ပရိသတ်များကို ဘယ်တော့မှ အမှတ်တရလက်မှတ်ထိုးပေးနိုင်မှာတော့ မဟုတ်တော့ The King Of United

မန်ယူဂန္ထဝင်တိုက်စစ်မှူးဒင်းနစ်လောဟာမှတ်ဉာဏ်ချို့ယွင်းစိတ်ဖောက်ပြန်မှုဝေဒနာခံစားနေရကြောင်းသိရပါတယ်။အသက်၈၁နှစ်ရှိစကော့တလန်ဂန္ထဝင်တိုက်စစ်မှူးဟာမှတ်ဉာဏ်ချို့ယွင်းကာစိတ်ရောဂါဝေဒနာခံစားရတဲ့၁၉၆၈ဥရောပဖလားရမန်ယူအသင်းရဲ့ခြောက်ဦးမြောက်ကစာသမားဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလတုန်းကမန်ယူနှင့်အင်္ဂလန်ဂန္ထဝင်အလယ်တန်းကစားသမားနော့ဘီစတိုင် မှတ်ဉာဏ်ချို့ယွင်းပြီးစိတ်ရောဂါဝေဒနာခံစားရကာသေဆုံးခဲ့ပြီးတဲ့နောက်၂ရက်အကြာတွင်ဘော်လ်ဘီချာလ်တန်မိသားစုကလည်းမန်ယူဂန္ထဝင်တိုက်စစ်မှူးမှာလည်းယင်းရောဂါဝေဒနာခံစားနေရကြောင်းကြေညာလာပါတယ်။

ယခုကဲ့သို့ဒင်းနစ်လောကလည်းယင်းသို့မှတ်ဉာဏ်ချို့ယွင်းကာစိတ်ရောဂါဝေဒနာခံစားလာမှုနဲ့အတူဘောလုံးလောကအတွင်းတွင်ယင်းရောဂါဝေဒနာနှင့်ခေါင်းတိုက်မှုနဲ့ဆက်စပ်မှုရှိ/မရှိပိုမိုသုသေသနပြုလုပ်ရန်တောင်းဆိုမှုမြင့်မားလာပါတယ်။

ဒင်းနစ်လောဟာအိုးထရက်ဖို့ဒ်ကွင်းအပြင်ဘက်တွင်ချာလ်တန်၊ဂျော့ဘတ်စ်တို့နဲ့အတူ ရုပ်ထုထုလုပ်ဂုဏ်ပြုခံထားရသူဖြစ်ပြီး The King Of United လို့အမည်ပေးခြင်းခံထားရသူလည်းဖြစ်ပါတယ်။

ဒင်းနစ်လောဟာမန်ယူအတွက်၄၀၄ပွဲကစားခဲ့ရာမှာ၂၃၇ဂိုးသွင်းယူသွင်းယူခဲ့သူဖြစ်ပြီးပထမတန်းအမှတ်ပေးဖလား၂ကြိမ်၊အက်ဖ်အေဖလား၁ကြိမ်၊ကွန်မြူနတီဒိုင်း၂ကြိမ်၊ရောပဖလား၁ကြိမ်ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာလည်းမှတ်ဉာဏ်ချို့ယွင်းကာစိတ်ဝေဒနာခံစားရမှုနဲ့ခေါင်းတိုက်မှုအကြားဆက်စပ်နေမှုကိုသုသေသနပြုလုပ်နေပြီးလူငယ်ဘောလုံးလေ့ကျင့်ခန်းများတွင်ခေါင်းတိုက်လေ့ကျင့်ခန်းမပြုလုပ်ရန်ညွှန်ကြားထားပြီးဖြစ်သလို စီနီယာအသင်းများတွင်လည်းခေါင်းတိုက်လေ့ကျင့်ခန်းကိုအကန့်အသတ်ဖြင့်သာပြုလုပ်ရန်ညွှန်ကြားထားပါတယ်။

ZawGyi

ပရိသတ္မ်ားကို ဘယ္ေတာ့မွ အမွတ္တရလက္မွတ္ထိုးေပးႏိုင္မွာေတာ့ မဟုတ္ေတာ့ The King Of United

မန္ယူဂႏၴဝင္တိုက္စစ္မႉးဒင္းနစ္ေလာဟာမွတ္ဉာဏ္ခ်ိဳ႕ယြင္းစိတ္ေဖာက္ျပန္မႈေဝဒနာခံစားေနရေၾကာင္းသိရပါတယ္။အသက္၈၁ႏွစ္ရွိစေကာ့တလန္ဂႏၴဝင္တိုက္စစ္မႉးဟာမွတ္ဉာဏ္ခ်ိဳ႕ယြင္းကာစိတ္ေရာဂါေဝဒနာခံစားရတဲ့၁၉၆၈ဥေရာပဖလားရမန္ယူအသင္းရဲ႕ေျခာက္ဦးေျမာက္ကစာသမားျဖစ္လာခဲ့ပါတယ္။

ၿပီးခဲ့တဲ့ႏိုဝင္ဘာလတုန္းကမန္ယူႏွင့္အဂၤလန္ဂႏၴဝင္အလယ္တန္းကစားသမားေနာ့ဘီစတိုင္ မွတ္ဉာဏ္ခ်ိဳ႕ယြင္းၿပီးစိတ္ေရာဂါေဝဒနာခံစားရကာေသဆုံးခဲ့ၿပီးတဲ့ေနာက္၂ရက္အၾကာတြင္ေဘာ္လ္ဘီခ်ာလ္တန္မိသားစုကလည္းမန္ယူဂႏၴဝင္တိုက္စစ္မႉးမွာလည္းယင္းေရာဂါေဝဒနာခံစားေနရေၾကာင္းေၾကညာလာပါတယ္။

ယခုကဲ့သို႔ဒင္းနစ္ေလာကလည္းယင္းသို႔မွတ္ဉာဏ္ခ်ိဳ႕ယြင္းကာစိတ္ေရာဂါေဝဒနာခံစားလာမႈနဲ႔အတူေဘာလုံးေလာကအတြင္းတြင္ယင္းေရာဂါေဝဒနာႏွင့္ေခါင္းတိုက္မႈနဲ႔ဆက္စပ္မႈရွိ/မရွိပိုမိုသုေသသနျပဳလုပ္ရန္ေတာင္းဆိုမႈျမင့္မားလာပါတယ္။

ဒင္းနစ္ေလာဟာအိုးထရက္ဖို႔ဒ္ကြင္းအျပင္ဘက္တြင္ခ်ာလ္တန္၊ေဂ်ာ့ဘတ္စ္တို႔နဲ႔အတူ ႐ုပ္ထုထုလုပ္ဂုဏ္ျပဳခံထားရသူျဖစ္ၿပီး The King Of United လို႔အမည္ေပးျခင္းခံထားရသူလည္းျဖစ္ပါတယ္။

ဒင္းနစ္ေလာဟာမန္ယူအတြက္၄၀၄ပြဲကစားခဲ့ရာမွာ၂၃၇ဂိုးသြင္းယူသြင္းယူခဲ့သူျဖစ္ၿပီးပထမတန္းအမွတ္ေပးဖလား၂ႀကိမ္၊အက္ဖ္ေအဖလား၁ႀကိမ္၊ကြန္ျမဴနတီဒိုင္း၂ႀကိမ္၊ေရာပဖလား၁ႀကိမ္ဆြတ္ခူးႏိုင္ခဲ့သူျဖစ္ပါတယ္။

အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာလည္းမွတ္ဉာဏ္ခ်ိဳ႕ယြင္းကာစိတ္ေဝဒနာခံစားရမႈနဲ႔ေခါင္းတိုက္မႈအၾကားဆက္စပ္ေနမႈကိုသုေသသနျပဳလုပ္ေနၿပီးလူငယ္ေဘာလုံးေလ့က်င့္ခန္းမ်ားတြင္ေခါင္းတိုက္ေလ့က်င့္ခန္းမျပဳလုပ္ရန္ၫႊန္ၾကားထားၿပီးျဖစ္သလို စီနီယာအသင္းမ်ားတြင္လည္းေခါင္းတိုက္ေလ့က်င့္ခန္းကိုအကန႔္အသတ္ျဖင့္သာျပဳလုပ္ရန္ၫႊန္ၾကားထားပါတယ္။