ပရိသတ်များမနှစ်သက်တဲ့ ကလပ်လိုဂိုသစ်ကို အင်တာမီလန်ကြေညာ

အင်တာမီလန်ဟာသူတို့ရဲ့ကလပ်သက်တမ်း၁၁၃နှစ်မှာလိုဂိုသစ်ကိုကြေညာပြီးအပြောင်းအလဲများစွာ ပြုလုပ်လာပါတယ်။

အင်တာမီလန်ရဲ့လိုဂိုသစ်မှာအနက်ရောင်၊အပြာရောင်နှင့်အဖြူရောင်တို့ကိုအသုံးပြုထားပြီးကားကုမ္ပဏီ Volkswagenရဲ့လိုဂိုနှင့်တူတယ်ဆိုပြီးပရိသတ်များရဲ့ဝေဖန်ထောက်ပြနေကြပါတယ်။

အင်တာမီလန်ဟာဂျူဗင်တပ်ကခေတ်နှင့်အညီလိုဂိုသစ်၊အမည်သစ်ပြောင်းလဲကာဈေးကွက်တွင်လူစိတ်ဝင်စားခြင်းခံရအောင်လုပ်ဆောင်လာပြီးနောက်လိုက်လုပ်လာတာလည်းဖြစ်ပါတယ်။

အင်တာမီလန်ဟာယခုကြေညာလာတဲ့လိုဂိုသစ်ကိုလာမယ့်ဘောလုံးရာသီမှစတင်အသုံးပြုသွားပါမယ်။အင်တာမီလန်ဟာလာမယ့်ရာသီမှာလိုဂိုသစ်အပြင်အင်္ကျီရင်ဘတ်စပွန်ဆာသစ်လည်းအသုံးပြုလာရပါမယ်။အင်တာမီလန်ဟာဆယ်စုနှစ်နှစ်ခုကျော်ကြာလက်တွဲလာတဲ့Pirelli နှင့်လမ်းခွဲပါမယ်။

ZawGyi

ပရိသတ္မ်ားမႏွစ္သက္တဲ့ ကလပ္လိုဂိုသစ္ကို အင္တာမီလန္ေၾကညာ

အင္တာမီလန္ဟာသူတို႔ရဲ႕ကလပ္သက္တမ္း၁၁၃ႏွစ္မွာလိုဂိုသစ္ကိုေၾကညာၿပီးအေျပာင္းအလဲမ်ားစြာ ျပဳလုပ္လာပါတယ္။

အင္တာမီလန္ရဲ႕လိုဂိုသစ္မွာအနက္ေရာင္၊အျပာေရာင္ႏွင့္အျဖဴေရာင္တို႔ကိုအသုံးျပဳထားၿပီးကားကုမၸဏီ Volkswagenရဲ႕လိုဂိုႏွင့္တူတယ္ဆိုၿပီးပရိသတ္မ်ားရဲ႕ေဝဖန္ေထာက္ျပေနၾကပါတယ္။

အင္တာမီလန္ဟာဂ်ဴဗင္တပ္ကေခတ္ႏွင့္အညီလိုဂိုသစ္၊အမည္သစ္ေျပာင္းလဲကာေဈးကြက္တြင္လူစိတ္ဝင္စားျခင္းခံရေအာင္လုပ္ေဆာင္လာၿပီးေနာက္လိုက္လုပ္လာတာလည္းျဖစ္ပါတယ္။

အင္တာမီလန္ဟာယခုေၾကညာလာတဲ့လိုဂိုသစ္ကိုလာမယ့္ေဘာလုံးရာသီမွစတင္အသုံးျပဳသြားပါမယ္။အင္တာမီလန္ဟာလာမယ့္ရာသီမွာလိုဂိုသစ္အျပင္အက်ႌရင္ဘတ္စပြန္ဆာသစ္လည္းအသုံးျပဳလာရပါမယ္။အင္တာမီလန္ဟာဆယ္စုႏွစ္ႏွစ္ခုေက်ာ္ၾကာလက္တြဲလာတဲ့Pirelli ႏွင့္လမ္းခြဲပါမယ္။