ပရိသတ်စိတ်ကျေနပ်စေရန် ငွေသုံးနေသည်ဟု မန်ချက်စတာယူနိုက်တက်ကို ဘာဘာတော့ဗ်ဝေဖန်

မန်ယူသူရဲကောင်းဒီမီထရီဘာဘာတော့ဗ်ကအသင်းဟောင်းမန်ချက်စတာယူနိုက်တက်မှာပရိသတ်များစိတ်ကျေနပ်စေရန်သာငွေကြေးသုံးစွဲနေခြင်းဖြစ်ကြောင်း ဝေဖန်ပြောကြားလိုက်ပါတယ်။

မန်ယူဟာယခုရာသီမှာပရီးမီးယားလိဂ်အမှတ်ပေးဇယားကိုဦးဆောင်ထားနိုင်ပါတယ်။ဒါပေမယ့်လည်းအိုလီဂန်းနားဆိုးလ်ရှားရဲ့မန်ယူဟာချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲမှာတော့ရှုံးပွဲနဲ့ကြုံဆုံထားရပါတယ်။

မန်ယူဟာအင်္ဂါနေ့တုန်းကယန်းဘွိုင်းစ်ကို ရော်နယ်ဒိုရဲ့ဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ၂-၁ဂိုးဖြင့်တုန်လှုပ်ဖွယ်ရှုံးနိမ့်ခဲ့ပါတယ်။

အဆိုပါပွဲစဉ်တွင်မန်ယူတွင်နေရာရရှိရန်ရုန်းကန်နေတဲ့ဗန်ဒီဘိခ်မှာအံ့ဩသင့်ဖွယ်ပွဲထွက်လူစာရင်းတွင်ပါဝင်ခဲ့ပြီးခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိပါဘူး။

ဆိုးလ်ရှားဟာဝန်ဘစ်ဆာခါအနီကတ်ပြထုတ်ပယ်ခြင်းခံရကာ၁၀ယောက်တည်းဖြင့်ကစားရပြီးနောက်ပထမပိုင်းအပြီးတွင်အသက်၂၄နှစ်ရှိဗန်ဒီဘိခ်အားဗဟိုနောက်ခံလူဗာရိန်းနဲ့အစားထိုးလဲလှယ်ခဲ့ပါတယ်။

ဘူလ်ဂေးရီးယားတိုက်စစ်မှူးဟောင်းဘာဘာတော့ဗ်ကမန်ယူမှာနယ်သာလန်ကွင်းလယ်ကစားသမားဗန်ဒီဘိခ်ရဲ့အရည်အချင်းများကို အသုံးချရန်ဝယ်ယူခဲ့ခြင်းမဟုတ်ဘဲ ပရိသတ်စိတ်ကျေနပ်ရန်အတွက်သာဝယ်ယူခဲ့ကြောင်း ပြောဆိုလာတာလည်းဖြစ်ပါတယ်။

ဘာဘာတော့ဗ်က “ယူနိုက်တက်အလယ်တန်းကစားသမားဒွန်နီဗန်ဒီဘိခ်မှာယူနိုက်တက်ကစားသမားဘဝကိုကယ်တင်ဖို့အချိန်ကုန်သွားပါပြီ။ယန်းဘွိုင်းစ်နဲ့ပွဲမှာသူပွဲထွက်ခဲ့ပေမယ့်ပထမပိုင်းအပြီးမှာလူစားလဲခံခဲ့ရတယ်။ဒါကသူ့ဒီကလပ်မှာကစားနေရတဲ့ပုံစံပါ။သူကစားခွင့်ရတယ်။လူစားလဲခံရတယ်။လူစားဝင်ကစားခွင့်ရတယ်ဆိုရင်လည်း၁၀မိနစ်တည်းပါပဲ။သူဟာအထိုင်ကျနိုင်ဖို့အခွင့်အရေးမရသလိုဘာလုပ်နိုင်တယ်ဆိုတာကိုလည်းပြသခွင့်မရခဲ့ပါဘူး။ဒွန်နီဗန်ဒီဘိခ်အတွက်ဘာမှအလုပ်မဖြစ်ပါဘူး။မန်ယူဟာသူ့အတွက်ငွေအများကြီးသုံးခဲ့တယ်။ဒါပေမယ့်တကယ်တော့မန်ယူဟာပရိသတ်တွေစိတ်ကျေနပ်ဖို့အတွက်သက်သက်သုံးခဲ့တာပါ။သူအခွင့်အရေးရလာဖို့မျှော်လင့်ပါတယ်။ဒါပေမယ့်သူ့အတွက်အရမ်းခက်ခဲလာတော့မှာပါ။ကလပ်အနေနဲ့အရှုံးသက်သာအောင် လုပ်ခဲ့သင့်တယ်(ရောင်းချတာ)”လို့ပြောကြားသွားပါတယ်။

အိုလီဂန်းနားဆိုးလ်ရှားဟာမန်ယူအသင်းကိုကိုင်တွယ်ပြီးနောက်ချန်ပီယံလိဂ်ပွဲ၁၁ပွဲကိုင်တွယ်ခဲ့ရမှာ၃ပွဲတည်းသာအနိုင်ရထားပါတယ်။

ဒါပေမယ့်ဘာဘာတော့ဗ်က ယန်းဘွိုင်းစ်ကိုရှုံးနိမ့်မှုကြောင့်ဆိုးလ်ရှားတွင်ဖိအားတစ်စုံတစ်ရာမရှိကြောင်းနှင့်ဆိုးလ်ရှားအားထုတ်ပယ်ရန်အနည်းငယ်စောလွန်းနေသေးကြောင်းဆိုသွားပါတယ်။

ZawGyi

ပရိသတ္စိတ္ေက်နပ္ေစရန္ ေငြသုံးေနသည္ဟု မန္ခ်က္စတာယူႏိုက္တက္ကို ဘာဘာေတာ့ဗ္ေဝဖန္

မန္ယူသူရဲေကာင္းဒီမီထရီဘာဘာေတာ့ဗ္ကအသင္းေဟာင္းမန္ခ်က္စတာယူႏိုက္တက္မွာပရိသတ္မ်ားစိတ္ေက်နပ္ေစရန္သာေငြေၾကးသုံးစြဲေနျခင္းျဖစ္ေၾကာင္း ေဝဖန္ေျပာၾကားလိုက္ပါတယ္။

မန္ယူဟာယခုရာသီမွာပရီးမီးယားလိဂ္အမွတ္ေပးဇယားကိုဦးေဆာင္ထားႏိုင္ပါတယ္။ဒါေပမယ့္လည္းအိုလီဂန္းနားဆိုးလ္ရွားရဲ႕မန္ယူဟာခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲမွာေတာ့ရႈံးပြဲနဲ႔ႀကဳံဆုံထားရပါတယ္။

မန္ယူဟာအဂၤါေန႔တုန္းကယန္းဘြိဳင္းစ္ကို ေရာ္နယ္ဒိုရဲ႕ဂိုးနဲ႔ဦးေဆာင္ႏိုင္ခဲ့ေပမယ့္လည္း ၂-၁ဂိုးျဖင့္တုန္လႈပ္ဖြယ္ရႈံးနိမ့္ခဲ့ပါတယ္။

အဆိုပါပြဲစဥ္တြင္မန္ယူတြင္ေနရာရရွိရန္႐ုန္းကန္ေနတဲ့ဗန္ဒီဘိခ္မွာအံ့ဩသင့္ဖြယ္ပြဲထြက္လူစာရင္းတြင္ပါဝင္ခဲ့ၿပီးေျခစြမ္းျပႏိုင္ခဲ့ျခင္းမရွိပါဘူး။

ဆိုးလ္ရွားဟာဝန္ဘစ္ဆာခါအနီကတ္ျပထုတ္ပယ္ျခင္းခံရကာ၁၀ေယာက္တည္းျဖင့္ကစားရၿပီးေနာက္ပထမပိုင္းအၿပီးတြင္အသက္၂၄ႏွစ္ရွိဗန္ဒီဘိခ္အားဗဟိုေနာက္ခံလူဗာရိန္းနဲ႔အစားထိုးလဲလွယ္ခဲ့ပါတယ္။

ဘူလ္ေဂးရီးယားတိုက္စစ္မႉးေဟာင္းဘာဘာေတာ့ဗ္ကမန္ယူမွာနယ္သာလန္ကြင္းလယ္ကစားသမားဗန္ဒီဘိခ္ရဲ႕အရည္အခ်င္းမ်ားကို အသုံးခ်ရန္ဝယ္ယူခဲ့ျခင္းမဟုတ္ဘဲ ပရိသတ္စိတ္ေက်နပ္ရန္အတြက္သာဝယ္ယူခဲ့ေၾကာင္း ေျပာဆိုလာတာလည္းျဖစ္ပါတယ္။

ဘာဘာေတာ့ဗ္က “ယူႏိုက္တက္အလယ္တန္းကစားသမားဒြန္နီဗန္ဒီဘိခ္မွာယူႏိုက္တက္ကစားသမားဘဝကိုကယ္တင္ဖို႔အခ်ိန္ကုန္သြားပါၿပီ။ယန္းဘြိဳင္းစ္နဲ႔ပြဲမွာသူပြဲထြက္ခဲ့ေပမယ့္ပထမပိုင္းအၿပီးမွာလူစားလဲခံခဲ့ရတယ္။ဒါကသူ႔ဒီကလပ္မွာကစားေနရတဲ့ပုံစံပါ။သူကစားခြင့္ရတယ္။လူစားလဲခံရတယ္။လူစားဝင္ကစားခြင့္ရတယ္ဆိုရင္လည္း၁၀မိနစ္တည္းပါပဲ။သူဟာအထိုင္က်ႏိုင္ဖို႔အခြင့္အေရးမရသလိုဘာလုပ္ႏိုင္တယ္ဆိုတာကိုလည္းျပသခြင့္မရခဲ့ပါဘူး။ဒြန္နီဗန္ဒီဘိခ္အတြက္ဘာမွအလုပ္မျဖစ္ပါဘူး။မန္ယူဟာသူ႔အတြက္ေငြအမ်ားႀကီးသုံးခဲ့တယ္။ဒါေပမယ့္တကယ္ေတာ့မန္ယူဟာပရိသတ္ေတြစိတ္ေက်နပ္ဖို႔အတြက္သက္သက္သုံးခဲ့တာပါ။သူအခြင့္အေရးရလာဖို႔ေမွ်ာ္လင့္ပါတယ္။ဒါေပမယ့္သူ႔အတြက္အရမ္းခက္ခဲလာေတာ့မွာပါ။ကလပ္အေနနဲ႔အရႈံးသက္သာေအာင္ လုပ္ခဲ့သင့္တယ္(ေရာင္းခ်တာ)”လို႔ေျပာၾကားသြားပါတယ္။

အိုလီဂန္းနားဆိုးလ္ရွားဟာမန္ယူအသင္းကိုကိုင္တြယ္ၿပီးေနာက္ခ်န္ပီယံလိဂ္ပြဲ၁၁ပြဲကိုင္တြယ္ခဲ့ရမွာ၃ပြဲတည္းသာအႏိုင္ရထားပါတယ္။

ဒါေပမယ့္ဘာဘာေတာ့ဗ္က ယန္းဘြိဳင္းစ္ကိုရႈံးနိမ့္မႈေၾကာင့္ဆိုးလ္ရွားတြင္ဖိအားတစ္စုံတစ္ရာမရွိေၾကာင္းႏွင့္ဆိုးလ္ရွားအားထုတ္ပယ္ရန္အနည္းငယ္ေစာလြန္းေနေသးေၾကာင္းဆိုသြားပါတယ္။