ပရိသတ်တွေကို ဘယ်လောက်အလေးထားကြောင်းပြသခဲ့တဲ့ မက်ဆီ

လီယွန်နယ်မက်ဆီဟာမကြာသေးမီတုန်းကကိုပါအမေရိကဖလားပြိုင်ပွဲမှာအာဂျင်တီးနားနှင့်အတူဝင်ရောက်ယှဉ်ပြိုင်ပြီးတဲ့နောက်အနားယူဖို့အားယူနေပါတယ်။

ဒါပေမယ့်မက်ဆီဟာကိုပါအမေရိကကြောင့်ပွဲပန်းနေပေမယ့်လည်းပရိသတ်တွေပျော်ရွှင်ဖို့အတွက်ဆိုရင်သူ့အချိန်ကိုဖဲ့ပေးဖို့ဝန်မလေးပါဘူး။အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာမွေးရပ်မြေအာဂျင်တီးနားမှရိုဆာရီယိုရှိနေအိမ်မှာပရိသတ်များအတွက်အင်္ကျီမှာလက်မှတ်ရေးထိုးပြီးပျော်ရွှင်အောင်လုပ်ဆောင်ပေးခဲ့ပါတယ်။

အာဂျင်တီးနားပရိသတ်များဟာရိုဆာရီယိုရှိမက်ဆီရဲ့နေအိမ်သို့ရောက်လာပြီးအိမ်အတွင်းသို့ဘာစီလိုနာ/အာဂျင်တီးနားအင်္ကျီများကိုလက်မှတ်ရေးထိုးဖို့ပစ်ပေးခဲ့ကြပါတယ်။

မက်ဆီဟာအာဂျင်တီးနားအသင်း Sweatshirt လေးဝတ်ဆင်ပြီးအိမ်ရှေ့သို့ထွက်လာကာပရိသတ်များရဲ့အင်္ကျီမှာပျော်ပျော်ကြီးလက်မှတ်ရေးထိုးပေးခဲ့ပါတယ်။

မက်ဆီမကြာသေးမီတုန်းကအာဂျင်တီးနားကိုကိုပါအမေရိကဖလားဆွတ်ခူးကာသမိုင်းတစ်လျှောက်အကြီးကျယ်ဆုံးကစားသမားဖြစ်ကြောင်းပြသခဲ့ပါတယ်။မက်ဆီဟာယခင်တုန်းကအာဂျင်တီးနားအတွက်ဆုဖလားမရယူပေးနိုင်မှုအတွက်ဝေဖန်ထောက်ပြခံခဲ့ရသူလည်းဖြစ်ပါတယ်။

တစ်ဖက်တွင်မက်ဆီမှာဘာစီလိုနာနှင့်စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက်ကလပ်လက်မဲ့ဖြစ်နေသူလည်းဖြစ်ပါတယ်။ဒါပေမယ့်မက်ဆီနှင့်ဘာစီလိုနာတို့ဟာ၂နှစ်စာချုပ်သက်တမ်းတိုးဖို့အကြမ်းဖျင်းသဘောတူညီထားကြပါတယ်။ဘာစီလိုနာဘက်ကလုပ်ခလျှော့ချမှုပြုလုပ်ပြီးရင်တော့စာချုပ်သက်တမ်းတိုးမယ်လို့ယူဆရပါတယ်။

ZawGyi

ပရိသတ္ေတြကို ဘယ္ေလာက္အေလးထားေၾကာင္းျပသခဲ့တဲ့ မက္ဆီ

လီယြန္နယ္မက္ဆီဟာမၾကာေသးမီတုန္းကကိုပါအေမရိကဖလားၿပိဳင္ပြဲမွာအာဂ်င္တီးနားႏွင့္အတူဝင္ေရာက္ယွဥ္ၿပိဳင္ၿပီးတဲ့ေနာက္အနားယူဖို႔အားယူေနပါတယ္။

ဒါေပမယ့္မက္ဆီဟာကိုပါအေမရိကေၾကာင့္ပြဲပန္းေနေပမယ့္လည္းပရိသတ္ေတြေပ်ာ္႐ႊင္ဖို႔အတြက္ဆိုရင္သူ႔အခ်ိန္ကိုဖဲ့ေပးဖို႔ဝန္မေလးပါဘူး။အာဂ်င္တီးနားအသင္းေခါင္းေဆာင္ဟာေမြးရပ္ေျမအာဂ်င္တီးနားမွ႐ိုဆာရီယိုရွိေနအိမ္မွာပရိသတ္မ်ားအတြက္အက်ႌမွာလက္မွတ္ေရးထိုးၿပီးေပ်ာ္႐ႊင္ေအာင္လုပ္ေဆာင္ေပးခဲ့ပါတယ္။

အာဂ်င္တီးနားပရိသတ္မ်ားဟာ႐ိုဆာရီယိုရွိမက္ဆီရဲ႕ေနအိမ္သို႔ေရာက္လာၿပီးအိမ္အတြင္းသို႔ဘာစီလိုနာ/အာဂ်င္တီးနားအက်ႌမ်ားကိုလက္မွတ္ေရးထိုးဖို႔ပစ္ေပးခဲ့ၾကပါတယ္။

မက္ဆီဟာအာဂ်င္တီးနားအသင္း Sweatshirt ေလးဝတ္ဆင္ၿပီးအိမ္ေရွ႕သို႔ထြက္လာကာပရိသတ္မ်ားရဲ႕အက်ႌမွာေပ်ာ္ေပ်ာ္ႀကီးလက္မွတ္ေရးထိုးေပးခဲ့ပါတယ္။

မက္ဆီမၾကာေသးမီတုန္းကအာဂ်င္တီးနားကိုကိုပါအေမရိကဖလားဆြတ္ခူးကာသမိုင္းတစ္ေလွ်ာက္အႀကီးက်ယ္ဆုံးကစားသမားျဖစ္ေၾကာင္းျပသခဲ့ပါတယ္။မက္ဆီဟာယခင္တုန္းကအာဂ်င္တီးနားအတြက္ဆုဖလားမရယူေပးႏိုင္မႈအတြက္ေဝဖန္ေထာက္ျပခံခဲ့ရသူလည္းျဖစ္ပါတယ္။

တစ္ဖက္တြင္မက္ဆီမွာဘာစီလိုနာႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးၿပီးေနာက္ကလပ္လက္မဲ့ျဖစ္ေနသူလည္းျဖစ္ပါတယ္။ဒါေပမယ့္မက္ဆီႏွင့္ဘာစီလိုနာတို႔ဟာ၂ႏွစ္စာခ်ဳပ္သက္တမ္းတိုးဖို႔အၾကမ္းဖ်င္းသေဘာတူညီထားၾကပါတယ္။ဘာစီလိုနာဘက္ကလုပ္ခေလွ်ာ့ခ်မႈျပဳလုပ္ၿပီးရင္ေတာ့စာခ်ဳပ္သက္တမ္းတိုးမယ္လို႔ယူဆရပါတယ္။