ပရိသတ်များကို မျက်စိအစာကျွေးလာတဲ့ ဝန်ဒါအိုင်ကာဒီ

ခင်ပွန်းသည်မော်ရိုကပြင်သစ်ထိပ်သီးပီအက်စ်ဂျီနှင့်အတူရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်စတင်နေချိန်မှာတော့ဇနီးသည်ဝါဒါအိုင်ကာဒီကတော့အိုင်ဘီဇာသို့သွားရောက်ကာအပန်းဖြေလျက်ရှိပါတယ်။

ခင်ပွန်းသည်တိုက်စစ်မှူးကပီအက်စ်ဂျီကိုလီဂူး၁ဖလားပြန်လည်ရယူနိုင်ရေးအတွက်ပြင်ဆင်နေချိန်မှာတော့သူမဟာအခြားမိသားစုဝင်များနှင့်အတူအပန်းဖြေနေတာလည်းဖြစ်ပါတယ်။

ဝန်ဒါအိုင်ကာဒီဟာအိုင်ဘီဇာသို့ရောက်နေစဉ်အတွင်းဓာတ်ပုံများရိုက်ကူးကာ Followers ၇.၉သန်းကျော်အထိရှိတဲ့သူမရဲ့အင်စတာဂရမ်အကောင့်ကနေပရိသတ်များအတွက်ဓာတ်ပုံများလည်းတင်ပေးနေပါတယ်။

အိုင်ကာဒီရဲ့အေးဂျင့်အဖြစ်လည်းဆောင်ရွက်နေတဲ့သူမအင်တာစဂရမ်မှာတင်လာတဲ့ဓာတ်ပုံတွေထဲမှာအပေါ်ပိုင်းဗလာကျင်းနဲ့ဓာတ်ပုံလည်းပါဝင်ပါတယ်။ယင်းဓာတ်ပုံကတော့ပရိသတ်တွေအကြိုက်အရမ်းတွေ့တဲ့ဓာတ်ပုံပါ။ဒါ့အပြင်မိသားစုဝင်များပါဝင်တဲ့ဓာတ်ပုံများလည်းပါင်ပါတယ်။

အိုင်ကာဒီဟာယခုနွေရာသီမှာပီအက်စ်ဂျီမှထွက်ခွာရန်တံခါးဖွင့်ပေးထားသူဖြစ်ပြီးဂျူဗင်တပ်ကစိတ်ဝင်စားနေကြောင်းသိရပါတယ်။အာဂျင်တီးနားတိုက်စစ်မှူးဟာအင်တာတွင်ခြောက်ရာသီကြာကျင်လည်ခဲ့စဉ်အတွင်းလိဂ်ပွဲ၁၈၈ပွဲကစားကာ၁၁၁ဂိုးသွင်းယူခဲ့သူလည်းဖြစ်ပါတယ်။

ZawGyi




 


