ပရိသတ်ကို လက်ခလယ်ထောင်ပြခဲ့တဲ့ အာဆင်နယ်နည်းစနစ်ဒါရိုက်တာအီဒူးရဲ့ဇနီး

အာဆင်နယ်နည်းစနစ်ဒါရိုက်တာအီဒူးရဲ့ဇနီးသည်ဟာတနင်္ဂနွေနေ့တုန်းကအမ်းမရိတ်ကွင်းတွင်ချဲလ်ဆီးအားရှုံးနိမ့်တဲ့ပွဲစဉ်တွင်အာဆင်နယ်ပရိသတ်များရှိရာဘက်သို့လက်ခလည်ထောင်ပြခဲ့ပါတယ်။

အာဆင်နယ်ဟာပြီးခဲ့တဲ့တနင်္ဂနွေနေ့တုန်းကအမ်းမရိတ်ပွဲစဉ်တွင်ချဲလ်ဆီးကိုလုံးဝမလှန်နိုင်ဘဲ၂-၀ဂိုးဖြင့်အလွယ်တကူရှုံးနိမ့်ခဲ့ပါတယ်။

အာဆင်နယ်ပရိသတ်များဟာနှစ်ပွဲဆက်အရှုံးနှင့်ကြုံနေရမှုနဲ့အတူအကြီးအကျယ်ဒေါသထွက်နေခဲ့ကြပါတယ်။အာဆင်နယ်ပရိသတ်တစ်ဦးဟာသူ့ထိုင်ခုံမှထကာအာဆင်နယ်အားကစားဒါရိုက်တာအီဒူးနှင့်ဇနီးသည်ပူလာဂက်စ်ပါရှိရာသို့ဆဲဆိုပြောကြားမှုပြုလုပ်ခဲ့ပါတယ်။

အားကစားဒါရိုက်တာအီဒူးကသူ့ဒေါသကိုထိန်းထားနိုင်ခဲ့ပေမယ့်လည်းဇနီးသည်ကတော့မထိန်းနိင်ဘဲလက်ခလယ်ပြန်ထောင်ပြခဲ့ပါတယ်။

တစ်ဖက်တွင်အာဆင်နယ်ပရိသတ်များဟာကလပ်သမိုင်းတွင်အဆိုးရွားဆုံးရာသီအစရလဒ်ဆိုးမှုနဲ့ကြုံနေရမှုအပေါ်ဒေါသထွက်ကာအာတီတာရဲ့ကားကိုဝိုင်းရံပြီး ကလပ်ကထွက်ခွာသွားရန် အော်ဟစ်ခဲ့ကြပါတယ်။

အာဆင်နယ်ပရိသတ်များဟာရလဒ်ဆိုးမှုကြောင့်အီဒူးအပါအဝင်သူ့မိသားစုဝင်များကိုလည်းပစ်မှတ်ထားကာအွန်လိုင်းတွင်တိုက်ခိုက်နေပါတယ်။

အီဒူးရဲ့သမီးဖြစ်တဲ့မာရီယာဂက်စ်ပါကသူမမှာ Instagram DM ကိုမဖွင့်ရဲလောက်အောင်ဖြစ်နေပြီးပရိသတ်များရဲ့ဒေါသတကြီးဆဲဆိုတိုက်ခိုက်မှုများစွာနဲ့ရင်ဆိုင်နေရကြောင်းဆိုထားပါတယ်။

အီဒူးဟာယခုနွေရာသီအပြောင်းအရွှေ့တွင်ကစားသမားခေါ်ယူအားဖြည့်ရာမှာပေါင်သန်း၁၃၀အထိအသုံးပြုထားပါတယ်။

ZawGyi

ပရိသတ္ကို လက္ခလယ္ေထာင္ျပခဲ့တဲ့ အာဆင္နယ္နည္းစနစ္ဒါ႐ိုက္တာအီဒူးရဲ႕ဇနီး

အာဆင္နယ္နည္းစနစ္ဒါ႐ိုက္တာအီဒူးရဲ႕ဇနီးသည္ဟာတနဂၤေႏြေန႔တုန္းကအမ္းမရိတ္ကြင္းတြင္ခ်ဲလ္ဆီးအားရႈံးနိမ့္တဲ့ပြဲစဥ္တြင္အာဆင္နယ္ပရိသတ္မ်ားရွိရာဘက္သို႔လက္ခလည္ေထာင္ျပခဲ့ပါတယ္။

အာဆင္နယ္ဟာၿပီးခဲ့တဲ့တနဂၤေႏြေန႔တုန္းကအမ္းမရိတ္ပြဲစဥ္တြင္ခ်ဲလ္ဆီးကိုလုံးဝမလွန္ႏိုင္ဘဲ၂-၀ဂိုးျဖင့္အလြယ္တကူရႈံးနိမ့္ခဲ့ပါတယ္။

အာဆင္နယ္ပရိသတ္မ်ားဟာႏွစ္ပြဲဆက္အရႈံးႏွင့္ႀကဳံေနရမႈနဲ႔အတူအႀကီးအက်ယ္ေဒါသထြက္ေနခဲ့ၾကပါတယ္။အာဆင္နယ္ပရိသတ္တစ္ဦးဟာသူ႔ထိုင္ခုံမွထကာအာဆင္နယ္အားကစားဒါ႐ိုက္တာအီဒူးႏွင့္ဇနီးသည္ပူလာဂက္စ္ပါရွိရာသို႔ဆဲဆိုေျပာၾကားမႈျပဳလုပ္ခဲ့ပါတယ္။

အားကစားဒါ႐ိုက္တာအီဒူးကသူ႔ေဒါသကိုထိန္းထားႏိုင္ခဲ့ေပမယ့္လည္းဇနီးသည္ကေတာ့မထိန္းနိင္ဘဲလက္ခလယ္ျပန္ေထာင္ျပခဲ့ပါတယ္။

တစ္ဖက္တြင္အာဆင္နယ္ပရိသတ္မ်ားဟာကလပ္သမိုင္းတြင္အဆိုး႐ြားဆုံးရာသီအစရလဒ္ဆိုးမႈနဲ႔ႀကဳံေနရမႈအေပၚေဒါသထြက္ကာအာတီတာရဲ႕ကားကိုဝိုင္းရံၿပီး ကလပ္ကထြက္ခြာသြားရန္ ေအာ္ဟစ္ခဲ့ၾကပါတယ္။

အာဆင္နယ္ပရိသတ္မ်ားဟာရလဒ္ဆိုးမႈေၾကာင့္အီဒူးအပါအဝင္သူ႔မိသားစုဝင္မ်ားကိုလည္းပစ္မွတ္ထားကာအြန္လိုင္းတြင္တိုက္ခိုက္ေနပါတယ္။

အီဒူးရဲ႕သမီးျဖစ္တဲ့မာရီယာဂက္စ္ပါကသူမမွာ Instagram DM ကိုမဖြင့္ရဲေလာက္ေအာင္ျဖစ္ေနၿပီးပရိသတ္မ်ားရဲ႕ေဒါသတႀကီးဆဲဆိုတိုက္ခိုက္မႈမ်ားစြာနဲ႔ရင္ဆိုင္ေနရေၾကာင္းဆိုထားပါတယ္။

အီဒူးဟာယခုေႏြရာသီအေျပာင္းအေ႐ႊ႕တြင္ကစားသမားေခၚယူအားျဖည့္ရာမွာေပါင္သန္း၁၃၀အထိအသုံးျပဳထားပါတယ္။