ပထမပိုင်းတွင် ဂျာအိုဖီးလစ်ကို ဘာကြောင့် လူစားလဲခဲ့ရသလဲ ဂရေဟမ်ပေါ်တာ ရှင်းလင်းလာ

ဂရေဟမ်ပေါ်တာကလက်စတာကိုအနိုင်ရတဲ့ပွဲရဲ့ပထမပိုင်းအပြီးတွ၍်ဂျာအိုဖီးလစ်အားဘာကြောင့်လူစားလဲလှယ်မှုပြုလုပ်ခဲ့ရသလဲရှင်းလင်းလာပါတယ်။

အက်သလက်တီကိုမှအငှားဖြင့်လာရောက်ကစားနေတဲ့ကစားသမားဟာအဆုံးသတ်ပိုင်းမသေချာမှုနှင့်အတူချဲလ်ဆီးစတားဟောင်းရဲ့စိတ်ပျက်စရာကောင်းတဲ့ကစားသမားလို့ဝေဖန်ခြင်းခံနေရသူလည်းဖြစ်ပါတယ်။

အသက်၂၃နှစ်ရှိဖီးလစ်ဟာနည်းပြဒီယေဂိုဆီမြွန်နီနှင့်အဆင်မပြေဖြစ်ပြီးနောက်ချဲလ်ဆီးသို့ရာသီဝက်အငှားဖြင့်ရောက်လာခဲ့သူဖြစ်ပါတယ်။သူဟာကလပ်သစ်အတွက်၈ပွဲကစားထားရာမှာ၁ဂိုးတည်းသာသွင်းထားနိုင်ပါတယ်။

ပေါ်တူဂီလက်ရွေးစင်စတားဟာစနေနေ့ညတုန်းကလက်စတာနှင့်ရင်ဆိုင်ရတဲ့ပွဲတွင်ခြေစွမ်းပြနိုင်ခြင်းမရှိမှုကြောင့်ပထမပိုင်းအပြီးတွင်လူစားလဲလှယ်ခြင်းခံရမှုနှင့်အတူ စတမ်းဖို့ဒ်ဘရစ်ချ်သို့အပြီးသတ်ပြောင်းရွှေ့ရေးမရေမရာဖြစ်လာခဲ့ပါတယ်။

သူဟာလက်စတာကို၃-၁ဖြင့်အနိုင်ရတဲ့ပွဲစဉ်ရဲ့ပထမပိုင်းတွင်ဂိုးသွင်းနိုင်ခဲ့ပေမဲ့လည်းလူကျွံဘောအဖြစ်သတ်မှတ်ခံရလို့ဂိုးမရခဲ့ပါဘူး။

သူဟာလက်စတာအသင်းချေပဂိုးရရှိသွားမှုအတွက်အဓိကနေရာမှပါဝင်ခဲ့သူဖြစ်ပါတယ်။ဒါကြောင့်လည်းဂရေဟမ်ပေါ်တာဟာပထမပိုင်းအပြီးတွင်ဖီးလစ်အစားဂယ်လာဂါကိုထည့်သွင်းခဲ့ပါတယ်။

ယခုအခါဖီးလစ်ကိုလူးစားလဲမှုနဲ့ပတ်သက်ပြီးဂရေဟမ်ပေါ်တာက “နည်းစနစ်ပိုင်းအရနောက်ထပ်အလယ်တန်းကစားသမားတစ်ဦးထပ်သုံးချင်ခဲ့တယ်။ဘောလုံးဖျက်နိုင်တဲ့ကစားသမားမျိုးပေါ့။ကွဲပြားတဲ့ကစားသမားပါ။ကော်နာကအဲဒီနေရာမှာကောင်းတယ်လို့ထင်တယ်”လို့ရှင်းလင်းလာပါတယ်။

ချဲလ်ဆီးအလယ်တန်းကစားသမားဟောင်းခရစ်ဘာလေကတော့ဖီးလစ်ကိုစိတ်ပျက်စရာကောင်းတဲ့ကစားသမားလို့ဝေဖန်သွားပါတယ်။

၎င်းက “တချို့သူလုပ်တဲ့အရာတွေကကောင်းပါတယ်။ဒါပေမဲ့အဆုံးသတ်ပိုင်းကဘာမှအလုပ်မဖြစ်ဘူး။ဂိုးသွင်းခဲ့တယ်။လူကျွံနေတယ်။ပြီးတော့နောက်ထပ်တစ်ကြိမ်စိတ်အားထက်သန်မှုပျောက်နေပြန်တယ်”လို့ဝေဖန်သွားပါတယ်။

ZawGyi

ပထမပိုင္းတြင္ ဂ်ာအိုဖီးလစ္ကို ဘာေၾကာင့္ လူစားလဲခဲ့ရသလဲ ဂေရဟမ္ေပၚတာ ရွင္းလင္းလာ

ဂေရဟမ္ေပၚတာကလက္စတာကိုအႏိုင္ရတဲ့ပြဲရဲ႕ပထမပိုင္းအၿပီးတြ၍္ဂ်ာအိုဖီးလစ္အားဘာေၾကာင့္လူစားလဲလွယ္မႈျပဳလုပ္ခဲ့ရသလဲရွင္းလင္းလာပါတယ္။

အက္သလက္တီကိုမွအငွားျဖင့္လာေရာက္ကစားေနတဲ့ကစားသမားဟာအဆုံးသတ္ပိုင္းမေသခ်ာမႈႏွင့္အတူခ်ဲလ္ဆီးစတားေဟာင္းရဲ႕စိတ္ပ်က္စရာေကာင္းတဲ့ကစားသမားလို႔ေဝဖန္ျခင္းခံေနရသူလည္းျဖစ္ပါတယ္။

အသက္၂၃ႏွစ္ရွိဖီးလစ္ဟာနည္းျပဒီေယဂိုဆီႁမြန္နီႏွင့္အဆင္မေျပျဖစ္ၿပီးေနာက္ခ်ဲလ္ဆီးသို႔ရာသီဝက္အငွားျဖင့္ေရာက္လာခဲ့သူျဖစ္ပါတယ္။သူဟာကလပ္သစ္အတြက္၈ပြဲကစားထားရာမွာ၁ဂိုးတည္းသာသြင္းထားႏိုင္ပါတယ္။

ေပၚတူဂီလက္ေ႐ြးစင္စတားဟာစေနေန႔ညတုန္းကလက္စတာႏွင့္ရင္ဆိုင္ရတဲ့ပြဲတြင္ေျခစြမ္းျပႏိုင္ျခင္းမရွိမႈေၾကာင့္ပထမပိုင္းအၿပီးတြင္လူစားလဲလွယ္ျခင္းခံရမႈႏွင့္အတူ စတမ္းဖို႔ဒ္ဘရစ္ခ်္သို႔အၿပီးသတ္ေျပာင္းေ႐ႊ႕ေရးမေရမရာျဖစ္လာခဲ့ပါတယ္။

သူဟာလက္စတာကို၃-၁ျဖင့္အႏိုင္ရတဲ့ပြဲစဥ္ရဲ႕ပထမပိုင္းတြင္ဂိုးသြင္းႏိုင္ခဲ့ေပမဲ့လည္းလူကြၽံေဘာအျဖစ္သတ္မွတ္ခံရလို႔ဂိုးမရခဲ့ပါဘူး။

သူဟာလက္စတာအသင္းေခ်ပဂိုးရရွိသြားမႈအတြက္အဓိကေနရာမွပါဝင္ခဲ့သူျဖစ္ပါတယ္။ဒါေၾကာင့္လည္းဂေရဟမ္ေပၚတာဟာပထမပိုင္းအၿပီးတြင္ဖီးလစ္အစားဂယ္လာဂါကိုထည့္သြင္းခဲ့ပါတယ္။

ယခုအခါဖီးလစ္ကိုလူးစားလဲမႈနဲ႔ပတ္သက္ၿပီးဂေရဟမ္ေပၚတာက “နည္းစနစ္ပိုင္းအရေနာက္ထပ္အလယ္တန္းကစားသမားတစ္ဦးထပ္သုံးခ်င္ခဲ့တယ္။ေဘာလုံးဖ်က္ႏိုင္တဲ့ကစားသမားမ်ိဳးေပါ့။ကြဲျပားတဲ့ကစားသမားပါ။ေကာ္နာကအဲဒီေနရာမွာေကာင္းတယ္လို႔ထင္တယ္”လို႔ရွင္းလင္းလာပါတယ္။

ခ်ဲလ္ဆီးအလယ္တန္းကစားသမားေဟာင္းခရစ္ဘာေလကေတာ့ဖီးလစ္ကိုစိတ္ပ်က္စရာေကာင္းတဲ့ကစားသမားလို႔ေဝဖန္သြားပါတယ္။

၎က “တခ်ိဳ႕သူလုပ္တဲ့အရာေတြကေကာင္းပါတယ္။ဒါေပမဲ့အဆုံးသတ္ပိုင္းကဘာမွအလုပ္မျဖစ္ဘူး။ဂိုးသြင္းခဲ့တယ္။လူကြၽံေနတယ္။ၿပီးေတာ့ေနာက္ထပ္တစ္ႀကိမ္စိတ္အားထက္သန္မႈေပ်ာက္ေနျပန္တယ္”လို႔ေဝဖန္သြားပါတယ္။