ပထမဆုံး ချန်ပီယံလိဂ်ပွဲမှာ အမိုက်စားဂိုးတစ်ဂိုးကို သွင်းယူနိုင်ခဲ့တဲ့ ဂျက်ဂရဲလ်လစ်ရှ်

ဂျက်ဂရဲလ်လစ်ရှ်ဟာဘယ်တော့မှမမေ့နိုင်တဲ့သူ့ရဲ့ချန်ပီယံလိဂ်ပထမဆုံးပွဲနှင့်ကြုံဆုံခဲ့ရပါတယ်။ဂျက်ဂရဲလ်လစ်ရှ်ဟာမနေ့ညတုန်းကအီတီဟတ်ကွင်းမှာလိုက်ဇစ်အား၆-၃ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာသူ့ရဲ့ကစားသမားဘဝတစ်လျှောက်ပထမဆုံးချန်ပီယံလိဂ်ပွဲကိုကစားခဲ့ပြီးတစ်ကိုယ်တော်အစွမ်းနဲ့လှပတဲ့ဂိုးတစ်ဂိုးကိုလည်းသွင်းယူနိုင်ခဲ့ပါတယ်။

ဗီလာအသင်းခေါင်းဆောင်ဟောင်းဟာဘယ်ခြမ်းကနေဘောလုံးရရှိပြီးနောက်ဧရိယာအတွင်းသို့ထိုးဖောက်ဝင်ရောက်ကာလှလှပပသွင်းယူခဲ့တာလည်းဖြစ်ပါတယ်။

ဂျက်ဂရဲလ်လစ်ရှ်ဟာလိုက်ဇစ်နှင့်ပွဲစဉ်မှာကိုယ်တိုင်ဂိုးသွင်းနိုင်ခဲ့ရုံသာမကနသန်အကဲ မန်စီးတီးအတွက်အဖွင့်ဂိုးသွင်းနိုင်အောင်လည်းဖန်တီးခဲ့ပါတယ်။

ဂျက်ဂရဲလ်လစ်ရှ်ဟာမနေ့ညတုန်းကပွဲစဉ်မှာအကောင်းဆုံးပုံစံဖြင့်ကစားနိုင်ခဲ့ပြီးလိုက်ဇစ်အသင်းရဲ့ခံစစ်ကိုအကြိမ်ကြိမ်ခြိမ်းခြောက်မှုများပြုလုပ်နိုင်ခဲ့ပါတယ်။

ဂျက်ဂရဲလ်လစ်ရှ်ဟာမာကိုဗန်ဘတ်စတန်၊ဝိန်းရွန်းနီတို့လိုချန်ပီယံလိဂ်ပထမဆုံးပွဲမှာဂိုးသွင်းနိုင်သူအဖြစ်မှတ်တမ်းရေးထိုးလိုက်နိုင်ခဲ့ပါပြီ။

မာကိုဗန်ဘတ်စတန်ဟာ၁၉၉၂ခုနှစ်တုန်းကအေစီမီလန်မှာကစားတုန်းကပထမဆုံးချန်ပီယံလိဂ်ပွဲမှာလေးဂိုးသွင်းနိုင်ခဲ့ပြီးဝိန်းရွန်းနီဟာလည်း၂၀၀၄ခုနှစ်တုန်းကဖီနာဘာချီနှင့်ပထမဆုံးချန်ပီယံလိဂ်ပွဲမှာဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။

ဂျက်ဂရဲလ်လစ်ရှ်ဟာဩဂုတ်လတုန်းကနော့ဝှစ်ချ်နှင့်ပွဲစဉ်မှာမန်စီးတီးအတွက်ပထမဆုံးပရီးမီးယားလိဂ်ဂိုးကိုသွင်းယူနိုင်ခဲ့ပြီးဖြစ်ပါတယ်။

လိုက်ဇစ်နှင့်ပွဲစဉ်မှာမန်စီးတီးအတွက်ဂိုးများကိုနသန်အကဲ၊မူကဲလီ(OG)၊မရာ့ဇ်(ပင်)၊ဂျက်ဂရဲလ်လစ်ရှ်၊ကန်စီလို၊ဂါဘရီရယ်ဂျီးဆပ်စ်တို့ကသွင်းယူခဲ့ပြီးလိုက်ဇစ်အတွက်ချေပဂိုးကိုခရစ္စတိုဖာအန်ကန်ကူကဟက်ထရစ်သွင်းယူခဲ့ပါတယ်။

ZawGyi

ပထမဆုံး ခ်န္ပီယံလိဂ္ပြဲမွာ အမိုက္စားဂိုးတစ္ဂိုးကို သြင္းယူႏိုင္ခဲ့တဲ့ ဂ်က္ဂရဲလ္လစ္ရွ္

ဂ်က္ဂရဲလ္လစ္ရွ္ဟာဘယ္ေတာ့မွမေမ့ႏိုင္တဲ့သူ႔ရဲ႕ခ်န္ပီယံလိဂ္ပထမဆုံးပြဲႏွင့္ႀကဳံဆုံခဲ့ရပါတယ္။ဂ်က္ဂရဲလ္လစ္ရွ္ဟာမေန႔ညတုန္းကအီတီဟတ္ကြင္းမွာလိုက္ဇစ္အား၆-၃ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္မွာသူ႔ရဲ႕ကစားသမားဘဝတစ္ေလွ်ာက္ပထမဆုံးခ်န္ပီယံလိဂ္ပြဲကိုကစားခဲ့ၿပီးတစ္ကိုယ္ေတာ္အစြမ္းနဲ႔လွပတဲ့ဂိုးတစ္ဂိုးကိုလည္းသြင္းယူႏိုင္ခဲ့ပါတယ္။

ဗီလာအသင္းေခါင္းေဆာင္ေဟာင္းဟာဘယ္ျခမ္းကေနေဘာလုံးရရွိၿပီးေနာက္ဧရိယာအတြင္းသို႔ထိုးေဖာက္ဝင္ေရာက္ကာလွလွပပသြင္းယူခဲ့တာလည္းျဖစ္ပါတယ္။

ဂ်က္ဂရဲလ္လစ္ရွ္ဟာလိုက္ဇစ္ႏွင့္ပြဲစဥ္မွာကိုယ္တိုင္ဂိုးသြင္းႏိုင္ခဲ့႐ုံသာမကနသန္အကဲ မန္စီးတီးအတြက္အဖြင့္ဂိုးသြင္းႏိုင္ေအာင္လည္းဖန္တီးခဲ့ပါတယ္။

ဂ်က္ဂရဲလ္လစ္ရွ္ဟာမေန႔ညတုန္းကပြဲစဥ္မွာအေကာင္းဆုံးပုံစံျဖင့္ကစားႏိုင္ခဲ့ၿပီးလိုက္ဇစ္အသင္းရဲ႕ခံစစ္ကိုအႀကိမ္ႀကိမ္ၿခိမ္းေျခာက္မႈမ်ားျပဳလုပ္ႏိုင္ခဲ့ပါတယ္။

ဂ်က္ဂရဲလ္လစ္ရွ္ဟာမာကိုဗန္ဘတ္စတန္၊ဝိန္း႐ြန္းနီတို႔လိုခ်န္ပီယံလိဂ္ပထမဆုံးပြဲမွာဂိုးသြင္းႏိုင္သူအျဖစ္မွတ္တမ္းေရးထိုးလိုက္ႏိုင္ခဲ့ပါၿပီ။

မာကိုဗန္ဘတ္စတန္ဟာ၁၉၉၂ခုႏွစ္တုန္းကေအစီမီလန္မွာကစားတုန္းကပထမဆုံးခ်န္ပီယံလိဂ္ပြဲမွာေလးဂိုးသြင္းႏိုင္ခဲ့ၿပီးဝိန္း႐ြန္းနီဟာလည္း၂၀၀၄ခုႏွစ္တုန္းကဖီနာဘာခ်ီႏွင့္ပထမဆုံးခ်န္ပီယံလိဂ္ပြဲမွာဟက္ထရစ္သြင္းယူႏိုင္ခဲ့ပါတယ္။

ဂ်က္ဂရဲလ္လစ္ရွ္ဟာဩဂုတ္လတုန္းကေနာ့ဝွစ္ခ်္ႏွင့္ပြဲစဥ္မွာမန္စီးတီးအတြက္ပထမဆုံးပရီးမီးယားလိဂ္ဂိုးကိုသြင္းယူႏိုင္ခဲ့ၿပီးျဖစ္ပါတယ္။

လိုက္ဇစ္ႏွင့္ပြဲစဥ္မွာမန္စီးတီးအတြက္ဂိုးမ်ားကိုနသန္အကဲ၊မူကဲလီ(OG)၊မရာ့ဇ္(ပင္)၊ဂ်က္ဂရဲလ္လစ္ရွ္၊ကန္စီလို၊ဂါဘရီရယ္ဂ်ီးဆပ္စ္တို႔ကသြင္းယူခဲ့ၿပီးလိုက္ဇစ္အတြက္ေခ်ပဂိုးကိုခရစၥတိုဖာအန္ကန္ကူကဟက္ထရစ္သြင္းယူခဲ့ပါတယ္။