ပရဟိတသူရဲကောင်းအဖြစ် လူအာရုံစိုက်ခံလာရတဲ့ ရပ်ရှ်ဖို့ဒ်ကို ဘောလုံးအပေါ်တွင်လည်း အာရုံစိုက်ရန် ဆိုးလ်ရှားပြောကြား

အိုလီဂန်းနားဆိုးလ်ရှားကမားကပ်စ်ရပ်ရှ်ဖို့ဒ်ဟာမန်ချက်စတာယူနိုက်တက်နှင့်အင်္ဂလန်ကစားသမားဘဝအပေါ်တွင်လည်းအပြည့်အဝအာရုံစိုက်မှုပြုလုပ်ရန်တိုက်တွန်းပြောကြားလာပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာဆင်းရဲနွမ်းပါးတဲ့ကလေးငယ်များအားအဟာရပြည့်အစားအစာများအခမဲ့စားခွင့်ရရှိအောင်ရှေ့တန်းမှကူညီခဲ့သလိုအစိုးရကိုလည်းပြီးခဲ့တဲ့နှစ်တုန်းကကိုဗစ်ကြောင့်ကျောင်းပိတ်စဉ်အတွင်းကလေးများအတွက်အခမဲ့စားသောက်ခွင့်ဘောင်ချာပေးလာအောင်လုပ်ဆောင်ခဲ့သူလည်းဖြစ်ပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာသူ့ရဲ့ပရဟိတလုပ်ရပ်များကြောင့်ဗြိတိန်ဘုရင်မကြီးချီးမြှင့်တဲ့ MBE ဘွဲ့ချီးမြှင့်ခြင်းခံခဲ့ရသလိုမကြာသေးမီတုန်းကမန်ချက်စတာတက္ကသိုလ်ရဲ့ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။

ဆိုးလ်ရှားဟာအသက်၂၃နှစ်ရှိရပ်ရှ်ဖို့ဒ်ရဲ့ပရဟိတလုပ်ဆောင်မှုများအပေါ်ချီးကျူးမှုပြုလုပ်သွားခဲ့ပါတယ်။ဒါပေမယ့်မန်ယူနည်းပြကရပ်ရှိဖို့ဒ်အနေဖြင့်သူ့ရဲ့အရေးအကြီးဆုံးအလုပ်ဖြစ်တဲ့ဘောလုံးအပေါ်တွင်လည်းအာရုံစိုက်ရန်တိုက်တွန်းမှုပြုလုပ်ခဲ့ပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာဩဂုတ်လတုန်းကခွဲစိတ်ကုသမှုပြုလုပ်ခဲ့တဲ့ပုခုံးဒဏ်ရာမှပြန်လည်ကောင်းမွန်လာပြီဖြစ်တာကြောင့်ယနေ့ညတွင်လက်စတာနှင့်ကစားရမယ့်ပရီးမီးယားလိဂ်ပွဲစဉ်မှာပထမဆုံးအနေဖြင့်မန်ယူလူစာရင်းမှာပါဝင်လာပါတယ်။

ဆိုးလ်ရှားက “လာမယ့်နှစ်တွေမှာမားကပ်စ်ရဲ့အကောင်းဆုံးပုံစံကိုကျွန်တော်တို့မြင်တွေ့ရမယ်ဆိုတာကျွန်တော်သိနေပါတယ်။သူဟာငယ်ငယ်လေးနဲ့အများကြီးလုပ်ပြခဲ့ပြီးဖြစ်ပါတယ်။ဒါပေမယ့်အခုသူဟာဘောလုံးသမားတစ်ဦးအတွက်အကောင်းဆုံးအသက်အရွယ်အပိုင်းအခြားသို့ရောက်နေပါတယ်။ကွင်းပြင်ပမှာသူလုပ်ပြခဲ့တာတွေကတကယ့်ကိုကောင်းမွန်လွန်းလှပါတယ်။အခုသူ့အတွက်အရေးအကြီးကဘောလုံးဖြစ်ရပါမယ်။ဘောလုံးအပေါ်မှာဘဲအာရုံစိုက်ရပါမယ်။မန်ချက်စတာယူနိုက်တက်မှာသူ့မှာစိန်ခေါ်မှုကြုံနေရပါတယ်။အင်္ဂလန်မှာကစားခွင့်ရဖို့စိန်ခေါ်မှုရှိပါတယ်။မားကပ်စ်ကယင်းစိန်ခေါ်မှုတွေကိုရင်ဆိုင်မယ့်သူမျိုးပါ။သူ့ဆီကအများကြီးလိုချင်တာလည်းသူသိထားပြီးသားပါ။ဒါပေမယ့်ကျွန်တော်တို့အနေနဲ့သူ့အကောင်းဆုံးပုံစံရောက်လာဖို့အချိန်တော့ပေးရပါမယ်”လို့ပြောကြားသွားပါတယ်။

မန်ယူဟာအနာဂတ်တွင်မားကပ်စ်ရပ်ရှ်ဖို့ဒ်အနေဖြင့်ကြွက်သားဒဏ်ရာများရရှိမှုမှရှောင်လွဲနိုင်ရန်အတွက်ခန္ဓာကိုယ်အောက်ပိုင်းကြွက်သားကို၄၀ကီလိုအထိမြှင့်တက်နေစေလိုနေပြီးခန္ဓာကိုယ်အပေါ်ပိုင်းကြွက်သားကိုလည်းပိုမိုတောင့်တင်းလာစေလိုနေကြောင်း သိရပါတယ်။

ZawGyi

ပရဟိတသူရဲေကာင္းအျဖစ္ လူအာ႐ုံစိုက္ခံလာရတဲ့ ရပ္ရွ္ဖို႔ဒ္ကို ေဘာလုံးအေပၚတြင္လည္း အာ႐ုံစိုက္ရန္ ဆိုးလ္ရွားေျပာၾကား

အိုလီဂန္းနားဆိုးလ္ရွားကမားကပ္စ္ရပ္ရွ္ဖို႔ဒ္ဟာမန္ခ်က္စတာယူႏိုက္တက္ႏွင့္အဂၤလန္ကစားသမားဘဝအေပၚတြင္လည္းအျပည့္အဝအာ႐ုံစိုက္မႈျပဳလုပ္ရန္တိုက္တြန္းေျပာၾကားလာပါတယ္။

ရပ္ရွ္ဖို႔ဒ္ဟာဆင္းရဲႏြမ္းပါးတဲ့ကေလးငယ္မ်ားအားအဟာရျပည့္အစားအစာမ်ားအခမဲ့စားခြင့္ရရွိေအာင္ေရွ႕တန္းမွကူညီခဲ့သလိုအစိုးရကိုလည္းၿပီးခဲ့တဲ့ႏွစ္တုန္းကကိုဗစ္ေၾကာင့္ေက်ာင္းပိတ္စဥ္အတြင္းကေလးမ်ားအတြက္အခမဲ့စားေသာက္ခြင့္ေဘာင္ခ်ာေပးလာေအာင္လုပ္ေဆာင္ခဲ့သူလည္းျဖစ္ပါတယ္။

ရပ္ရွ္ဖို႔ဒ္ဟာသူ႔ရဲ႕ပရဟိတလုပ္ရပ္မ်ားေၾကာင့္ၿဗိတိန္ဘုရင္မႀကီးခ်ီးျမႇင့္တဲ့ MBE ဘြဲ႕ခ်ီးျမႇင့္ျခင္းခံခဲ့ရသလိုမၾကာေသးမီတုန္းကမန္ခ်က္စတာတကၠသိုလ္ရဲ႕ဂုဏ္ထူးေဆာင္ေဒါက္တာဘြဲ႕ခ်ီးျမႇင့္ျခင္းခံခဲ့ရပါတယ္။

ဆိုးလ္ရွားဟာအသက္၂၃ႏွစ္ရွိရပ္ရွ္ဖို႔ဒ္ရဲ႕ပရဟိတလုပ္ေဆာင္မႈမ်ားအေပၚခ်ီးက်ဴးမႈျပဳလုပ္သြားခဲ့ပါတယ္။ဒါေပမယ့္မန္ယူနည္းျပကရပ္ရွိဖို႔ဒ္အေနျဖင့္သူ႔ရဲ႕အေရးအႀကီးဆုံးအလုပ္ျဖစ္တဲ့ေဘာလုံးအေပၚတြင္လည္းအာ႐ုံစိုက္ရန္တိုက္တြန္းမႈျပဳလုပ္ခဲ့ပါတယ္။

ရပ္ရွ္ဖို႔ဒ္ဟာဩဂုတ္လတုန္းကခြဲစိတ္ကုသမႈျပဳလုပ္ခဲ့တဲ့ပုခုံးဒဏ္ရာမွျပန္လည္ေကာင္းမြန္လာၿပီျဖစ္တာေၾကာင့္ယေန႔ညတြင္လက္စတာႏွင့္ကစားရမယ့္ပရီးမီးယားလိဂ္ပြဲစဥ္မွာပထမဆုံးအေနျဖင့္မန္ယူလူစာရင္းမွာပါဝင္လာပါတယ္။

ဆိုးလ္ရွားက “လာမယ့္ႏွစ္ေတြမွာမားကပ္စ္ရဲ႕အေကာင္းဆုံးပုံစံကိုကြၽန္ေတာ္တို႔ျမင္ေတြ႕ရမယ္ဆိုတာကြၽန္ေတာ္သိေနပါတယ္။သူဟာငယ္ငယ္ေလးနဲ႔အမ်ားႀကီးလုပ္ျပခဲ့ၿပီးျဖစ္ပါတယ္။ဒါေပမယ့္အခုသူဟာေဘာလုံးသမားတစ္ဦးအတြက္အေကာင္းဆုံးအသက္အ႐ြယ္အပိုင္းအျခားသို႔ေရာက္ေနပါတယ္။ကြင္းျပင္ပမွာသူလုပ္ျပခဲ့တာေတြကတကယ့္ကိုေကာင္းမြန္လြန္းလွပါတယ္။အခုသူ႔အတြက္အေရးအႀကီးကေဘာလုံးျဖစ္ရပါမယ္။ေဘာလုံးအေပၚမွာဘဲအာ႐ုံစိုက္ရပါမယ္။မန္ခ်က္စတာယူႏိုက္တက္မွာသူ႔မွာစိန္ေခၚမႈႀကဳံေနရပါတယ္။အဂၤလန္မွာကစားခြင့္ရဖို႔စိန္ေခၚမႈရွိပါတယ္။မားကပ္စ္ကယင္းစိန္ေခၚမႈေတြကိုရင္ဆိုင္မယ့္သူမ်ိဳးပါ။သူ႔ဆီကအမ်ားႀကီးလိုခ်င္တာလည္းသူသိထားၿပီးသားပါ။ဒါေပမယ့္ကြၽန္ေတာ္တို႔အေနနဲ႔သူ႔အေကာင္းဆုံးပုံစံေရာက္လာဖို႔အခ်ိန္ေတာ့ေပးရပါမယ္”လို႔ေျပာၾကားသြားပါတယ္။

မန္ယူဟာအနာဂတ္တြင္မားကပ္စ္ရပ္ရွ္ဖို႔ဒ္အေနျဖင့္ႂကြက္သားဒဏ္ရာမ်ားရရွိမႈမွေရွာင္လြဲႏိုင္ရန္အတြက္ခႏၶာကိုယ္ေအာက္ပိုင္းႂကြက္သားကို၄၀ကီလိုအထိျမႇင့္တက္ေနေစလိုေနၿပီးခႏၶာကိုယ္အေပၚပိုင္းႂကြက္သားကိုလည္းပိုမိုေတာင့္တင္းလာေစလိုေနေၾကာင္း သိရပါတယ္။