ပရိသတ်များရဲ့ဆန့်ကျင်မှုကြောင့် အဲဗာတန်နည်းပြရာထူးကို လက်ခံရန် နောက်တွန့်သွားတဲ့ ပီရီရာ

ဗစ်တော်ပီရီရာဟာအဲဗာတန်နည်းပြရာထူးအတွက်ထိပ်ဆုံးကအခြေအနေကောင်းနေပေမဲ့လည်းအဲဗာတန်ပရိသတ်များရဲ့ဆန့်ကျင်မှုကြောင့် အဲဗာတန်နည်းပြရာထူးအားရယူရန်နောက်တွန့်သွားနေကြောင်းသိရပါတယ်။

ပေါ်တိုနည်းပြဟောင်းဟာအဲဗာတန်နည်းပြရာထူးအတွက်ထိပ်ဆုံးမှရေပန်းစားနေသူဖြစ်ပြီးလန်ဒန်သို့လာရောက်ကာအင်တာဗျူးပြုလုပ်ထားသူလည်းဖြစ်ပါတယ်။

ဒါပေမဲ့အဲဗာတန်ပရိသတ်များကပီရီရာကိုနည်းပြသစ်အဖြစ်ခန့်အပ်ရေးကိုဆန့်ကျင်နေပြီးလမ်းပတ်ကိုခန့်အပ်ရန်ထောက်ခံနေကြပါတယ်။

ဖရန့်လမ်းပတ်ဟာပြီးခဲ့တဲ့နှစ်ဇန်နဝါရီလတုန်းကချဲလ်ဆီးနည်းပြရာထူးမှထွက်ခွာခဲ့ရပြီးနောက်အသင်းလက်မဲ့ဖြစ်နေသူလည်းဖြစ်ပါတယ်။

ဒါ့အပြင်အဲဗာတန်ပရိသတ်အုပ်စုဟာလီဗာပူးရဲ့အဲဗာတန်အသင်းရုံးရှေ့သို့သွားရောက်ကာအသင်းဘုတ်အဖွဲ့ဝင်များကိုဆန္ဒပြမှုပြုလုပ်ခဲ့ကြပါတယ်။

ယင်းသို့အဲဗာတန်ပရိသတ်များရဲ့ဆန့်ကျင်မှုများနှင့်ကြုံတွေ့ရမှုနဲ့အတူပီရီရာဟာအဲဗာတန်နည်းပြရာထူးရယူရေးမှနောက်ဆုတ်ရန်အလေးအနက်ထားစဉ်းစားနေပါတယ်။

အိုလံပီယာကို့စ်နှင့်ဖီနာဘာချီနည်းပြဟောင်းဟာပေါ်တိုနှင့်အတူအမှတ်ပေးဖလား၂ကြိမ်ဆွတ်ခူးခဲ့သူဖြစ်ပြီးနည်းပြဘဝဆုဖလားပေါင်း ၇ကြိမ်ဆွတ်ခူးထားနိုင်သူလည်းဖြစ်ပါတယ်။

ZawGyi

ပရိသတ္မ်ားရဲ႕ဆန႔္က်င္မႈေၾကာင့္ အဲဗာတန္နည္းျပရာထူးကို လက္ခံရန္ ေနာက္တြန႔္သြားတဲ့ ပီရီရာ

ဗစ္ေတာ္ပီရီရာဟာအဲဗာတန္နည္းျပရာထူးအတြက္ထိပ္ဆုံးကအေျခအေနေကာင္းေနေပမဲ့လည္းအဲဗာတန္ပရိသတ္မ်ားရဲ႕ဆန႔္က်င္မႈေၾကာင့္ အဲဗာတန္နည္းျပရာထူးအားရယူရန္ေနာက္တြန႔္သြားေနေၾကာင္းသိရပါတယ္။

ေပၚတိုနည္းျပေဟာင္းဟာအဲဗာတန္နည္းျပရာထူးအတြက္ထိပ္ဆုံးမွေရပန္းစားေနသူျဖစ္ၿပီးလန္ဒန္သို႔လာေရာက္ကာအင္တာဗ်ဴးျပဳလုပ္ထားသူလည္းျဖစ္ပါတယ္။

ဒါေပမဲ့အဲဗာတန္ပရိသတ္မ်ားကပီရီရာကိုနည္းျပသစ္အျဖစ္ခန႔္အပ္ေရးကိုဆန႔္က်င္ေနၿပီးလမ္းပတ္ကိုခန႔္အပ္ရန္ေထာက္ခံေနၾကပါတယ္။

ဖရန႔္လမ္းပတ္ဟာၿပီးခဲ့တဲ့ႏွစ္ဇန္နဝါရီလတုန္းကခ်ဲလ္ဆီးနည္းျပရာထူးမွထြက္ခြာခဲ့ရၿပီးေနာက္အသင္းလက္မဲ့ျဖစ္ေနသူလည္းျဖစ္ပါတယ္။

ဒါ့အျပင္အဲဗာတန္ပရိသတ္အုပ္စုဟာလီဗာပူးရဲ႕အဲဗာတန္အသင္း႐ုံးေရွ႕သို႔သြားေရာက္ကာအသင္းဘုတ္အဖြဲ႕ဝင္မ်ားကိုဆႏၵျပမႈျပဳလုပ္ခဲ့ၾကပါတယ္။

ယင္းသို႔အဲဗာတန္ပရိသတ္မ်ားရဲ႕ဆန႔္က်င္မႈမ်ားႏွင့္ႀကဳံေတြ႕ရမႈနဲ႔အတူပီရီရာဟာအဲဗာတန္နည္းျပရာထူးရယူေရးမွေနာက္ဆုတ္ရန္အေလးအနက္ထားစဥ္းစားေနပါတယ္။

အိုလံပီယာကို႔စ္ႏွင့္ဖီနာဘာခ်ီနည္းျပေဟာင္းဟာေပၚတိုႏွင့္အတူအမွတ္ေပးဖလား၂ႀကိမ္ဆြတ္ခူးခဲ့သူျဖစ္ၿပီးနည္းျပဘဝဆုဖလားေပါင္း ၇ႀကိမ္ဆြတ္ခူးထားႏိုင္သူလည္းျဖစ္ပါတယ္။