခဲ့တာျဖစ္ၿပီးၾကာသပေတးေန႔တြင္ဖူလ္ဟမ္ႏွင့္ပြဲမွာခ်ဲလ္ဆီးအတြက္ပထမဆုံးပြဲကစားခဲ့ပါတယ္။
ဒါေပမဲ့သူဟာခ်ဲလ္ဆီးအတြက္တစ္နာရီျပည့္ေအာင္ပင္မကစားခဲ့ရဘဲအနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။
သူဟာပြဲခ်ိန္၅၈မိနစ္မွာဖူလ္ဟမ္ရဲ႕ကန္နီတီတီကိုဆိုး႐ြားလွတဲ့ဖ်က္ထုတ္မႈျပဳလုပ္ၿပီးေနာက္တိုက္႐ိုက္အနီကတ္ျပသျခင္းခံခဲ့ရပါတယ္။
ဖီးလစ္ဟာတိုက္႐ိုက္အနီကတ္ျပထုတ္ပယ္ျခင္းခံရမႈနဲ႔အတူ ၃ပြဲပယ္ျပစ္ဒဏ္က်ခံလာရပါမယ္။
သူဟာခ်ဲလ္ဆီးရဲ႕လာမယ့္ခရစၥတယ္ပဲေလ့စ္၊လီဗာပူး၊ဖူလ္ဟမ္တို႔ႏွင့္ပြဲစဥ္မ်ားကိုလြဲေခ်ာ္မွာျဖစ္ၿပီးေနာက္တစ္လနီးပါးအၾကာေဖေဖာ္ဝါရီလ၁၁ရက္ေန႔မွာဝက္စ္ဟမ္းႏွင့္ကစားရမဲ့ပြဲစဥ္မွာမွခ်ဲလ္ဆီးအတြက္ျပန္ကစားႏိုင္ပါမယ္။
ခ်ဲလ္ဆီးဟာဂ်ာအိုဖီးလစ္အားရာသီဝက္အငွားေခၚယူမႈအတြက္အက္သလက္တီကိုအားေပါင္၉သန္းေပးခဲ့ရတဲ့အျပင္လုပ္ခေပါင္၂၅၀၀၀၀လည္းေပးေနရပါတယ္။
ဒါေၾကာင့္လည္းခ်ဲလ္ဆီးဟာဂ်ာအိုဖီးလစ္ကိုအသုံးျပဳရျခင္းမရွိဘဲ လုပ္ခေပါင္၁သန္း၊ငွားရမ္းခတစ္လအတြက္ေပါင္၁.၈သန္းတို႔ကိုသုံးစြဲလာရေတာ့မွာလည္းျဖစ္ပါတယ္။ခ်ဲလ္ဆီးဟာဖီးလစ္ကိုအသုံးမျပဳရဘဲစုစုေပါင္းေပါင္၃သန္းနီးပါးသုံးလာရမွာလည္းျဖစ္ပါတယ္။
မေန႔ညကပြဲတြင္ခ်ဲလ္ဆီးဟာဖူလ္ဟမ္ကို၂-၁ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္နည္းျပဂေရဟမ္ေပၚတာမွာဖိအားမ်ားပိုမိုႀကဳံေတြ႕လာရၿပီျဖစ္ပါတယ္။
ခ်ဲလ္ဆီးဟာၿပိဳင္ပြဲစုံ၁၁ပြဲတြင္၈ပြဲအထိရႈံးနိမ့္ထားၿပီးစတုတၳေနရာမွယူႏိုက္တက္ႏွင့္ရမွတ္၁၀မွတ္အထိကြာဟေနၿပီျဖစ္ပါတယ္။