ပထမဆုံးလာလီဂါပွဲကစားခွင့်ရရှိခဲ့တဲ့ YouTube နှင့် TikTok စတားပီဒရိုဘီနီတို

ကာဒစ်ဇ်တိုက်စစ်မှူးပီဒရိုဘီနီတိုဟာစနေနေ့တုန်းကသူ့ရဲ့ပထမဆုံးပရော်ဖက်ရှင်နယ်ပွဲကစားခွင့်ရရှိခဲ့ပါတယ်။

ဘီနီတိုဟာဗလင်စီယာနှင့်ဂိုးမရှိသရေကျတဲ့ပွဲစဉ်မှာအရန်အဖြစ်ဝင်ရောက်ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ယင်းပွဲမှာဗလင်စီယာဟာဘောလုံးပိုင်ဆိုင်မှုများစွာရရှိခဲ့ပြီးကာဒစ်ဇ်ဘက်သို့ဂိုးပေါက်ခြိမ်းခြောက်မှု၁၆ကြိမ်အထိပြုလုပ်ခဲ့ကာကာဒစ်ဇ်ကတော့၂ကြိမ်တည်းသာပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါပေမယ့်အသက်၂၁နှစ်ရှိတိုက်စစ်မှူးအတွက်တော့ယင်းပွဲစဉ်ကဘဝမှာမမေ့နိုင်တဲ့ပွဲတစ်ပွဲဖြစ်လာပါတယ်။တကယ်တော့ဘီနီတိုကအလွန်ဘဲထူးခြားနေပါတယ်။

သူဟာကာဒစ်ဇ်ကစားသမားဟောင်းအယ်ဘာတိုဘီနီတိုရဲ့သားဖြစ်ပြီး TikTok မှာ ပရိသတ်၁.၄သန်းနှင့် YouTube မှာ Subscriber ၁ သိန်းပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

သူဟာဗလင်စီယာနှင့်ပွဲစဉ်မှာမန်စီးတီးတိုက်စစ်မှူးဟောင်းနီဂရီဒိုအစားလူစားဝင်ရောက်ကစားခွင့်ရရှိခဲ့တာပါ။

ဘီနီတိုက “အဆင့်မြင့်တန်းပွဲကစားခွင့်ရရှိရေးကကလေးတိုင်းရဲ့အိပ်မက်ပါ။ဒါပေမယ့် ငယ်စဉ်ကတည်းကကိုယ်လေးစားရတဲ့ကစားသမားတစ်ဦးနဲ့လူစားလဲပြီးဝင်ရောက်ကစားရတာကတော့ဘယ်လိုမရှင်းနိုင်တဲ့ခံစားချက်ပါ။ဒီခရီးစဉ်အတွက်ကူညီထောက်ပံ့သူတိုင်းကိုကျေးဇူးတင်ပါတယ်။ကျွန်တော့်အိပ်မက်တစ်ခုပြည့်လာပါပြီ။ဒါပေမယ့်အဆုံးမသတ်ချင်သေးပါဘူး”လို့ပြောကြားသွားပါတယ်။

သူဟာအယ်လ်မာရီယာ၊ဆိုက်ပရပ်စ်ကလပ် အနော်သော်ဆစ်၊ဆွမ်စီး၊အမေရိကန်ကလပ်များဖြစ်ကြတဲ့ အိုကလာဟိုးမားဝက်စ်လေအန်တက္ကသိုလ်အသင်း၊ဂါနာဝက်ဘူးဒေါ့တို့တွင်ကစားခဲ့ဖူးသူလည်းဖြစ်ပါတယ်။

ZawGyi

ပထမဆုံးလာလီဂါပြဲကစားခြင့္ရရွိခဲ့တဲ့ YouTube ႏွင့္ TikTok စတားပီဒ႐ိုဘီနီတို

ကာဒစ္ဇ္တိုက္စစ္မႉးပီဒ႐ိုဘီနီတိုဟာစေနေန႔တုန္းကသူ႔ရဲ႕ပထမဆုံးပေရာ္ဖက္ရွင္နယ္ပြဲကစားခြင့္ရရွိခဲ့ပါတယ္။

ဘီနီတိုဟာဗလင္စီယာႏွင့္ဂိုးမရွိသေရက်တဲ့ပြဲစဥ္မွာအရန္အျဖစ္ဝင္ေရာက္ကစားခြင့္ရရွိခဲ့တာျဖစ္ပါတယ္။ယင္းပြဲမွာဗလင္စီယာဟာေဘာလုံးပိုင္ဆိုင္မႈမ်ားစြာရရွိခဲ့ၿပီးကာဒစ္ဇ္ဘက္သို႔ဂိုးေပါက္ၿခိမ္းေျခာက္မႈ၁၆ႀကိမ္အထိျပဳလုပ္ခဲ့ကာကာဒစ္ဇ္ကေတာ့၂ႀကိမ္တည္းသာျပဳလုပ္ႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္အသက္၂၁ႏွစ္ရွိတိုက္စစ္မႉးအတြက္ေတာ့ယင္းပြဲစဥ္ကဘဝမွာမေမ့ႏိုင္တဲ့ပြဲတစ္ပြဲျဖစ္လာပါတယ္။တကယ္ေတာ့ဘီနီတိုကအလြန္ဘဲထူးျခားေနပါတယ္။

သူဟာကာဒစ္ဇ္ကစားသမားေဟာင္းအယ္ဘာတိုဘီနီတိုရဲ႕သားျဖစ္ၿပီး TikTok မွာ ပရိသတ္၁.၄သန္းႏွင့္ YouTube မွာ Subscriber ၁ သိန္းပိုင္ဆိုင္ထားသူျဖစ္ပါတယ္။

သူဟာဗလင္စီယာႏွင့္ပြဲစဥ္မွာမန္စီးတီးတိုက္စစ္မႉးေဟာင္းနီဂရီဒိုအစားလူစားဝင္ေရာက္ကစားခြင့္ရရွိခဲ့တာပါ။

ဘီနီတိုက “အဆင့္ျမင့္တန္းပြဲကစားခြင့္ရရွိေရးကကေလးတိုင္းရဲ႕အိပ္မက္ပါ။ဒါေပမယ့္ ငယ္စဥ္ကတည္းကကိုယ္ေလးစားရတဲ့ကစားသမားတစ္ဦးနဲ႔လူစားလဲၿပီးဝင္ေရာက္ကစားရတာကေတာ့ဘယ္လိုမရွင္းႏိုင္တဲ့ခံစားခ်က္ပါ။ဒီခရီးစဥ္အတြက္ကူညီေထာက္ပံ့သူတိုင္းကိုေက်းဇူးတင္ပါတယ္။ကြၽန္ေတာ့္အိပ္မက္တစ္ခုျပည့္လာပါၿပီ။ဒါေပမယ့္အဆုံးမသတ္ခ်င္ေသးပါဘူး”လို႔ေျပာၾကားသြားပါတယ္။

သူဟာအယ္လ္မာရီယာ၊ဆိုက္ပရပ္စ္ကလပ္ အေနာ္ေသာ္ဆစ္၊ဆြမ္စီး၊အေမရိကန္ကလပ္မ်ားျဖစ္ၾကတဲ့ အိုကလာဟိုးမားဝက္စ္ေလအန္တကၠသိုလ္အသင္း၊ဂါနာဝက္ဘူးေဒါ့တို႔တြင္ကစားခဲ့ဖူးသူလည္းျဖစ္ပါတယ္။