ပရိသတ်များထံမှ ဒေါသတကြီးဖိအားပေးခြင်းခံလာရပေမဲ့ ဒေးဗစ်မိုယက်စ်နှင့် လက်တွဲဖြုတ်မှာမဟုတ်တဲ့ ဝက်စ်ဟမ်း

ဝက်စ်ဟမ်းဟာရလဒ်ဆိုးရွားမှုကြောင့်ပရိသတ်များရဲ့ဒေါသတကြီးဖိအားပေးမှုများနှင့်ကြုံလာရပေမဲ့လည်းဒေးဗစ်မိုယက်စ်ကိုထုတ်ပယ်ရန်အစီအစဉ်မရှိဘဲဆက်လက်လက်တွဲသွားရန်စီစဉ်ထားပါတယ်။

ဝက်စ်ဟမ်းပရိသတ်များဟာစနေနေ့တုန်းကဘရိုက်တန်ကို၄-၀ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်ဒေးဗစ်မိုယက်စ်ကိုထုတ်ပယ်ရန်တောင်းဆိုခဲ့ကြပါတယ်။

အဆိုပါပွဲစဉ်အတွင်းတွင်ဝက်စ်ဟမ်းပရိသတ်များဟာအသက်၅၉နှစ်ရှိအဲဗာတန်နှင့်ယူနိုက်တက်နည်းပြဟောင်းကိုလှောင်ပြောင်အော်ဟစ်မှုများပြုလုပ်ခဲ့ကြပါတယ်။

ဒါပေမဲ့လည်းဝက်စ်ဟမ်းဥက္ကဌဒေးဗစ်ဆူလေဗန်နှင့်ဘုတ်အဖွဲ့ဝင်များဟာဒေးဗစ်မိုယက်စ်အပေါ်ဆက်လက်ယုံကြည်ကာတန်းမဆင်းရရေးအတွက်လက်တွဲတိုက်ပွဲဝင်သွားရန်ဆုံးဖြတ်လိုက်ကြပါတယ်။

ဝက်စ်ဟမ်းဟာပရီးမီးယားလိဂ်တွင်၁၁ပွဲဆက်နိုင်ပွဲပျောက်နေပြီးတန်းဆင်းဇုန်မှအသင်းနှင့်ရမှတ်၃မှတ်တည်းသာကွာဟနေပါတယ်။

ဝက်စ်ဟမ်းဘုတ်အဖွဲ့ဝင်များဟာလက်ရှိအချိန်တွင်ဒေးဗစ်မိုယက်စ်ကိုမထုတ်ပယ်ရန်ဆုံးဖြတ်ထားပေမဲ့လည်းကြားရက်တွင်ကစားရမဲ့ဆိုက်စ်ပရပ်စ်ရဲ့Aek Larnaca နှင့် ယူရိုပါလိဂ်ကွန်ဖရင့်လိဂ်၁၆သင်းရှုံးထွက်အဆင့်ပွဲစဉ်၊အက်စတွန်ဗီလာကိုဧည့်ခံကစားရမဲ့ပွဲ၊နိုင်ငံတကာပွဲမတိုင်မီ ဆောက်သမ်တန်နှင့်ပွဲတို့တွင်ရလဒ်မကောင်းပါကစိတ်ပြောင်းလာနိုင်ကြပါတယ်။

ZawGyi

ပရိသတ္မ်ားထံမွ ေဒါသတႀကီးဖိအားေပးျခင္းခံလာရေပမဲ့ ေဒးဗစ္မိုယက္စ္ႏွင့္ လက္တြဲျဖဳတ္မွာမဟုတ္တဲ့ ဝက္စ္ဟမ္း

ဝက္စ္ဟမ္းဟာရလဒ္ဆိုး႐ြားမႈေၾကာင့္ပရိသတ္မ်ားရဲ႕ေဒါသတႀကီးဖိအားေပးမႈမ်ားႏွင့္ႀကဳံလာရေပမဲ့လည္းေဒးဗစ္မိုယက္စ္ကိုထုတ္ပယ္ရန္အစီအစဥ္မရွိဘဲဆက္လက္လက္တြဲသြားရန္စီစဥ္ထားပါတယ္။

ဝက္စ္ဟမ္းပရိသတ္မ်ားဟာစေနေန႔တုန္းကဘ႐ိုက္တန္ကို၄-၀ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္ေဒးဗစ္မိုယက္စ္ကိုထုတ္ပယ္ရန္ေတာင္းဆိုခဲ့ၾကပါတယ္။

အဆိုပါပြဲစဥ္အတြင္းတြင္ဝက္စ္ဟမ္းပရိသတ္မ်ားဟာအသက္၅၉ႏွစ္ရွိအဲဗာတန္ႏွင့္ယူႏိုက္တက္နည္းျပေဟာင္းကိုေလွာင္ေျပာင္ေအာ္ဟစ္မႈမ်ားျပဳလုပ္ခဲ့ၾကပါတယ္။

ဒါေပမဲ့လည္းဝက္စ္ဟမ္းဥကၠဌေဒးဗစ္ဆူေလဗန္ႏွင့္ဘုတ္အဖြဲ႕ဝင္မ်ားဟာေဒးဗစ္မိုယက္စ္အေပၚဆက္လက္ယုံၾကည္ကာတန္းမဆင္းရေရးအတြက္လက္တြဲတိုက္ပြဲဝင္သြားရန္ဆုံးျဖတ္လိုက္ၾကပါတယ္။

ဝက္စ္ဟမ္းဟာပရီးမီးယားလိဂ္တြင္၁၁ပြဲဆက္ႏိုင္ပြဲေပ်ာက္ေနၿပီးတန္းဆင္းဇုန္မွအသင္းႏွင့္ရမွတ္၃မွတ္တည္းသာကြာဟေနပါတယ္။

ဝက္စ္ဟမ္းဘုတ္အဖြဲ႕ဝင္မ်ားဟာလက္ရွိအခ်ိန္တြင္ေဒးဗစ္မိုယက္စ္ကိုမထုတ္ပယ္ရန္ဆုံးျဖတ္ထားေပမဲ့လည္းၾကားရက္တြင္ကစားရမဲ့ဆိုက္စ္ပရပ္စ္ရဲ႕Aek Larnaca ႏွင့္ ယူ႐ိုပါလိဂ္ကြန္ဖရင့္လိဂ္၁၆သင္းရႈံးထြက္အဆင့္ပြဲစဥ္၊အက္စတြန္ဗီလာကိုဧည့္ခံကစားရမဲ့ပြဲ၊ႏိုင္ငံတကာပြဲမတိုင္မီ ေဆာက္သမ္တန္ႏွင့္ပြဲတို႔တြင္ရလဒ္မေကာင္းပါကစိတ္ေျပာင္းလာႏိုင္ၾကပါတယ္။