ပထမဆုံးကစားတဲ့ပွဲတွင် အထုတ်ခံခဲ့ရတဲ့ ဖီးလစ်ကို ဖူလ်ဟမ်လှောင်ပြောင်လာ

ဖူလ်ဟမ်ရဲ့ဆိုရှယ်မီဒီယာ Teamဟာပထမဆုံးကစားတဲ့ပွဲတွင်အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရတဲ့ချဲလ်ဆီးစတားဂျာအိုဖီးလစ်ကိုလှောင်ပြောင်လာပါတယ်။

ပေါ်တူဂီစတားဟာဗုဒ္ဓဟူးနေ့တုန်းကအက်သလက်တီကိုမှချဲလ်ဆီးသို့ရာသီဝက်အငှားဖြင့်ပြောင်းပြီးနောက်တစ်ရက်အကြာတွင်ဖူလ်ဟမ်နှင့်ပွဲတွင်ချဲလ်ဆီးအတွက်ပထမဆုံးပွဲကစားခဲ့ပါတယ်။

ဒါပေမဲ့ဖီးလစ်ဟာကံဆိုးစွာပင်ချဲလ်ဆီးအတွက်တစ်နာရီပြည့်အောင်မကစားရသေးခင်မှာဘဲကန်နီတီတီကိုကြမ်းတမ်းစွာဖျက်ထုတ်ကစားမှုကြောင့်တိုက်ရိုက်အနီကတ်ပြသခြင်းခံခဲ့ရပါတယ်။

ဂျာအိုဖီးလစ်အနီကတ်ပြထုတ်ပယ်ခြင်းခံရပြီးနောက် ဖူလ်ဟမ်တွစ်တာအကောင့်က AdiosJoao ဆိုပြီးရေးသားပို့စ်တင်သွားပါတယ်။ GoodbyeJoao လို့အဓိပ္ပါယ်ရပါတယ်။

ဖူလ်ဟမ်ဟာယင်းပို့စ်ကိုတင်ပြီးနောက်မကြာမီမှာပင်ဖျက်သွားပါတယ်။

ဖီးလစ်အနီကတ်ပြသခံရမှုနဲ့အတူချဲလ်ဆီးနည်းပြဂရေဟမ်ပေါ်တာတွင်လည်းဖိအားများစွာကျရောက်လာပါတယ်။

ချဲလ်ဆီးဟာဖူလ်ဟမ်ကို၂-၁ဂိုးဖြင့်ရှုံးနိမ့်ပြီးယခုရာသီခုနှစ်ပွဲမြောက်ရှုံးပွဲကြုံတွေ့ခဲ့ရပါတယ်။

ချဲလ်ဆီးဟာအမှတ်ပေးဇယားအဆင့်၁၀နေရာသို့ရောက်နေပြီးအဆင့်၄နေရာမှယူနိုက်တက်ထက်တစ်ပွဲပိုကစားကာ၁၀မှတ်ကွာဟနေပါတယ်။

ဖီးလစ်ဟာတိုက်ရိုက်အနီကတ်ကြောင့်၃ပွဲပယ်ပြစ်ဒဏ်ကျခံသွားရမှာဖြစ်ပြီး ဖေဖော်ဝါရီလ ၁၁ ရက်နေ့ဝက်စ်ဟမ်းနှင့်ပွဲတွင်မှပြန်လည်ကစားနိုင်ပါမယ်။

ZawGyi

ပထမဆုံးကစားတဲ့ပြဲတြင္ အထုတ္ခံခဲ့ရတဲ့ ဖီးလစ္ကို ဖူလ္ဟမ္ေလွာင္ေျပာင္လာ

ဖူလ္ဟမ္ရဲ႕ဆိုရွယ္မီဒီယာ Teamဟာပထမဆုံးကစားတဲ့ပြဲတြင္အနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရတဲ့ခ်ဲလ္ဆီးစတားဂ်ာအိုဖီးလစ္ကိုေလွာင္ေျပာင္လာပါတယ္။

ေပၚတူဂီစတားဟာဗုဒၶဟူးေန႔တုန္းကအက္သလက္တီကိုမွခ်ဲလ္ဆီးသို႔ရာသီဝက္အငွားျဖင့္ေျပာင္းၿပီးေနာက္တစ္ရက္အၾကာတြင္ဖူလ္ဟမ္ႏွင့္ပြဲတြင္ခ်ဲလ္ဆီးအတြက္ပထမဆုံးပြဲကစားခဲ့ပါတယ္။

ဒါေပမဲ့ဖီးလစ္ဟာကံဆိုးစြာပင္ခ်ဲလ္ဆီးအတြက္တစ္နာရီျပည့္ေအာင္မကစားရေသးခင္မွာဘဲကန္နီတီတီကိုၾကမ္းတမ္းစြာဖ်က္ထုတ္ကစားမႈေၾကာင့္တိုက္႐ိုက္အနီကတ္ျပသျခင္းခံခဲ့ရပါတယ္။

ဂ်ာအိုဖီးလစ္အနီကတ္ျပထုတ္ပယ္ျခင္းခံရၿပီးေနာက္ ဖူလ္ဟမ္တြစ္တာအေကာင့္က AdiosJoao ဆိုၿပီးေရးသားပို႔စ္တင္သြားပါတယ္။ GoodbyeJoao လို႔အဓိပၸါယ္ရပါတယ္။

ဖူလ္ဟမ္ဟာယင္းပို႔စ္ကိုတင္ၿပီးေနာက္မၾကာမီမွာပင္ဖ်က္သြားပါတယ္။

ဖီးလစ္အနီကတ္ျပသခံရမႈနဲ႔အတူခ်ဲလ္ဆီးနည္းျပဂေရဟမ္ေပၚတာတြင္လည္းဖိအားမ်ားစြာက်ေရာက္လာပါတယ္။

ခ်ဲလ္ဆီးဟာဖူလ္ဟမ္ကို၂-၁ဂိုးျဖင့္ရႈံးနိမ့္ၿပီးယခုရာသီခုႏွစ္ပြဲေျမာက္ရႈံးပြဲႀကဳံေတြ႕ခဲ့ရပါတယ္။

ခ်ဲလ္ဆီးဟာအမွတ္ေပးဇယားအဆင့္၁၀ေနရာသို႔ေရာက္ေနၿပီးအဆင့္၄ေနရာမွယူႏိုက္တက္ထက္တစ္ပြဲပိုကစားကာ၁၀မွတ္ကြာဟေနပါတယ္။

ဖီးလစ္ဟာတိုက္႐ိုက္အနီကတ္ေၾကာင့္၃ပြဲပယ္ျပစ္ဒဏ္က်ခံသြားရမွာျဖစ္ၿပီး ေဖေဖာ္ဝါရီလ ၁၁ ရက္ေန႔ဝက္စ္ဟမ္းႏွင့္ပြဲတြင္မွျပန္လည္ကစားႏိုင္ပါမယ္။