ပထမဆုံးစီးရီးအေနိုင်ပွဲတွင် ဖန်တီးမှု၂ကြိမ်ပြုလုပ်နိုင်ခဲ့တဲ့ ပရိသတ်များရဲ့လက်ခုပ်သံရရှိခဲ့တဲ့အေဘရာဟမ်

တမ်မီအေဘရာဟမ်ဟာသူ့ရဲ့ပထမဆုံးစီးရီးအေပွဲတွင်ဖန်တီးမှု၂ကြိမ်ပြုလုပ်နိုင်ခဲ့ပြီးနောက်ရိုးမားပရိသတ်များရဲ့မတ်တပ်ရပ်လက်ခုပ်တီးအားပေးမှုကိုရရှိခဲ့ပါတယ်။

မော်ရင်ဟိုဦးဆောင်နေတဲ့ရိုးမားဟာမနေ့ညတုန်းကဖီအိုရင်တီးနားနှင့်စီးရီးအေအဖွင့်ပွဲမှာ ၃-၁ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။ယင်းပွဲမှာမော်ရင်ဟိုရဲ့ရိုးမားအတါက်ပထမဆုံးစီးရီးအေပွဲလည်းဖြစ်ပါတယ်။

ယခုနွေရာသီအပြောင်းအရွှေ့မှာချဲလ်ဆီးမှပြောင်းရွှေ့ကြေးပေါင်၃၄သန်းဖြင့်ပြောင်းရွှေ့လာခဲ့တဲ့အေဘရာဟမ်ဟာပွဲထွက်လူစာရင်းမှာပါဝင်ခဲ့ပြီး၂ဂိုးရရှိအောင်ဖန်တီးနိုင်မှုကြောင့်လူစားလဲခံရချိန်တွင်ပရိသတ်များရဲ့မတ်တပ်ရပ်လက်ခုပ်တီးအားပေးမှုရရှိခဲ့တာလည်းဖြစ်ပါတယ်။

အဆိုပါပွဲစဉ်မှာရိုးမားဟာပွဲအစ၁၇မိနစ်မှာဘဲအေဘရာဟမ်ကိုဧရိယာအပြင်မှာဖျက်ထုတ်မှုအတွက်င့်ဖီအိုရင်တီးနားဂိုးသမားဒရာဂေါစကီးအနီကတ်ပြထုတ်ပယ်ခံရမှုနဲ့အတူတစ်ယောက်အသာနဲ့ကစားခဲ့ရပါတယ်။

ယင်းနောက်ပွဲချိန်၂၆မိနစ်မှာခီတာရန်ကအေဘရာဟမ်ရဲ့ဖန်တီးမှုကနေ ရိုးမားအတွက်ဦးဆောင်ဂိုးသွင်းယူခဲ့ပါတယ်။

ဒုတိယပိုင်းမှာဒဏ်ရာကြောင့်တစ်နှစ်ကျော်ကြာအနားယူခဲ့ရပြီးနောက်ပထမဆုံးစီးရီးအေပွဲပြန်ကစားနိုင်ခဲ့တဲ့နီကိုလိုဇာနီယိုလိုဟာနှစ်ဝါတစ်နီဖြင့်ထုတ်ပယ်ခံခဲ့ရပါတယ်။ယင်းနောက်ပွဲချိန်၆၀မိနစ်မှာမီလန်ကိုဗစ်ကဖီအိုရင်တီးနားအတွက်ချေပဂိုးသွင်းခဲ့ပါတယ်။

ချက်ချင်းဆိုသလိုပဲပွဲချိန်၆၄မိနစ်မှာအေဘရာဟမ်ရဲ့ညာခြမ်းမှချပေးလိုက်မှုကနေဗီရဲတပ်ကဒုတိယဂိုးသွင်းခဲ့ပါတယ်။ရိုးမားအတွက်တတိယဂိုးကိုလည်းဗီရဲတပ်ကဘဲပွဲချိန်၇၉မိနစ်မှာသွင်းယူခဲ့ပါတယ်။

ZawGyi

ပထမဆုံးစီးရီးေအႏိုင္ပြဲတြင္ ဖန္တီးမႈ၂ႀကိမ္ျပဳလုပ္ႏိုင္ခဲ့တဲ့ ပရိသတ္မ်ားရဲ႕လက္ခုပ္သံရရွိခဲ့တဲ့ေအဘရာဟမ္

တမ္မီေအဘရာဟမ္ဟာသူ႔ရဲ႕ပထမဆုံးစီးရီးေအပြဲတြင္ဖန္တီးမႈ၂ႀကိမ္ျပဳလုပ္ႏိုင္ခဲ့ၿပီးေနာက္႐ိုးမားပရိသတ္မ်ားရဲ႕မတ္တပ္ရပ္လက္ခုပ္တီးအားေပးမႈကိုရရွိခဲ့ပါတယ္။

ေမာ္ရင္ဟိုဦးေဆာင္ေနတဲ့႐ိုးမားဟာမေန႔ညတုန္းကဖီအိုရင္တီးနားႏွင့္စီးရီးေအအဖြင့္ပြဲမွာ ၃-၁ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။ယင္းပြဲမွာေမာ္ရင္ဟိုရဲ႕႐ိုးမားအတါက္ပထမဆုံးစီးရီးေအပြဲလည္းျဖစ္ပါတယ္။

ယခုေႏြရာသီအေျပာင္းအေ႐ႊ႕မွာခ်ဲလ္ဆီးမွေျပာင္းေ႐ႊ႕ေၾကးေပါင္၃၄သန္းျဖင့္ေျပာင္းေ႐ႊ႕လာခဲ့တဲ့ေအဘရာဟမ္ဟာပြဲထြက္လူစာရင္းမွာပါဝင္ခဲ့ၿပီး၂ဂိုးရရွိေအာင္ဖန္တီးႏိုင္မႈေၾကာင့္လူစားလဲခံရခ်ိန္တြင္ပရိသတ္မ်ားရဲ႕မတ္တပ္ရပ္လက္ခုပ္တီးအားေပးမႈရရွိခဲ့တာလည္းျဖစ္ပါတယ္။

အဆိုပါပြဲစဥ္မွာ႐ိုးမားဟာပြဲအစ၁၇မိနစ္မွာဘဲေအဘရာဟမ္ကိုဧရိယာအျပင္မွာဖ်က္ထုတ္မႈအတြက္င့္ဖီအိုရင္တီးနားဂိုးသမားဒရာေဂါစကီးအနီကတ္ျပထုတ္ပယ္ခံရမႈနဲ႔အတူတစ္ေယာက္အသာနဲ႔ကစားခဲ့ရပါတယ္။

ယင္းေနာက္ပြဲခ်ိန္၂၆မိနစ္မွာခီတာရန္ကေအဘရာဟမ္ရဲ႕ဖန္တီးမႈကေန ႐ိုးမားအတြက္ဦးေဆာင္ဂိုးသြင္းယူခဲ့ပါတယ္။

ဒုတိယပိုင္းမွာဒဏ္ရာေၾကာင့္တစ္ႏွစ္ေက်ာ္ၾကာအနားယူခဲ့ရၿပီးေနာက္ပထမဆုံးစီးရီးေအပြဲျပန္ကစားႏိုင္ခဲ့တဲ့နီကိုလိုဇာနီယိုလိုဟာႏွစ္ဝါတစ္နီျဖင့္ထုတ္ပယ္ခံခဲ့ရပါတယ္။ယင္းေနာက္ပြဲခ်ိန္၆၀မိနစ္မွာမီလန္ကိုဗစ္ကဖီအိုရင္တီးနားအတြက္ေခ်ပဂိုးသြင္းခဲ့ပါတယ္။

ခ်က္ခ်င္းဆိုသလိုပဲပြဲခ်ိန္၆၄မိနစ္မွာေအဘရာဟမ္ရဲ႕ညာျခမ္းမွခ်ေပးလိုက္မႈကေနဗီရဲတပ္ကဒုတိယဂိုးသြင္းခဲ့ပါတယ္။႐ိုးမားအတြက္တတိယဂိုးကိုလည္းဗီရဲတပ္ကဘဲပြဲခ်ိန္၇၉မိနစ္မွာသြင္းယူခဲ့ပါတယ္။