ပထမဆုံး ခေါ်ယူလိုတဲ့ ကစားသမား ၄ ဦးကို ဘာကာဘုတ်အဖွဲ့ထံ ဇာဗီး သတင်းပို့ထားပြီးဖြစ်

မနက်ဖြန်တွင်ဘာစီလိုနာနည်းပြအဖြစ်ခန့်အပ်ခြင်းခံရမယ်လို့သတင်းများထွက်ပေါ်နေတဲ့ဇာဗီးဟာနန်ဒက်ဇ်ဟာဘာစီလိုနာနည်းပြဖြစ်လာပြီးပါကသူပထမဆုံးခေါ်ယူလိုတဲ့ကစားသမား ၄ ဦးစာရင်းကိုဘာစီလိုနာဘုတ်အဖွဲ့ထံသို့ သတင်းပို့တင်ပြထားပြီးဖြစ်ကြောင်းသိရပါတယ်။

ဇာဗီးဟာယနေ့တွင် ကာတာကလပ်အယ်လ်ဆတ်အတွက်နောက်ဆုံးပွဲကိုကိုင်တွယ်ပြီးလျှင်မနက်ဖြန်တွင်ဘာစီလိုနာသို့သွားရောက်ပါမယ်။ဒါပေမယ့်သူဟာဘာစီလိုနာကိုချက်ချင်းကိုင်တွယ်ဦးမှာဖြစ်ပြီးနိုင်ငံတကာပွဲများအပြီး နိုဝင်ဘာလ၁၈ရက်နေ့အက်စ်ပန်ညိုနှင့်ကစားရမယ့်ကတ်တလန်ဒါဘီပွဲကိုစတင်ကိုင်တွယ်မှာဖြစ်ပြီးနှစ်ပတ်ကြာပြင်ဆင်မှုပြုလုပ်ပါမယ်။

ယနေ့တွင် စပိန်သတင်းစာ El Nacional ရဲ့ဖော်ပြချက်အရာဇာဗီးဟာသူခေါ်ယူလိုတဲ့ကစားသမားစာရင်းကိုဘာစီလိုနာဘုတ်အဖွဲ့ထံသို့တင်ပြထားပြီးဖြစ်ကြောင်းသိရပါတယ်။

ဇာဗီးခေါ်ယူလိုတဲ့ကစားသမားများစာရင်းတွင်မန်ယူကွင်းလယ်ကစားသမားပေါလ်ပေါ့ဘာကထိပ်ဆုံးမှပါဝင်နေပါတယ်။ပြင်သစ်ကွင်းလယ်ကစားသမားရဲ့စာချုပ်ကယခုရာသီအကုန်တွင်ကုန်ဆုံးမှာဖြစ်ပြီးလာမယ့်ဇန်နဝါရီလမှစတင်ကာနိုင်ငံခြားကလပ်နှင့်အကြိုစာချုပ်ချုပ်ဆိုနိုင်ပါမယ်။

ဇာဗီးရဲ့ဒုတိယပစ်မှတ်ကဘာစီလိုနာအနေဖြင့်ခေါ်ယူရန်မျှော်လင့်ချက်နည်းပါးတဲ့ဒေါ့မွန်တိုက်စစ်မှူးအာလင်းဟာလန်းဖြစ်ပါတယ်။ဒေါ့မွန်တိုက်စစ်မှူးဟာလာမယ့်နွေရာသီတွင်အသင်းပြောင်းရန်သေချာနေပြီးသူ့စာချုပ်အတွင်းတွင်ပေါင်၆၈သန်းဖြင့်ခေါ်ယူနိုင်မယ့်အချက်ပါဝင်နေပါတယ်။သူ့ကိုမန်စီးတီး၊မန်ယူ၊ရီးရဲလ်မက်ဒရစ်နှင့်ဘိုင်ယန်တို့ကစိတ်ဝင်စားနေရာငွေကြေးအင်အားနည်းနေတဲ့ဘာကာအတွက်ခေါ်ယူနိုင်ရန်မျှော်လင့်ချက်နည်းပါးပါတယ်။

ဇာဗီးရဲ့နောက်ထပ်ပစ်မှတ်ကတော့ La Masia အကယ်ဒမီထွက်လိုက်ဇစ် အလယ်တန်းကစားသမားဒါနီအိုလ်မိုဖြစ်ပါတယ်။အသက်၂၃နှစ်ရှိအလယ်တန်းတိုက်စစ်သမားဟာဘာစီလိုနာမှထွက်ခွာပြီးနောက်ခရိုအေးရှားကလပ်ဒိုင်နမိုဇာဂရက်တွင်ကျင်လည်ခဲ့ကာလိုက်ဇစ်သို့ရောက်ပြီးနောက် ဥရောပအကောင်းဆုံးလူငယ်ကစားသမားများထဲမှတစ်ဦးဖြစ်လာခဲ့သူဖြစ်ပါတယ်။သူဟာလက်ရှိအချိန်တွင်စပိန်အသင်းတွင်ပုံမှန်ရွေးချယ်ခံနေရတဲ့ကစားသမားဖြစ်နေပြီဖြစ်ပါတယ်။

ဇာဗီးရဲ့နောက်ဆုံးပစ်မှတ်ကတော့အားနည်းနေတဲ့ခံစစ်အတွက်ဆီဗီလာဗဟိုနောက်ခံလူဂျူးခွန်ဒီကိုခေါ်ယူနေတာဖြစ်ပါတယ်။ပြင်သစ်လက်ရွေးစင်နောက်ခံလူဟာနွေရာသီတုန်းကချဲလ်ဆီးသို့ရောက်လုနီးပါးဖြစ်ခဲ့သူဖြစ်ပြီး သောမတ်စ်တူချယ်ရဲ့ပစ်မှတ်ထားခြင်းခံနေရတုန်းဖြစ်ပါတယ်။

ZawGyi

ပထမဆုံး ေခၚယူလိုတဲ့ ကစားသမား ၄ ဦးကို ဘာကာဘုတ္အဖြဲ႕ထံ ဇာဗီး သတင္းပို႔ထားၿပီးျဖစ္

မနက္ျဖန္တြင္ဘာစီလိုနာနည္းျပအျဖစ္ခန႔္အပ္ျခင္းခံရမယ္လို႔သတင္းမ်ားထြက္ေပၚေနတဲ့ဇာဗီးဟာနန္ဒက္ဇ္ဟာဘာစီလိုနာနည္းျပျဖစ္လာၿပီးပါကသူပထမဆုံးေခၚယူလိုတဲ့ကစားသမား ၄ ဦးစာရင္းကိုဘာစီလိုနာဘုတ္အဖြဲ႕ထံသို႔ သတင္းပို႔တင္ျပထားၿပီးျဖစ္ေၾကာင္းသိရပါတယ္။

ဇာဗီးဟာယေန႔တြင္ ကာတာကလပ္အယ္လ္ဆတ္အတြက္ေနာက္ဆုံးပြဲကိုကိုင္တြယ္ၿပီးလွ်င္မနက္ျဖန္တြင္ဘာစီလိုနာသို႔သြားေရာက္ပါမယ္။ဒါေပမယ့္သူဟာဘာစီလိုနာကိုခ်က္ခ်င္းကိုင္တြယ္ဦးမွာျဖစ္ၿပီးႏိုင္ငံတကာပြဲမ်ားအၿပီး ႏိုဝင္ဘာလ၁၈ရက္ေန႔အက္စ္ပန္ညိဳႏွင့္ကစားရမယ့္ကတ္တလန္ဒါဘီပြဲကိုစတင္ကိုင္တြယ္မွာျဖစ္ၿပီးႏွစ္ပတ္ၾကာျပင္ဆင္မႈျပဳလုပ္ပါမယ္။

ယေန႔တြင္ စပိန္သတင္းစာ El Nacional ရဲ႕ေဖာ္ျပခ်က္အရာဇာဗီးဟာသူေခၚယူလိုတဲ့ကစားသမားစာရင္းကိုဘာစီလိုနာဘုတ္အဖြဲ႕ထံသို႔တင္ျပထားၿပီးျဖစ္ေၾကာင္းသိရပါတယ္။

ဇာဗီးေခၚယူလိုတဲ့ကစားသမားမ်ားစာရင္းတြင္မန္ယူကြင္းလယ္ကစားသမားေပါလ္ေပါ့ဘာကထိပ္ဆုံးမွပါဝင္ေနပါတယ္။ျပင္သစ္ကြင္းလယ္ကစားသမားရဲ႕စာခ်ဳပ္ကယခုရာသီအကုန္တြင္ကုန္ဆုံးမွာျဖစ္ၿပီးလာမယ့္ဇန္နဝါရီလမွစတင္ကာႏိုင္ငံျခားကလပ္ႏွင့္အႀကိဳစာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ပါမယ္။

ဇာဗီးရဲ႕ဒုတိယပစ္မွတ္ကဘာစီလိုနာအေနျဖင့္ေခၚယူရန္ေမွ်ာ္လင့္ခ်က္နည္းပါးတဲ့ေဒါ့မြန္တိုက္စစ္မႉးအာလင္းဟာလန္းျဖစ္ပါတယ္။ေဒါ့မြန္တိုက္စစ္မႉးဟာလာမယ့္ေႏြရာသီတြင္အသင္းေျပာင္းရန္ေသခ်ာေနၿပီးသူ႔စာခ်ဳပ္အတြင္းတြင္ေပါင္၆၈သန္းျဖင့္ေခၚယူႏိုင္မယ့္အခ်က္ပါဝင္ေနပါတယ္။သူ႔ကိုမန္စီးတီး၊မန္ယူ၊ရီးရဲလ္မက္ဒရစ္ႏွင့္ဘိုင္ယန္တို႔ကစိတ္ဝင္စားေနရာေငြေၾကးအင္အားနည္းေနတဲ့ဘာကာအတြက္ေခၚယူႏိုင္ရန္ေမွ်ာ္လင့္ခ်က္နည္းပါးပါတယ္။

ဇာဗီးရဲ႕ေနာက္ထပ္ပစ္မွတ္ကေတာ့ La Masia အကယ္ဒမီထြက္လိုက္ဇစ္ အလယ္တန္းကစားသမားဒါနီအိုလ္မိုျဖစ္ပါတယ္။အသက္၂၃ႏွစ္ရွိအလယ္တန္းတိုက္စစ္သမားဟာဘာစီလိုနာမွထြက္ခြာၿပီးေနာက္ခ႐ိုေအးရွားကလပ္ဒိုင္နမိုဇာဂရက္တြင္က်င္လည္ခဲ့ကာလိုက္ဇစ္သို႔ေရာက္ၿပီးေနာက္ ဥေရာပအေကာင္းဆုံးလူငယ္ကစားသမားမ်ားထဲမွတစ္ဦးျဖစ္လာခဲ့သူျဖစ္ပါတယ္။သူဟာလက္ရွိအခ်ိန္တြင္စပိန္အသင္းတြင္ပုံမွန္ေ႐ြးခ်ယ္ခံေနရတဲ့ကစားသမားျဖစ္ေနၿပီျဖစ္ပါတယ္။

ဇာဗီးရဲ႕ေနာက္ဆုံးပစ္မွတ္ကေတာ့အားနည္းေနတဲ့ခံစစ္အတြက္ဆီဗီလာဗဟိုေနာက္ခံလူဂ်ဴးခြန္ဒီကိုေခၚယူေနတာျဖစ္ပါတယ္။ျပင္သစ္လက္ေ႐ြးစင္ေနာက္ခံလူဟာေႏြရာသီတုန္းကခ်ဲလ္ဆီးသို႔ေရာက္လုနီးပါးျဖစ္ခဲ့သူျဖစ္ၿပီး ေသာမတ္စ္တူခ်ယ္ရဲ႕ပစ္မွတ္ထားျခင္းခံေနရတုန္းျဖစ္ပါတယ္။