
လီဗာပူးဟာပရိသတ်၁၃ဦးတို့ကသူတို့ရဲ့လက်မှတ်များကိုအွန်လိုင်းတွင်အမြတ်ဖြင့်ရောင်းချရန်ကြိုးပမ်းလာမှုကြောင့်၎င်းတို့ရဲ့ချန်ပီယံလိဂ်ဗိုလ်လုပွဲလက်မှတ်များကိုပယ်ဖျက်လိုက်ပါတယ်။
ဒါ့အပြင်လီဗာပူးကချန်ပီယံလိဂ်ဗိုလ်လုပွဲလက်မှတ်များကိုဝယ်ယူထားတဲ့လီဗာပူးပရိသတ်များအနေဖြင့်အွန်လိုင်းတွင်အမြတ်ဖြင့်ပြန်လည်ရောင်းချရန်ကြိုးပမ်းကြောင်းတွေ့ရှိပါက ရာသက်ပန်ပွဲကြည့်ခွင့်ပိတ်ပင်ခြင်းအပါအဝင်ပြင်းထန်စွာအရေးယူမယ်လို့လည်းသတိပေးသွားပါတယ်။
တဖက်တွင်ပရိသတ်ပေါင်းများစွာတို့ဟာအွန်လိုင်းတွင်ချန်ပီယံလိဂ်ဗိုလ်လုပွဲလက်မှတ်အတုများလည်းမှားယွင်းဝယ်ယူမိနေကြပါတယ်။
ယူအီးအက်ဖ်အေဟာပရိသတ်၇၅၀၀၀ဆန့် Stade de France တွင်ကစားမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက်ရီးရဲလ်မက်ဒရစ်နှင့်လီဗာပူးတို့အား လက်မှတ်ခွဲတမ်း ၁၉၆၁၈သာခွဲတမ်းပေးပါတယ်။
ယင်းသို့လက်မှတ်ခွဲတမ်းနည်းပါးမှုနဲ့အတူ လက်မှတ်ဝယ်လိုအားအလွန်မြင့်နေပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲလက်မှတ်တစ်စောင်လျှင် ပေါင်၁၇၀၀အထိမှောင်ခိုဈေးကွက်တွင်ပေါက်နေပါတယ်။
ဒါကြောင့်လည်းလီဗာပူးဟာလက်မှတ်ဝယ်ယူထားတဲ့ပရိသတ်များက အမြတ်ဖြင့်အွန်လိုင်းတွင်ရောင်းချရန်ကြိုးပမ်းနေမှုကိုတားဆီးရေးလုပ်ဆောင်လာပါတယ်။
Zawgyi
ပရိသတ္မ်ားက အြန္လိုင္းတြင္ ျပန္ေရာင္းရန္ ႀကိဳးပမ္းမႈေၾကာင့္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲလက္မွတ္မ်ားကို လီဗာပူးပယ္ဖ်က္
လီဗာပူးဟာပရိသတ္၁၃ဦးတို႔ကသူတို႔ရဲ႕လက္မွတ္မ်ားကိုအြန္လိုင္းတြင္အျမတ္ျဖင့္ေရာင္းခ်ရန္ႀကိဳးပမ္းလာမႈေၾကာင့္၎တို႔ရဲ႕ခ်န္ပီယံလိဂ္ဗိုလ္လုပြဲလက္မွတ္မ်ားကိုပယ္ဖ်က္လိုက္ပါတယ္။
ဒါ့အျပင္လီဗာပူးကခ်န္ပီယံလိဂ္ဗိုလ္လုပြဲလက္မွတ္မ်ားကိုဝယ္ယူထားတဲ့လီဗာပူးပရိသတ္မ်ားအေနျဖင့္အြန္လိုင္းတြင္အျမတ္ျဖင့္ျပန္လည္ေရာင္းခ်ရန္ႀကိဳးပမ္းေၾကာင္းေတြ႕ရွိပါက ရာသက္ပန္ပြဲၾကည့္ခြင့္ပိတ္ပင္ျခင္းအပါအဝင္ျပင္းထန္စြာအေရးယူမယ္လို႔လည္းသတိေပးသြားပါတယ္။
တဖက္တြင္ပရိသတ္ေပါင္းမ်ားစြာတို႔ဟာအြန္လိုင္းတြင္ခ်န္ပီယံလိဂ္ဗိုလ္လုပြဲလက္မွတ္အတုမ်ားလည္းမွားယြင္းဝယ္ယူမိေနၾကပါတယ္။
ယူအီးအက္ဖ္ေအဟာပရိသတ္၇၅၀၀၀ဆန႔္ Stade de France တြင္ကစားမယ့္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအတြက္ရီးရဲလ္မက္ဒရစ္ႏွင့္လီဗာပူးတို႔အား လက္မွတ္ခြဲတမ္း ၁၉၆၁၈သာခြဲတမ္းေပးပါတယ္။
ယင္းသို႔လက္မွတ္ခြဲတမ္းနည္းပါးမႈနဲ႔အတူ လက္မွတ္ဝယ္လိုအားအလြန္ျမင့္ေနၿပီး ခ်န္ပီယံလိဂ္ဗိုလ္လုပြဲလက္မွတ္တစ္ေစာင္လွ်င္ ေပါင္၁၇၀၀အထိေမွာင္ခိုေဈးကြက္တြင္ေပါက္ေနပါတယ္။
ဒါေၾကာင့္လည္းလီဗာပူးဟာလက္မွတ္ဝယ္ယူထားတဲ့ပရိသတ္မ်ားက အျမတ္ျဖင့္အြန္လိုင္းတြင္ေရာင္းခ်ရန္ႀကိဳးပမ္းေနမႈကိုတားဆီးေရးလုပ္ေဆာင္လာပါတယ္။