ပထမအကြိမ်ကမ်းလှမ်းမှုပယ်ချခံရပြီးနောက် ကမ္ဘာ့စံချိန်တင်ကြေးဖြင့် ဘက်ပေးကို ကမ်းလှမ်းရန် စီစဉ်နေ

ရီးရဲလ်မက်ဒရစ်ဟာကိုင်လီယန်ဘက်ပေးအားခေါ်ယူရန် ပထမအကြိမ်ကမ်းလှမ်းမှုပယ်ချခြင်းခံခဲ့ရပြီးနောက်ကမ္ဘာ့စံချိိန်တင်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူရန်ပြင်ဆင်နေပါတယ်။

ပီအက်စ်ဂျီစူပါစတားဟာတစ်နှစ်စာချုပ်သက်တမ်းသာကျန်တော့သူဖြစ်ပြီးပဲရစ်မှထွက်ခွာလိုကြောင်းကလပ်တာဝန်ရှိသူများကိုပြောကြားထားသူလည်းဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာအင်္ဂါနေ့တုန်းကကိုင်လီယန်ဘက်ပေးအားပြောင်းရွှေ့ကြေးပေါင်၁၃၇သန်းဖြင့်ကမ်းလှမ်းမှုပြုလုပ်ခဲ့ပါတယ်။ပီအက်စ်ဂျီဟာဘက်ပေးအတွက်ရီးရဲလ်မက်ဒရစ်ရဲ့ကမ်းလှမ်းမှုကိုချက်ချင်းပဲပယ်ချခဲ့ပါတယ်။

ဒါပေမယ့်ပီအက်စ်ဂျီဟာတစ်နှစ်စာချုပ်သက်တမ်းသာကျန်တော့တဲ့ဘက်ပေးအတွက်ရီးရဲလ်မက်ဒရစ်ဘက်မှယင်းပမာဏအထိပေးလာမှုအပေါ်အံ့ဩသင့်ခဲ့ရကြောင်း L’Equipe ရဲ့ဖော်ပြချက်အရသိရပါတယ်။

ဥရောပတလွှားမှမီဒီယာများကရီးရဲလ်မက်ဒရစ်ဟာဘက်ပေးအားခေါ်ယူရေးအတွက်လက်လျှော့ဦးမှာမဟုတ်သေးဘဲနောက်ထပ်ကမ်းလှမ်းမှုပြုလုပ်ရန်စီစဉ်နေကြောင်းဖော်ပြနေကြပါတယ်။

ယခုတစ်ကြိမ်တွင်ရီးရဲလ်မက်ဒရစ်ဟာ၂၀၁၇ခုနှစ်တုန်းကဘာစီလိုနာမှနေမာကိုခေါ်ယူစဉ်ကပီအက်စ်ဂျီပေးခဲ့ရတဲ့ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးထက်မြင့်မားပြီးပေါင်၁၉၈သန်းဖြင့်ကမ်းလှမ်းလာဖို့ရှိကြောင်းသိရပါတယ်။

ZawGyi

ပထမအႀကိမ္ကမ္းလွမ္းမႈပယ္ခ်ခံရၿပီးေနာက္ ကမာၻ႔စံခ်ိန္တင္ေၾကးျဖင့္ ဘက္ေပးကို ကမ္းလွမ္းရန္ စီစဥ္ေန

ရီးရဲလ္မက္ဒရစ္ဟာကိုင္လီယန္ဘက္ေပးအားေခၚယူရန္ ပထမအႀကိမ္ကမ္းလွမ္းမႈပယ္ခ်ျခင္းခံခဲ့ရၿပီးေနာက္ကမာၻ႔စံခ်ိိန္တင္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေခၚယူရန္ျပင္ဆင္ေနပါတယ္။

ပီအက္စ္ဂ်ီစူပါစတားဟာတစ္ႏွစ္စာခ်ဳပ္သက္တမ္းသာက်န္ေတာ့သူျဖစ္ၿပီးပဲရစ္မွထြက္ခြာလိုေၾကာင္းကလပ္တာဝန္ရွိသူမ်ားကိုေျပာၾကားထားသူလည္းျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာအဂၤါေန႔တုန္းကကိုင္လီယန္ဘက္ေပးအားေျပာင္းေ႐ႊ႕ေၾကးေပါင္၁၃၇သန္းျဖင့္ကမ္းလွမ္းမႈျပဳလုပ္ခဲ့ပါတယ္။ပီအက္စ္ဂ်ီဟာဘက္ေပးအတြက္ရီးရဲလ္မက္ဒရစ္ရဲ႕ကမ္းလွမ္းမႈကိုခ်က္ခ်င္းပဲပယ္ခ်ခဲ့ပါတယ္။

ဒါေပမယ့္ပီအက္စ္ဂ်ီဟာတစ္ႏွစ္စာခ်ဳပ္သက္တမ္းသာက်န္ေတာ့တဲ့ဘက္ေပးအတြက္ရီးရဲလ္မက္ဒရစ္ဘက္မွယင္းပမာဏအထိေပးလာမႈအေပၚအံ့ဩသင့္ခဲ့ရေၾကာင္း L’Equipe ရဲ႕ေဖာ္ျပခ်က္အရသိရပါတယ္။

ဥေရာပတလႊားမွမီဒီယာမ်ားကရီးရဲလ္မက္ဒရစ္ဟာဘက္ေပးအားေခၚယူေရးအတြက္လက္ေလွ်ာ့ဦးမွာမဟုတ္ေသးဘဲေနာက္ထပ္ကမ္းလွမ္းမႈျပဳလုပ္ရန္စီစဥ္ေနေၾကာင္းေဖာ္ျပေနၾကပါတယ္။

ယခုတစ္ႀကိမ္တြင္ရီးရဲလ္မက္ဒရစ္ဟာ၂၀၁၇ခုႏွစ္တုန္းကဘာစီလိုနာမွေနမာကိုေခၚယူစဥ္ကပီအက္စ္ဂ်ီေပးခဲ့ရတဲ့ကမာၻ႔စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးထက္ျမင့္မားၿပီးေပါင္၁၉၈သန္းျဖင့္ကမ္းလွမ္းလာဖို႔ရွိေၾကာင္းသိရပါတယ္။