ပထမဆုံးမန်ချက်စတာဒါဘီပွဲမတိုင်မီ စိတ်ဓာတ်မြှင့်တင်ရေးအတွက် ဖခင်နှင့် ဖုန်းဆက်စကားပြောသွားမယ့် အာလင်းဟာလန်း

အာလင်းဟာလန်းကတနင်္ဂနွေနေ့တွင်ကစားရမယ့်သူ့ရဲ့ပထမဆုံးမန်ချက်စတာဒါဘီပွဲမတိုင်မီဖခင်ဖြစ်သူအယ်ဖ်အင်းနှင့်ဆက်သွယ်စကားပြောသွားမယ်လို့ ပြောကြားသွားပါတယ်။

အာလင်းဟာလန်းဟာဖခင်ဖြစ်သူမှာမန်စီးတီးတွင်ကစားခဲ့ရာမန်စီးတီးပရိသတ်တစ်ဦးအဖြစ်ကြီးပြင်းလာခဲ့သူဖြစ်ပြီးပထမဆုံးမန်ချက်စတာဒါဘီပွဲအတွက်စိတ်လှုပ်ရှားနေပါတယ်။

အာလင်းဟာလန်းရဲ့ဖခင်ဖြစ်သူဟာလန်းစီနီယာမှာလွန်ခဲ့တဲ့ ၂၁နှစ်တုန်းကမန်ချက်စတာဒါဘီပွဲစဉ်တွင်ယူနိုက်တက်အသင်းခေါင်းဆောင်ရွိုင်ကိန်းရဲ့ကြမ်းတမ်းတဲ့ဖျက်ထုတ်မှုကြောင့်ကစားသမားဘဝမှအနားယူခဲ့ရဖူးပါတယ်။

အထက်ပါဖြစ်ရပ်မှာမန်စီးတီးအတွက်၁၄ဂိုးသွင်းထားတဲ့အာလင်းဟာလန်းမိသားစုအတွက်ကြောက်စရာအဖြစ်အပျက်တစ်ခုဖြစ်နေပါတယ်။

အာလင်းဟာလန်းက “မန်ချက်စတာယူနိုက်တက်ဆိုတဲ့စကားလုံးကို ပြောကိုမပြောချင်တာ။ဒီပွဲနဲ့ပတ်သက်ပြီးအဖေနဲ့စကားပြောဖို့သေချာပါတယ်။ဒါပေမဲ့ဒီပွဲကဘယ်လိုဆိုတာသိထားပြီးသားပါ။ကျွန်တော့်ဘက်ကလည်းအသင့်ဖြစ်ထားပြီးဖြစ်ပါတယ်။အရမ်းစိတ်လှုပ်ရှားနေတယ်။ကြီးမားတဲ့အတွေ့အကြုံတစ်ခုဖြစ်လာပါမယ်။ပွဲကောင်းတစ်ပွဲဖြစ်လာဖို့မျှော်လင့်ပါတယ်။ယူနိုက်တက်လုပ်အားအရမ်းကောင်းလာဖို့မျှော်လင့်တယ်။ကျွန်တော်တို့ကိုသူတို့ဖြိုချဖို့ကြိုးစားလာပါလိမ့်မယ်။ဒါပေမဲ့ကျွန်တော်တို့ကလည်းကိုယ့်ကိုယ်ကိုယ်ယုံကြည်တယ်။အကောင်းဆုံးပြီးအိမ်ကွင်းအားသာချက်ကိုအသုံးချသွားမယ်။ဒီပွဲမှာတိုက်စစ်ဆင်သွားပါမယ်”လို့ပြောကြားသွားပါတယ်။

ZawGyi





