ပထမအသင်းမှ ကစားသမား ၆ ဦးကို ဖယ်ရှားရေးအတွက် ယခုအပတ်တွင် ဆိုးလ်ရှားဆွေးနွေးမည်

မန်ယူနည်းပြဆိုးလ်ရှားဟာယခုအပတ်တွင်းတွင်အသင်းတွင်နေရာပျောက်ဆုံးနေတဲ့ပထမအသင်းမှကစားသမား ခြောက်ဦးတို့အားအသင်းမှဖယ်ရှားနိုင်ရေးအတွက်ဆွေးနွေးမှုပြုလုပ်သွားမှာဖြစ်ကြောင်းသိရပါတယ်။

အခြားတစ်ဖက်တွင်မန်ယူဟာယခုဇန်နဝါရီအပြောင်းအရွှေ့မှာ၎င်းတို့ခေါ်ယူလိုတဲ့ကစားသမားကိုရရှိမယ်ဆိုပါက လည်းခေါ်ယူရေးကြိုးပမ်းသွားပါမယ်။

အခြားတစ်ဖက်မှာမန်ယူဟာအသင်းတွင်အသုံးမပြုတော့တဲ့ကစားသမားအချို့တို့ကိုအငှားချခြင်း(သို့မဟုတ်)ထွက် ခွာခွင့်ပေးခြင်းတို့ပြုလုပ်သွားပါမယ်။

မန်ယူဟာဂိုးသမားဆာဂျီယိုရိုမီယို၊နောက်ခံလူဖီးလ်ဂျုံး၊မားကို့စ်ရိုဂျို၊ဘရန်ဒွန်ဝီလီယမ်နှင့်အလယ်တန်းကစားသ မားဂျက်စီလင်ဂတ်တို့ကိုအငှားချခြင်း၊ထွက်ခွာစေခြင်းတို့ ပြုလုပ်သွားပါမယ်။

ဆိုးလ်ရှားဟာယခုအပတ်မှာကာရင်တန်လေ့ကျင့်ရေးကွင်းမှာကစားသမားများနှင့်မျက်နှာချင်းဆိုင်တွေ့ဆုံကာဆုံး ဖြတ်ချက်ချသွားပါမယ်။

ZawGyi





