ပထမဆုံးရိုးမားရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်တွင် ကစားသမား ၈ ဦးကို မော်ရင်ဟို ထုတ်ပယ်

ဟိုဆေးမော်ရင်ဟိုဟာရိုးမားအသင်းနှင့်အတူပြုလုပ်တဲ့ပထမဆုံးလေ့ကျင့်ခန်းအစီအစဉ်မှာဘဲပထမအသင်းမှာကစားသမား၈ဦးကိုဖယ်ရှားကာရိုးမားတွင်ကြီးမားတဲ့ပြုပြင်ပြောင်းလဲမှုပြုလုပ်လာပါတယ်။

အသက်၅၈နှစ်ရှိပေါ်တူဂီလူမျိုးနည်းပြဟာဧပြီလတုန်းကစပါးစ်နည်းပြရာထူးမှထုတ်ပယ်ခြင်းခံရပြီးနောက်ရိုးမားကိုကိုင်တွယ်ကာချက်ချင်းပင်နည်းပြလောကသို့ပြန်လည်ဝင်ရောက်ခဲ့သူလည်းဖြစ်ပါတယ်။

မော်ရင်ဟိုဟာစပါးစ်ကို၁၇လကြာခက်ခဲစွာကိုင်တွယ်ပြီးနောက်မန်စီးတီးနှင့်ကာရာဘောင်းဖလားဗိုလ်လုပွဲမတိုင်မီရက်အနည်းငယ်အလိုတွင်စပါးစ်နည်းပြရာထူးမှထုတ်ပယ်ခြင်းခံခဲ့ရတာလည်းဖြစ်ပါတယ်။

ရိုးမားဟာပြီးခဲ့တဲ့ရာသီတုန်းကစီးရီးအေတွင်အဆင့်၇နေရာမှာသာရပ်တည်နိုင်ခဲ့ပြီးယူရိုပါလိဂ်ဆီမီးတွင်မန်ယူကိုရှုံးနိမ့်ကာထွက်ခဲ့ရပါတယ်။

Sky Sport Italian ရဲ့ဖော်ပြချက်အရမော်ရင်ဟိုဟာသူ့ရဲ့ပထမဆုံးရိုးမားလေ့ကျင့်ခန်းအစီအစဉ်မှာကစားသမား၈ဦးကိုထုတ်ပယ်ပြီးသူ့ရဲ့အစီအစဉ်တွင်မပါဝင်ကြောင်းပြသခဲ့ပါတယ်။

ထုတ်ပယ်ခြင်းခံရတဲ့ကစားသမား၈ဦးထဲမှတစ်ဦးကတော့၂၀၁၈ခုနှစ်တုန်းကအေဂျက်စ်မှပေါင်၁၅.၆သန်းဖြင့်ခေါ်ယူထားတဲ့တိုက်စစ်သမားကလွိုက်ဗတ်လည်းပါဝင်ပါတယ်။ဒါ့အပြင်ချဲလ်ဆီးနှင့်ဘာစီလိုနာစတားပီဒရိုဟာလည်းယခုနွေတွင်အသင်းသစ်ရှာဖွေရန်ပြောကြားခြင်းခံခဲ့ရပါတယ်။

ကျန်ကစားသမားများကတော့အန်တီကိုရစ်၊ရိုဘင်အိုလ်ဆင်၊ဒါဗီဒီဆန်တန်၊ဂျာဗီးယားပါစတိုရီ၊စတီဗင်အန်ဇွန်ဇီနှင့်ဖီဒီရီကိုဖာဇီယိုတို့ဖြစ်ပါတယ်။

မော်ရင်ဟိုဟာယခုနွေရာသီတွင်ရိုးမားအသင်းအတွက်ကစားသမားသစ်များစွာခေါ်ယူရန်စီစဉ်နေပြီးအာဆင်နယ်မှဇာခါ၊ဝုဗ်စတားရုဇ်ပါထရီစီယိုတို့ပါဝင်ပါတယ်။

ZawGyi

ပထမဆုံး႐ိုးမားရာသီႀကိဳေလ့က်င့္ခန္းအစီအစဥ္တြင္ ကစားသမား ၈ ဦးကို ေမာ္ရင္ဟို ထုတ္ပယ္

ဟိုေဆးေမာ္ရင္ဟိုဟာ႐ိုးမားအသင္းႏွင့္အတူျပဳလုပ္တဲ့ပထမဆုံးေလ့က်င့္ခန္းအစီအစဥ္မွာဘဲပထမအသင္းမွာကစားသမား၈ဦးကိုဖယ္ရွားကာ႐ိုးမားတြင္ႀကီးမားတဲ့ျပဳျပင္ေျပာင္းလဲမႈျပဳလုပ္လာပါတယ္။

အသက္၅၈ႏွစ္ရွိေပၚတူဂီလူမ်ိဳးနည္းျပဟာဧၿပီလတုန္းကစပါးစ္နည္းျပရာထူးမွထုတ္ပယ္ျခင္းခံရၿပီးေနာက္႐ိုးမားကိုကိုင္တြယ္ကာခ်က္ခ်င္းပင္နည္းျပေလာကသို႔ျပန္လည္ဝင္ေရာက္ခဲ့သူလည္းျဖစ္ပါတယ္။

ေမာ္ရင္ဟိုဟာစပါးစ္ကို၁၇လၾကာခက္ခဲစြာကိုင္တြယ္ၿပီးေနာက္မန္စီးတီးႏွင့္ကာရာေဘာင္းဖလားဗိုလ္လုပြဲမတိုင္မီရက္အနည္းငယ္အလိုတြင္စပါးစ္နည္းျပရာထူးမွထုတ္ပယ္ျခင္းခံခဲ့ရတာလည္းျဖစ္ပါတယ္။

႐ိုးမားဟာၿပီးခဲ့တဲ့ရာသီတုန္းကစီးရီးေအတြင္အဆင့္၇ေနရာမွာသာရပ္တည္ႏိုင္ခဲ့ၿပီးယူ႐ိုပါလိဂ္ဆီမီးတြင္မန္ယူကိုရႈံးနိမ့္ကာထြက္ခဲ့ရပါတယ္။

Sky Sport Italian ရဲ႕ေဖာ္ျပခ်က္အရေမာ္ရင္ဟိုဟာသူ႔ရဲ႕ပထမဆုံး႐ိုးမားေလ့က်င့္ခန္းအစီအစဥ္မွာကစားသမား၈ဦးကိုထုတ္ပယ္ၿပီးသူ႔ရဲ႕အစီအစဥ္တြင္မပါဝင္ေၾကာင္းျပသခဲ့ပါတယ္။

ထုတ္ပယ္ျခင္းခံရတဲ့ကစားသမား၈ဦးထဲမွတစ္ဦးကေတာ့၂၀၁၈ခုႏွစ္တုန္းကေအဂ်က္စ္မွေပါင္၁၅.၆သန္းျဖင့္ေခၚယူထားတဲ့တိုက္စစ္သမားကလြိဳက္ဗတ္လည္းပါဝင္ပါတယ္။ဒါ့အျပင္ခ်ဲလ္ဆီးႏွင့္ဘာစီလိုနာစတားပီဒ႐ိုဟာလည္းယခုေႏြတြင္အသင္းသစ္ရွာေဖြရန္ေျပာၾကားျခင္းခံခဲ့ရပါတယ္။

က်န္ကစားသမားမ်ားကေတာ့အန္တီကိုရစ္၊႐ိုဘင္အိုလ္ဆင္၊ဒါဗီဒီဆန္တန္၊ဂ်ာဗီးယားပါစတိုရီ၊စတီဗင္အန္ဇြန္ဇီႏွင့္ဖီဒီရီကိုဖာဇီယိုတို႔ျဖစ္ပါတယ္။

ေမာ္ရင္ဟိုဟာယခုေႏြရာသီတြင္႐ိုးမားအသင္းအတြက္ကစားသမားသစ္မ်ားစြာေခၚယူရန္စီစဥ္ေနၿပီးအာဆင္နယ္မွဇာခါ၊ဝုဗ္စတား႐ုဇ္ပါထရီစီယိုတို႔ပါဝင္ပါတယ္။