ပထမဆုံးကစားတဲ့ပွဲမှာ အရန်ခုံမှထလာပြီး ၂ ဂိုးသွင်းကာ မှတ်တိုင်သစ်စိုက်ခဲ့တဲ့ အီဒူယတ်

အော့ဆွန်နီအီဒူယကတ်ဟာမနေ့ညတုန်းကလန်ဒန်မြို့ခံပြိုင်ဘက်စပါးစ်ကိုခရစ္စတယ်လေ့စ်က၃-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာအရန်ခုံမှထလာပြီးအနိုင်ဂိုး၂ဂိုးသွင်းယူနိုင်ပြီးနောက်ပရီးမီးယားလိဂ်သမိုင်းမှတ်တိုင်တစ်ခုရေးထိုးနိုင်ခဲ့ပါတယ်။

ခရစ္စတယ်ပဲလေ့စ်နည်းပြပက်ထရစ်ဗီအဲရာဟာနွေရာသီတုန်းကပေါင်သန်း၂၀နီးပါးသုံးကာခေါ်ယူထားတဲ့အီဒူယတ်ကိုစပါးစ်နှင့်ပွဲစဉ်မှာအရန်စာရင်းမှထည့်သွင်းခဲ့ပါတယ်။

ပဲလေ့စ်ကဇာဟာရဲ့ပင်နယ်တီဂိုးနဲ့ဦးဆောင်နေတဲ့ပွဲပြီးခါနီးအချိန်မှာအီဒူယတ်ဟာလူစားဝင်ရောက်ကစားခဲ့ပါတယ်။

သူဟာလူစားဝင်ရောက်ကစားပြီးနောက်ပွဲချိန်၈၄မိနစ်မှာပထမဆုံးကန်ချက်ဖြင့်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ယင်းနောက်သူဟာနာကျင်အချိန်ပိုပွဲချိန်၉၂မိနစ်မှာလည်းသူ့ရဲ့ဒုတိယမြောက်ဂိုးကိုသွင်းယူခဲ့ပါတယ်။

သူဟာဆာဂျီယိုအဂွဲရိုးနောက်ပိုင်းတွင်ပရီးမီးယားလိဂ်ပထမဆုံးပွဲစဉ်မှာလူစားဝင်ရောက်ကစားပြီးနောက်၂ဂိုးသွင်းနိုင်တဲ့ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။သူဟာပရီးမီးယားလိဂ်သမိုင်းမှာပထမဆုံးပွဲစဉ်မှာနှစ်ဂိုးသွင်းနိုင်တဲ့ဒုတိယမြောက်ကစားသမားဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။

မန်စီးတီးဂန္ထဝင်တိုက်စစ်မှူးဆာဂျီယိုအဂွဲရိုးဟာ၂၀၁၁ခုနှစ်၊ဩဂုတ်လတုန်းကဆွမ်စီးအား၄-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာလူစားဝင်ရောက်ကစားပြီးနောက်၂ဂိုးသွင်းနိုင်ခဲ့ပါတယ်။အဂွဲရိုးဟာမန်စီးတီးမှာ၁၀နှစ်ကြာကစားခဲ့ပြီးလိဂ်ပွဲ၂၇၅ပွဲမှာ၁၈၄ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပါတယ်။

ပီအက်စ်ဂျီကစားသမားဟောင်းဟာလည်းဆာဂျီယိုအဂွဲရိုးကဲ့သို့လုပ်ဆောင်လာနိုင်မလားစောင့်ကြည့်ရပါမယ်။သူဟာဆဲလ်တစ်မှာကစားတုန်းကလိဂ်ပွဲ၉၄ပွဲမှာ၅၇ဂိုးအထိသွင်းယူခဲ့ပြီးစကော့တလန်ပရီးမီးယားလိဂ်ဖလားသုံးကြိမ်ဆက်တိုက်ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။

ZawGyi

ပထမဆုံးကစားတဲ့ပြဲမွာ အရန္ခုံမွထလာၿပီး ၂ ဂိုးသြင္းကာ မွတ္တိုင္သစ္စိုက္ခဲ့တဲ့ အီဒူယတ္

ေအာ့ဆြန္နီအီဒူယကတ္ဟာမေန႔ညတုန္းကလန္ဒန္ၿမိဳ႕ခံၿပိဳင္ဘက္စပါးစ္ကိုခရစၥတယ္ေလ့စ္က၃-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာအရန္ခုံမွထလာၿပီးအႏိုင္ဂိုး၂ဂိုးသြင္းယူႏိုင္ၿပီးေနာက္ပရီးမီးယားလိဂ္သမိုင္းမွတ္တိုင္တစ္ခုေရးထိုးႏိုင္ခဲ့ပါတယ္။

ခရစၥတယ္ပဲေလ့စ္နည္းျပပက္ထရစ္ဗီအဲရာဟာေႏြရာသီတုန္းကေပါင္သန္း၂၀နီးပါးသုံးကာေခၚယူထားတဲ့အီဒူယတ္ကိုစပါးစ္ႏွင့္ပြဲစဥ္မွာအရန္စာရင္းမွထည့္သြင္းခဲ့ပါတယ္။

ပဲေလ့စ္ကဇာဟာရဲ႕ပင္နယ္တီဂိုးနဲ႔ဦးေဆာင္ေနတဲ့ပြဲၿပီးခါနီးအခ်ိန္မွာအီဒူယတ္ဟာလူစားဝင္ေရာက္ကစားခဲ့ပါတယ္။

သူဟာလူစားဝင္ေရာက္ကစားၿပီးေနာက္ပြဲခ်ိန္၈၄မိနစ္မွာပထမဆုံးကန္ခ်က္ျဖင့္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။ယင္းေနာက္သူဟာနာက်င္အခ်ိန္ပိုပြဲခ်ိန္၉၂မိနစ္မွာလည္းသူ႔ရဲ႕ဒုတိယေျမာက္ဂိုးကိုသြင္းယူခဲ့ပါတယ္။

သူဟာဆာဂ်ီယိုအဂြဲ႐ိုးေနာက္ပိုင္းတြင္ပရီးမီးယားလိဂ္ပထမဆုံးပြဲစဥ္မွာလူစားဝင္ေရာက္ကစားၿပီးေနာက္၂ဂိုးသြင္းႏိုင္တဲ့ပထမဆုံးကစားသမားျဖစ္လာခဲ့ပါတယ္။သူဟာပရီးမီးယားလိဂ္သမိုင္းမွာပထမဆုံးပြဲစဥ္မွာႏွစ္ဂိုးသြင္းႏိုင္တဲ့ဒုတိယေျမာက္ကစားသမားျဖစ္လာခဲ့တာလည္းျဖစ္ပါတယ္။

မန္စီးတီးဂႏၴဝင္တိုက္စစ္မႉးဆာဂ်ီယိုအဂြဲ႐ိုးဟာ၂၀၁၁ခုႏွစ္၊ဩဂုတ္လတုန္းကဆြမ္စီးအား၄-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာလူစားဝင္ေရာက္ကစားၿပီးေနာက္၂ဂိုးသြင္းႏိုင္ခဲ့ပါတယ္။အဂြဲ႐ိုးဟာမန္စီးတီးမွာ၁၀ႏွစ္ၾကာကစားခဲ့ၿပီးလိဂ္ပြဲ၂၇၅ပြဲမွာ၁၈၄ဂိုးအထိသြင္းယူေပးႏိုင္ခဲ့ပါတယ္။

ပီအက္စ္ဂ်ီကစားသမားေဟာင္းဟာလည္းဆာဂ်ီယိုအဂြဲ႐ိုးကဲ့သို႔လုပ္ေဆာင္လာႏိုင္မလားေစာင့္ၾကည့္ရပါမယ္။သူဟာဆဲလ္တစ္မွာကစားတုန္းကလိဂ္ပြဲ၉၄ပြဲမွာ၅၇ဂိုးအထိသြင္းယူခဲ့ၿပီးစေကာ့တလန္ပရီးမီးယားလိဂ္ဖလားသုံးႀကိမ္ဆက္တိုက္ဆြတ္ခူးႏိုင္ခဲ့သူျဖစ္ပါတယ္။