ပရိသတ်များရဲ့ဒေါသတကြီးကန့်ကွက်မှုငြင်းပယ်ကာ ဘင်နီတက်ဇ်ကို နည်းပြသစ်အဖြစ် အဲဗာတန်ခန့်အပ်

အဲဗာတန်အသင်းဟာနည်းပြသစ်အဖြစ်ရာဖေးလ်ဘင်နီတက်ဇ်အားခန့်အပ်လိုက်ပြီဖြစ်ပါတယ်။အဲဗာတန်အသင်းရဲ့အဓိကရှယ်ယာရှင်ဖာဟက်မိုရှီရီကသမိုင်းဝင်ခန့်အပ်မှုအားပြုလုပ်လိုက်တာလည်းဖြစ်ပါတယ်။ဘင်နီတက်ဇ်ဟာ၁၈၉၀ခုနှစ်များတုန်းကဝီလီယံအက်ဒ်ဝတ်ဒ်ဘာကလေပြီးနောက်လီဗာပူးနှင့်အဲဗာတန်နှစ်သင်းလုံးကိုကိုင်တွယ်ဖူးတဲ့ပထမဆုံးနည်းပြဖြစ်လာခဲ့ပါတယ်။

အသက်၆၁နှစ်ရှိစပိန်လူမျိုးနည်းပြဟာပြီးခဲ့တဲ့အပတ်တုန်းကအီတလီတွင်တွေ့ဆုံမှုအပါအဝင်မိုရှီရီနဲ့အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ပြီးနောက်ခန့်အပ်လိုက်တာလည်းဖြစ်ပါတယ်။

ဘင်နီတက်ဇ်ဟာလာမယ့်ဇူလိုင်လ၅ရက်နေ့မှာကလပ်ရဲ့Finch Farm လေ့ကျင့်ရေးကွင်းသို့လာရောက်ကာရာသီကြိုလေ့ကျင့်ခန်းဆင်းမှုစတင်ပြုလုပ်သွားပါတယ်။

ဘင်နီတက်ဇ်ရဲ့နည်းပြအဖွဲ့တွင်ပထမအသင်းလက်ထောက်မန်နေဂျာအဖြစ်ဒန်ကင်ဖာဂူဆန်ကဆက်လက်တာဝန်ထမ်းဆောင်မှာဖြစ်သလိုဂိုးနည်းပြအဖြစ်အလန်ကယ်လီက ဆက်လက်တာဝန်ထမ်းဆောင်ပါမယ်။ကျန်နည်းပြအဖွဲ့ဝင်များကိုတော့ဘင်နီတက်ဇ်ရဲ့နည်းပြအဖွဲ့ဝင်များကတာဝန်ထမ်းဆောင်ပါမယ်။

မိုရှီရီက “ရာဖာရဲ့ဗဟုသတကြွယ်ဝမှုနဲ့အတွေ့အကြုံတွေကအထင်ကြီးစရာပါ။အရေးအကြီးဆုံးကတော့သူ့ရဲ့ကျွန်တော်တို့ကလပ်ကိုကိုင်တွယ်လိုစိတ်ပြင်းထန်နေမှုဖြစ်ပါတယ်။သူဟာကျွန်တော်တို့ကလပ်သို့အောင်မြင်မှုတွေယူဆောင်လာမယ်လို့ယုံကြည်လို့ခန့်အပ်လိုက်တာပါ။ဇယားထိပ်ပိုင်းအတွက်တိုက်ပွဲဝင်ဖို့နဲ့ဆုဖလားတွေရရှိဖို့ဖြစ်ပါတယ်။ရာဖာကနိုင်ငံတကာအတွေ့အကြုံရင့်ကျက်သလိုအောင်နိုင်သူတစ်ဦးဆိုတာပြသထားပြီးသူလည်းဖြစ်ပါတယ်။သူကကျွန်တော်တို့ကိုအောင်မြင်အောင်လုပ်ပေးမယ့်သူတစ်ဦးဆိုတာယုံကြည်ပါတယ်”လို့ပြောကြားသွားပါတယ်။

ဘင်နီတက်ဇ်ကလည်း “ဒီကလပ်ကအောင်မြင်မှုတွေဆီသွားနေတဲ့ကလပ်ပါ။ဒီကြီးကျယ်တဲ့ကလပ်ရဲ့ရည်မှန်းချက်တွေဖြစ်မြောက်လာဖို့အကူအညီပေးကာအစိတ်အပိုင်းအဖြစ်ပါဝင်ချင်ပါတယ်”လို့ပြောကြားသွားပါတယ်။

အဲဗာတန်ပရိသတ်များဟာလွန်ခဲ့တဲ့နှစ်ပတ်ခန့်ကတည်းကအဲဗာတန်ရဲ့ဘင်နီတက်ဇ်အားခန့်အပ်ရန်စီစဉ်နေမှုများအပေါ်ကန့်ကွက်လာခဲ့ကြတာဖြစ်ပြီးလွန်ခဲ့တဲ့ရက်ပိုင်းတုန်းကဘင်နီတက်ဇ်ရဲ့အိမ်ရှေ့တွင်”မင်းနေတဲ့အိမ်ကိုငါသိတယ်။လက်မှတ်မထိုးနဲ့”ဆိုတဲ့စာသားပါနဖူးစည်းကိုချိတ်ကာခြိမ်းခြောက်ဟန့်တားမှုပြုလုပ်ခဲ့ပါသေးတယ်။

ZawGyi

ပရိသတ္မ်ားရဲ႕ေဒါသတႀကီးကန႔္ကြက္မႈျငင္းပယ္ကာ ဘင္နီတက္ဇ္ကို နည္းျပသစ္အျဖစ္ အဲဗာတန္ခန႔္အပ္

အဲဗာတန္အသင္းဟာနည္းျပသစ္အျဖစ္ရာေဖးလ္ဘင္နီတက္ဇ္အားခန႔္အပ္လိုက္ၿပီျဖစ္ပါတယ္။အဲဗာတန္အသင္းရဲ႕အဓိကရွယ္ယာရွင္ဖာဟက္မိုရွီရီကသမိုင္းဝင္ခန႔္အပ္မႈအားျပဳလုပ္လိုက္တာလည္းျဖစ္ပါတယ္။ဘင္နီတက္ဇ္ဟာ၁၈၉၀ခုႏွစ္မ်ားတုန္းကဝီလီယံအက္ဒ္ဝတ္ဒ္ဘာကေလၿပီးေနာက္လီဗာပူးႏွင့္အဲဗာတန္ႏွစ္သင္းလုံးကိုကိုင္တြယ္ဖူးတဲ့ပထမဆုံးနည္းျပျဖစ္လာခဲ့ပါတယ္။

အသက္၆၁ႏွစ္ရွိစပိန္လူမ်ိဳးနည္းျပဟာၿပီးခဲ့တဲ့အပတ္တုန္းကအီတလီတြင္ေတြ႕ဆုံမႈအပါအဝင္မိုရွီရီနဲ႔အႀကိမ္ႀကိမ္ေတြ႕ဆုံေဆြးေႏြးမႈျပဳလုပ္ၿပီးေနာက္ခန႔္အပ္လိုက္တာလည္းျဖစ္ပါတယ္။

ဘင္နီတက္ဇ္ဟာလာမယ့္ဇူလိုင္လ၅ရက္ေန႔မွာကလပ္ရဲ႕Finch Farm ေလ့က်င့္ေရးကြင္းသို႔လာေရာက္ကာရာသီႀကိဳေလ့က်င့္ခန္းဆင္းမႈစတင္ျပဳလုပ္သြားပါတယ္။

ဘင္နီတက္ဇ္ရဲ႕နည္းျပအဖြဲ႕တြင္ပထမအသင္းလက္ေထာက္မန္ေနဂ်ာအျဖစ္ဒန္ကင္ဖာဂူဆန္ကဆက္လက္တာဝန္ထမ္းေဆာင္မွာျဖစ္သလိုဂိုးနည္းျပအျဖစ္အလန္ကယ္လီက ဆက္လက္တာဝန္ထမ္းေဆာင္ပါမယ္။က်န္နည္းျပအဖြဲ႕ဝင္မ်ားကိုေတာ့ဘင္နီတက္ဇ္ရဲ႕နည္းျပအဖြဲ႕ဝင္မ်ားကတာဝန္ထမ္းေဆာင္ပါမယ္။

မိုရွီရီက “ရာဖာရဲ႕ဗဟုသတႂကြယ္ဝမႈနဲ႔အေတြ႕အႀကဳံေတြကအထင္ႀကီးစရာပါ။အေရးအႀကီးဆုံးကေတာ့သူ႔ရဲ႕ကြၽန္ေတာ္တို႔ကလပ္ကိုကိုင္တြယ္လိုစိတ္ျပင္းထန္ေနမႈျဖစ္ပါတယ္။သူဟာကြၽန္ေတာ္တို႔ကလပ္သို႔ေအာင္ျမင္မႈေတြယူေဆာင္လာမယ္လို႔ယုံၾကည္လို႔ခန႔္အပ္လိုက္တာပါ။ဇယားထိပ္ပိုင္းအတြက္တိုက္ပြဲဝင္ဖို႔နဲ႔ဆုဖလားေတြရရွိဖို႔ျဖစ္ပါတယ္။ရာဖာကႏိုင္ငံတကာအေတြ႕အႀကဳံရင့္က်က္သလိုေအာင္ႏိုင္သူတစ္ဦးဆိုတာျပသထားၿပီးသူလည္းျဖစ္ပါတယ္။သူကကြၽန္ေတာ္တို႔ကိုေအာင္ျမင္ေအာင္လုပ္ေပးမယ့္သူတစ္ဦးဆိုတာယုံၾကည္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဘင္နီတက္ဇ္ကလည္း “ဒီကလပ္ကေအာင္ျမင္မႈေတြဆီသြားေနတဲ့ကလပ္ပါ။ဒီႀကီးက်ယ္တဲ့ကလပ္ရဲ႕ရည္မွန္းခ်က္ေတြျဖစ္ေျမာက္လာဖို႔အကူအညီေပးကာအစိတ္အပိုင္းအျဖစ္ပါဝင္ခ်င္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

အဲဗာတန္ပရိသတ္မ်ားဟာလြန္ခဲ့တဲ့ႏွစ္ပတ္ခန႔္ကတည္းကအဲဗာတန္ရဲ႕ဘင္နီတက္ဇ္အားခန႔္အပ္ရန္စီစဥ္ေနမႈမ်ားအေပၚကန႔္ကြက္လာခဲ့ၾကတာျဖစ္ၿပီးလြန္ခဲ့တဲ့ရက္ပိုင္းတုန္းကဘင္နီတက္ဇ္ရဲ႕အိမ္ေရွ႕တြင္”မင္းေနတဲ့အိမ္ကိုငါသိတယ္။လက္မွတ္မထိုးနဲ႔”ဆိုတဲ့စာသားပါနဖူးစည္းကိုခ်ိတ္ကာၿခိမ္းေျခာက္ဟန႔္တားမႈျပဳလုပ္ခဲ့ပါေသးတယ္။