ပရိသတ်များထခုန်လိုက်တိုင်း အက်ကွဲနေကာ စိုးရိမ်စရာအခြေအနေဖြစ်နေတဲ့ ဘိုကာဂျူနီယာရဲ့ကွင်း

ဘောလုံးပရိသတ်များဟာဘိုကာဂျူနီယာရဲ့La Bombonera Stadium ရဲ့ကြံ့ခိုင်မှုပိုင်းအလွန်ဆိုးရွားနေမှုနဲ့အတူ အကြီးအကျယ်စိုးရိမ်တုန်လှုပ်လျက်ရှိကြပါတယ်။

ဆိုရှယ်မီဒီယာတွင်ထွက်ပေါ်လာတဲ့ဗီဒီယိုဖိုင်အရအာဂျင်တီးနားကလပ်ရဲ့အိမ်ရှင်ပရိသတ်ကြည့်ရာပွဲကြည့်စင်တစ်ခုတွင်အက်ကွဲရာကြီးတစ်ခုရှိနေတာတွေ့ရပါတယ်။

ယင်းအက်ကွဲရာမှာကွင်းရဲ့အပေါ်ပွဲကြည့်စင်တွင်ဖြစ်ပျက်နေတာဖြစ်ပါတယ်။

ယင်းအက်ကွဲရာရှိတဲ့အောက်တည့်တည့်တွင်အဝေးကွင်းအသင်းရဲ့အဝတ်အစားလဲခန်းရှိနေပါတယ်။

အထက်ပါဗီဒီယိုဖိုင်မှာဘိုကာဂျူနီယာနှင့်ဘရာဇီးကလပ်ကိုရင်သီယန်တို့ရင်ဆိုင်ကစားတဲ့ကိုပါလီဘာတာဒို့စ်ဖလားပြိုင်ပွဲတွင်ရိုက်ကူးထားတာဖြစ်ပါတယ်။

La Bombonera ကွင်းကိုယခင်တုန်းကအယ်ဘာတိုဟိုဆေးအာမန်ဒိုကွင်းအဖြစ်လူသိများပြီး၁၉၄၀ခုနှစ်တွင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ကွင်းကို၁၉၉၆ခုနှစ်တွင်ပြန်လည်မွန်းမံပြုလုပ်ခဲ့ပေမဲ့ယခုအခါကွင်းမှာကြံ့ခိုင်မှုပိုင်းအားနည်းနေပြီဖြစ်ပါတယ်။

ဒါကြောင့်လည်းဘောလုံးပရိသတ်များက ကွင်းအခြေအနေဆိုးရွားနေမှုနဲ့အတူမဝေးတော့တဲ့ကာလအတွင်းတွင်ကပ်ဆိုးကြီးစောင့်ဆိုင်းနေကြောင်း ရေးသားလျက်ရှိကြပါတယ်။

ZawGyi

ပရိသတ္မ်ားထခုန္လိုက္တိုင္း အက္ကြဲေနကာ စိုးရိမ္စရာအေျခအေနျဖစ္ေနတဲ့ ဘိုကာဂ်ဴနီယာရဲ႕ကြင္း

ေဘာလုံးပရိသတ္မ်ားဟာဘိုကာဂ်ဴနီယာရဲ႕La Bombonera Stadium ရဲ႕ႀကံ့ခိုင္မႈပိုင္းအလြန္ဆိုး႐ြားေနမႈနဲ႔အတူ အႀကီးအက်ယ္စိုးရိမ္တုန္လႈပ္လ်က္ရွိၾကပါတယ္။

ဆိုရွယ္မီဒီယာတြင္ထြက္ေပၚလာတဲ့ဗီဒီယိုဖိုင္အရအာဂ်င္တီးနားကလပ္ရဲ႕အိမ္ရွင္ပရိသတ္ၾကည့္ရာပြဲၾကည့္စင္တစ္ခုတြင္အက္ကြဲရာႀကီးတစ္ခုရွိေနတာေတြ႕ရပါတယ္။

ယင္းအက္ကြဲရာမွာကြင္းရဲ႕အေပၚပြဲၾကည့္စင္တြင္ျဖစ္ပ်က္ေနတာျဖစ္ပါတယ္။

ယင္းအက္ကြဲရာရွိတဲ့ေအာက္တည့္တည့္တြင္အေဝးကြင္းအသင္းရဲ႕အဝတ္အစားလဲခန္းရွိေနပါတယ္။

အထက္ပါဗီဒီယိုဖိုင္မွာဘိုကာဂ်ဴနီယာႏွင့္ဘရာဇီးကလပ္ကိုရင္သီယန္တို႔ရင္ဆိုင္ကစားတဲ့ကိုပါလီဘာတာဒို႔စ္ဖလားၿပိဳင္ပြဲတြင္႐ိုက္ကူးထားတာျဖစ္ပါတယ္။

La Bombonera ကြင္းကိုယခင္တုန္းကအယ္ဘာတိုဟိုေဆးအာမန္ဒိုကြင္းအျဖစ္လူသိမ်ားၿပီး၁၉၄၀ခုႏွစ္တြင္တည္ေဆာက္ခဲ့တာျဖစ္ပါတယ္။ကြင္းကို၁၉၉၆ခုႏွစ္တြင္ျပန္လည္မြန္းမံျပဳလုပ္ခဲ့ေပမဲ့ယခုအခါကြင္းမွာႀကံ့ခိုင္မႈပိုင္းအားနည္းေနၿပီျဖစ္ပါတယ္။

ဒါေၾကာင့္လည္းေဘာလုံးပရိသတ္မ်ားက ကြင္းအေျခအေနဆိုး႐ြားေနမႈနဲ႔အတူမေဝးေတာ့တဲ့ကာလအတြင္းတြင္ကပ္ဆိုးႀကီးေစာင့္ဆိုင္းေနေၾကာင္း ေရးသားလ်က္ရွိၾကပါတယ္။