ပထမဆုံးပရော်ဖက်ရှင်စာချုပ်ချုပ်ဆိုကာ ဖခင်ဒေးဗစ်ဘက်ဟမ်းရဲ့ခြေရာကိုနင်းလာတဲ့ရိုမီယို

ရိုမီယိုဟာပထမဆုံးပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုကာဖခင်ဖြစ်သူဒေးဗစ်ဘက်ဟမ်းရဲ့ခြေရာကိုနင်းလာနိုင်ခဲ့ပြီဖြစ်ပါတယ်။

အသက်၁၉နှစ်ရှိရိုမီယိုဘက်ဟမ်းဟာ USL League One ကလပ် Fort Lauderdale အသင်းနှင့်ပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုလိုက်တာဖြစ်ပါတယ်။ယင်းအသင်းကဖခင်ဖြစ်သူဒေးဗစ်ဘက်ဟမ်းပိုင်ဆိုင်တဲ့အင်တာမီယာမီအသင်းရဲ့အရန်အသင်းလည်းဖြစ်ပါတယ်။

ဖခင်ဖြစ်သူဒေးဗစ်ဘက်ဟမ်းနှင့်မိခင်ဖြစ်သူဗစ်တိုးရီးယားတို့ဟာရိုမီယို ပရော်ဖက်ရှင်နယ်ဘောလုံးသမားဖြစ်လာမှုနဲ့အတူအလွန်ပဲဂုဏ်ယူလျက်ရှိကြပါတယ်။

ရိုမီယိုဘက်ဟမ်းဟာအလယ်တန်းတိုက်စစ်မှာရောခံစစ်မှာပါ နေရာစုံကစားနိုင်စွမ်းရှိသူဖြစ်ပြီးပြီးခဲ့တဲ့ရက်သတ္တပတ်များအတွင်းမှာအင်တာမီယာမီ၊ Fort Lauderdale တို့နှင့်အတူလေ့ကျင့်ခန်းဆင်းလာခဲ့သူလည်းဖြစ်ပါတယ်။

ZawGyi




