
ရောဘတ်လီဝန်ဒေါ့စကီးဟာသူ့ရဲ့ပထမဆုံးကမ္ဘာ့ဖလားဂိုးသွင်းယူပြီးနောက် ငိုယိုနေခဲ့ပါတယ်။
ဘာစီလိုနာတိုက်စစ်မှူးဟာစနေနေ့ညတုန်းကဆော်ဒီကိုပိုလန်က၂-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်ပိုလန်အတွက်ဒုတိယဂိုးကိုသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
သူဟာပွဲချိန်၈၂မိနစ်တွင်ဆော်ဒီရဲ့အမှားမှတဆင့်သူ့ရဲ့ပထမဆုံးကမ္ဘာ့ဖလားဂိုးကိုသွင်းယူလာနိုင်ခဲ့တာဖြစ်ပါတယ်။သူဟာဂိုးသွင်းအောင်ပွဲခံနေစဉ်ငိုယိုနေခဲ့တာတွေ့ရပါတယ်။
ယင်းဂိုးကိုရောဘတ်လီဝန်ဒေါ့စကီးရဲ့ပိုလန်အသင်းအတွက်၇၇ဂိုးမြောက်ဂိုးလည်းဖြစ်ပြီး ပီလီနှင့်အတူနိုင်ငံတကာသွင်းဂိုးအရေအတွက်အတူတူဖြစ်လာပါတယ်။
မနေ့ညတုန်းကပွဲစဉ်တွင်ပိုလန်အတွက်ဦးဆောင်ဂိုးကိုလီဝန်ဒေါ့စကီးရဲ့ဖန်တီးမှုကနေဇီလန်းစကီးကသွင်းယူခဲ့ပြီးနောက်ပထမပိုင်းမပြီးခင်ဂိုးသမားဆက်ဇက်နီကဆော်ဒီပင်နယ်တီကိုကာကွယ်နိုင်ခဲ့ပါတယ်။
ထူးခြားတာကတော့ရောဘတ်လီဝန်ဒေါ့စကီးဟာပထမပိုင်းတွင်ရွှေရောင်ဖိနပ်စီးပြီးကစားခဲ့တာဖြစ်ပြီးဒုတိယပိုင်းတွင်အဝါရောင်ဖိနပ်ကိုပြောင်းကစားပြီးနောက်ဂိုးသွင်းလာနိုင်ခဲ့တာဖြစ်ပါတယ်။
ZawGyi
ပထမဆုံးကမာၻ႔ဖလားဂိုးသြင္းယူၿပီးေနာက္ ငိုယိုေနခဲ့တဲ့ ေရာဘတ္လီဝန္ေဒါ့စကီး
ေရာဘတ္လီဝန္ေဒါ့စကီးဟာသူ႔ရဲ႕ပထမဆုံးကမာၻ႔ဖလားဂိုးသြင္းယူၿပီးေနာက္ ငိုယိုေနခဲ့ပါတယ္။
ဘာစီလိုနာတိုက္စစ္မႉးဟာစေနေန႔ညတုန္းကေဆာ္ဒီကိုပိုလန္က၂-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲတြင္ပိုလန္အတြက္ဒုတိယဂိုးကိုသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။
သူဟာပြဲခ်ိန္၈၂မိနစ္တြင္ေဆာ္ဒီရဲ႕အမွားမွတဆင့္သူ႔ရဲ႕ပထမဆုံးကမာၻ႔ဖလားဂိုးကိုသြင္းယူလာႏိုင္ခဲ့တာျဖစ္ပါတယ္။သူဟာဂိုးသြင္းေအာင္ပြဲခံေနစဥ္ငိုယိုေနခဲ့တာေတြ႕ရပါတယ္။
ယင္းဂိုးကိုေရာဘတ္လီဝန္ေဒါ့စကီးရဲ႕ပိုလန္အသင္းအတြက္၇၇ဂိုးေျမာက္ဂိုးလည္းျဖစ္ၿပီး ပီလီႏွင့္အတူႏိုင္ငံတကာသြင္းဂိုးအေရအတြက္အတူတူျဖစ္လာပါတယ္။
မေန႔ညတုန္းကပြဲစဥ္တြင္ပိုလန္အတြက္ဦးေဆာင္ဂိုးကိုလီဝန္ေဒါ့စကီးရဲ႕ဖန္တီးမႈကေနဇီလန္းစကီးကသြင္းယူခဲ့ၿပီးေနာက္ပထမပိုင္းမၿပီးခင္ဂိုးသမားဆက္ဇက္နီကေဆာ္ဒီပင္နယ္တီကိုကာကြယ္ႏိုင္ခဲ့ပါတယ္။
ထူးျခားတာကေတာ့ေရာဘတ္လီဝန္ေဒါ့စကီးဟာပထမပိုင္းတြင္ေ႐ႊေရာင္ဖိနပ္စီးၿပီးကစားခဲ့တာျဖစ္ၿပီးဒုတိယပိုင္းတြင္အဝါေရာင္ဖိနပ္ကိုေျပာင္းကစားၿပီးေနာက္ဂိုးသြင္းလာႏိုင္ခဲ့တာျဖစ္ပါတယ္။