
ဘရာဇီးဂန္ထဝင်တိုက်စစ်မှူးရိုမာရီယိုရဲ့သမီးဟာOnlyFansသို့ဝင်ရောက်လာပါတယ်။အသက်၂၅နှစ်ရှိဒါနယ်လီဖာဗက်တိုဟာဆိုရှယ်မီဒီယာတွင်ဓာတ်ပုံများတင်ကာပရိသတ်များအကြားလူကြိုက်များနေသူဖြစ်ပြီးအင်စတာဂရမ်တွင် Follower နှစ်သိန်းကျော်ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။
သူမဟာပုရိသအကြိုက်ဝက်ဘ်ဆိုက် OnlyFans သို့ဝင်ရောက်လာမှုနဲ့အတူပရိသတ်များအံ့ဩသင့်ခဲ့ရပါတယ်။
ဒါ့အပြင်သူမဟာဇန်နဝါရီလတုန်းကမှသမီးလေးမေးဖွားထားသူဖြစ်ပြီးကလေးမွေးပြီးတစ်လအကြာမှာ OnlyFansသို့ဝင်ရောက်လာဖြစ်ပါတယ်။
သူမဟာAtletico Catarinenseမှာကစားနေတဲ့ဘောလုံးသမားဖေဘီယိုဟန်းနရစ်နှင့်တွဲနေသူဖြစ်ပြီးကလေးအမည်ကိုမာရီယာအဒူအာဒါလို့အမည်ပေးထားပါတယ်။
သူမက OnlyFans သို့ဝင်ရောက်လာမှုမှာသူမရဲ့ပထမဆုံးမိခင်ဖြစ်မှုအတွေ့အကြုံကိုဝေမျှရန်ဖြစ်ကြောင်းဆိုထားပါတယ်။
ဖခင်ဖြစ်သူရိုမာရီယိုဟာဘရာဇီးနှင့်အတူကမ္ဘာ့ဖလားဆွတ်ခူးနိုင်ခဲ့သူဖြစ်ပြီးလက်ရှိအချိန်တွင်ရီယိုဒီဂျနဲလ်ရိုးလ်လွတ်တော်အမတ်တစ်ဦးလည်းဖြစ်ပါတယ်။
ZawGyi
ပရိသတ်များကို ဆက်စီဓာတ်ပုံများဖြင့် ဖမ်းစားပြီးနောက် OnlyFans သို့ ဝင်ရောက်လာတဲ့ ဘရာဇီးဂန္ထဝင်ရဲ့သမီး