ပရိသတ်မဲဖြင့် ရွေးချယ်ထားတဲ့ သမိုင်းတစ်လျှောက်အကောင်းဆုံးအင်္ဂလန်အသင်းထွက်ပေါ်လာ

အင်္ဂလန်ပရိသတ်များဟာတွစ်တာတွင်မဲဆန္ဒကောက်ယူမှုပြုလုပ်ပြီးသမိုင်းတစ်လျှောက်အကောင်းဆုံးအင်္ဂလန်အသင်းကိုရွေးချယ်လာပါတယ်။ပရိသတ်များရွေးချယ်လာတဲ့သမိုင်းတစ်လျှောက်အကောင်း ဆုံးအသင်းမှာထိပ်တန်းကစားသမားအချို့ချန်လှပ်ခြင်းခံရပြီးအငြင်းပွားစရာကောင်းနေပါတယ်။

အင်္ဂလန်ဘောလုံးသမိုင်းတွင်ခြေစွမ်းပိုင်းကောင်းမွန်တဲ့ကစားသမားပေါင်းများစွာပေါ်ထွက်ခဲ့ဖူးရာအကောင်းဆုံးအသင်းအဖြစ်၁၁ဦးတည်းသာကိုသာရွေးချယ်နိုင်မှုကအလွန်ခက်ခဲနေပါတယ်။

ဒါပေမယ့်ဗြိတိန်သတင်းစာ The Sun ဟာပရိသတ်များရဲ့မဲဆန္ဒဖြင့်သမိုင်းတစ်လျှောက်အကောင်း ဆုံးအင်္ဂလန်အသင်းကိုရွေးချယ်လာခဲ့ပြီဖြစ်ပါတယ်။

ပရိသတ်များရဲ့မဲဆန္ဒဖြင့်ရွေးချယ်လာတဲ့အကောင်းဆုံးအင်္ဂလန်အသင်းမှာအင်္ဂလန်အတွက်ဂိုးအများဆုံးသွင်းယူထားသူအဖြစ်ရပ်တည်နေတဲ့ဝိန်းရွန်းနီပါဝင်ခြင်းမရှိပါဘူး။

အင်္ဂလန်သမိုင်းရဲ့အကောင်းဆုံးအသင်းတွင်ဂိုးသမားနေရာမှာဂေါ်ဒွန်ဘန့်ခ်ကဒေးဗစ်ဆီးမင်းနှင့်ပီတာရှဲလ်တန်တို့အားကျော်ဖြတ်ကာရွေးချယ်ခြင်းခံခဲ့ရပါတယ်။

ညာနောက်ခံလူအဖြစ်ဂယ်ရီနဗီးလ်၊ဗဟိုနောက်ခံလူအဖြစ်ဘော်လ်ဘီမိုး၊ဂျွန်တယ်ရီတို့ရွေးချယ်ခြင်းခံခဲ့ရပြီးဘယ်နောက်ခံလူအဖြစ်အက်ရှ်လေကိုးလ်ကရွေးချယ်ခြင်းခံခဲ့ရပါတယ်။

အလယ်တန်းညာခြမ်းတွင်အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းဒေးဗစ်ဘက်ဟမ်း၊ကွင်းကစားသမားများအဖြစ်ပေါလ်စခိုးနှင့်ဂတ်စကွိုင်နီ၊ဘယ်ခြမ်းအလယ်တန်းကစားသမားအဖြစ်ဂျွန်ဘန်းစ်တို့ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

တိုက်စစ်မှူးများအဖြစ်အလန်ရှီးယားနှင့်ဂယ်ရီလိုင်နီကာတို့ရွေးချယ်ခြင်းခံခဲ့ရပါတယ်။သမိုင်းတစ် လျှောက်အကောင်းဆုံးအင်္ဂလန်အသင်းအတွက်နည်းပြအဖြစ်နယူးကာဆယ်နည်းပြဟောင်းဆာဘော်လ်ဘီရော့ဘ်ဆင်ကရွေးချယ်ခြင်းခံခဲ့ရပါတယ်။

ZawGyi

ပရိသတ္မဲျဖင့္ ေ႐ြးခ်ယ္ထားတဲ့ သမိုင္းတစ္ေလွ်ာက္အေကာင္းဆုံးအဂၤလန္အသင္းထြက္ေပၚလာ

အဂၤလန္ပရိသတ္မ်ားဟာတြစ္တာတြင္မဲဆႏၵေကာက္ယူမႈျပဳလုပ္ၿပီးသမိုင္းတစ္ေလွ်ာက္အေကာင္းဆုံးအဂၤလန္အသင္းကိုေ႐ြးခ်ယ္လာပါတယ္။ပရိသတ္မ်ားေ႐ြးခ်ယ္လာတဲ့သမိုင္းတစ္ေလွ်ာက္အေကာင္း ဆုံးအသင္းမွာထိပ္တန္းကစားသမားအခ်ိဳ႕ခ်န္လွပ္ျခင္းခံရၿပီးအျငင္းပြားစရာေကာင္းေနပါတယ္။

အဂၤလန္ေဘာလုံးသမိုင္းတြင္ေျခစြမ္းပိုင္းေကာင္းမြန္တဲ့ကစားသမားေပါင္းမ်ားစြာေပၚထြက္ခဲ့ဖူးရာအေကာင္းဆုံးအသင္းအျဖစ္၁၁ဦးတည္းသာကိုသာေ႐ြးခ်ယ္ႏိုင္မႈကအလြန္ခက္ခဲေနပါတယ္။

ဒါေပမယ့္ၿဗိတိန္သတင္းစာ The Sun ဟာပရိသတ္မ်ားရဲ႕မဲဆႏၵျဖင့္သမိုင္းတစ္ေလွ်ာက္အေကာင္း ဆုံးအဂၤလန္အသင္းကိုေ႐ြးခ်ယ္လာခဲ့ၿပီျဖစ္ပါတယ္။

ပရိသတ္မ်ားရဲ႕မဲဆႏၵျဖင့္ေ႐ြးခ်ယ္လာတဲ့အေကာင္းဆုံးအဂၤလန္အသင္းမွာအဂၤလန္အတြက္ဂိုးအမ်ားဆုံးသြင္းယူထားသူအျဖစ္ရပ္တည္ေနတဲ့ဝိန္း႐ြန္းနီပါဝင္ျခင္းမရွိပါဘူး။

အဂၤလန္သမိုင္းရဲ႕အေကာင္းဆုံးအသင္းတြင္ဂိုးသမားေနရာမွာေဂၚဒြန္ဘန႔္ခ္ကေဒးဗစ္ဆီးမင္းႏွင့္ပီတာရွဲလ္တန္တို႔အားေက်ာ္ျဖတ္ကာေ႐ြးခ်ယ္ျခင္းခံခဲ့ရပါတယ္။

ညာေနာက္ခံလူအျဖစ္ဂယ္ရီနဗီးလ္၊ဗဟိုေနာက္ခံလူအျဖစ္ေဘာ္လ္ဘီမိုး၊ဂြၽန္တယ္ရီတို႔ေ႐ြးခ်ယ္ျခင္းခံခဲ့ရၿပီးဘယ္ေနာက္ခံလူအျဖစ္အက္ရွ္ေလကိုးလ္ကေ႐ြးခ်ယ္ျခင္းခံခဲ့ရပါတယ္။

အလယ္တန္းညာျခမ္းတြင္အဂၤလန္အသင္းေခါင္းေဆာင္ေဟာင္းေဒးဗစ္ဘက္ဟမ္း၊ကြင္းကစားသမားမ်ားအျဖစ္ေပါလ္စခိုးႏွင့္ဂတ္စကြိဳင္နီ၊ဘယ္ျခမ္းအလယ္တန္းကစားသမားအျဖစ္ဂြၽန္ဘန္းစ္တို႔ေ႐ြးခ်ယ္ျခင္းခံခဲ့ရပါတယ္။

တိုက္စစ္မႉးမ်ားအျဖစ္အလန္ရွီးယားႏွင့္ဂယ္ရီလိုင္နီကာတို႔ေ႐ြးခ်ယ္ျခင္းခံခဲ့ရပါတယ္။သမိုင္းတစ္ ေလွ်ာက္အေကာင္းဆုံးအဂၤလန္အသင္းအတြက္နည္းျပအျဖစ္နယူးကာဆယ္နည္းျပေဟာင္းဆာေဘာ္လ္ဘီေရာ့ဘ္ဆင္ကေ႐ြးခ်ယ္ျခင္းခံခဲ့ရပါတယ္။