ပရိသတ်များရဲ့မျက်ရည်ယိုဗုံးဖြင့်ပစ်လွှတ်မှုကြောင့် ကစားသမားများ အသက်မရှူနိုင်မှုကြောင့် လီဂူး ၁ပွဲ ရပ်ဆိုင်းခဲ့ရ

ပြင်သစ်လီဂူး၁ပွဲစဉ်အတွင်းတွင်ပရိသတ်များကမျက်ရည်ယိုဗုံးဖြင့်ပစ်ခဲ့တဲ့ တုန်လှုပ်စရာအဖြစ်အပျက်ဖြစ်ပျက်ခဲ့ပါတယ်။

တူးလော့စ်နှင့်မွန်ပယ်လီယာတို့ကစားတဲ့ပွဲစဉ်တွင်အဝေးကွင်းပရိသတ်များက ဒုတိယပိုင်းတွင်ကွင်းအတွင်းသို့မျက်ရည်ယိုဗုံးပစ်လွှတ်ခဲ့တာလည်းဖြစ်ပါတယ်။

မျက်ရည်ယိုဗုံးကြောင့်ကစားသမားများဟာအသက်ရှူရခက်ခဲခဲ့ပြီးမျက်ရည်များကျလာမှုကြောင့်ပွဲချိန်၅၇မိနစ်တွင်ပွဲကိုရပ်ဆိုင်းလိုက်ရပါတယ်။

ဒိုင်လူကြီးဟာကွင်းအတွင်းမီးခိုးများကင်းစင်သွားချိန်အထိစောင့်ဆိုင်းနေခဲ့ရာပွဲကို၁၅မိနစ်ခန့်ရပ်ဆိုင်းခဲ့ရပါတယ်။

ပွဲကိုရပ်ဆိုင်းလိုက်ချိန်တွင်အိမ်ရှင်တူးလော့စ်က၄-၁ဂိုးဖြင့်အနိုင်ရရှိနေပါတယ်။ယင်းနောက်ပြန်လည်စတင်ချိန်တွင်တူးလော့စ်ဘက်ကဒက်စ်လာအနီကတ်ပြထုတ်ပယ်ခံခဲ့ရပြီးမွန်ပယ်လီယာဘက်ကဝါဟီကဒုတိယချေပဂိုးသွင်းနိုင်ခဲ့ကာပွဲမှာ၄-၂ဖြင့်ပြီးဆုံးသွားခဲ့ပါတယ်။

ZawGyi

ပရိသတ္မ်ားရဲ႕မ်က္ရည္ယိုဗုံးျဖင့္ပစ္လႊတ္မႈေၾကာင့္ ကစားသမားမ်ား အသက္မရႉႏိုင္မႈေၾကာင့္ လီဂူး ၁ပြဲ ရပ္ဆိုင္းခဲ့ရ

ျပင္သစ္လီဂူး၁ပြဲစဥ္အတြင္းတြင္ပရိသတ္မ်ားကမ်က္ရည္ယိုဗုံးျဖင့္ပစ္ခဲ့တဲ့ တုန္လႈပ္စရာအျဖစ္အပ်က္ျဖစ္ပ်က္ခဲ့ပါတယ္။

တူးေလာ့စ္ႏွင့္မြန္ပယ္လီယာတို႔ကစားတဲ့ပြဲစဥ္တြင္အေဝးကြင္းပရိသတ္မ်ားက ဒုတိယပိုင္းတြင္ကြင္းအတြင္းသို႔မ်က္ရည္ယိုဗုံးပစ္လႊတ္ခဲ့တာလည္းျဖစ္ပါတယ္။

မ်က္ရည္ယိုဗုံးေၾကာင့္ကစားသမားမ်ားဟာအသက္ရႉရခက္ခဲခဲ့ၿပီးမ်က္ရည္မ်ားက်လာမႈေၾကာင့္ပြဲခ်ိန္၅၇မိနစ္တြင္ပြဲကိုရပ္ဆိုင္းလိုက္ရပါတယ္။

ဒိုင္လူႀကီးဟာကြင္းအတြင္းမီးခိုးမ်ားကင္းစင္သြားခ်ိန္အထိေစာင့္ဆိုင္းေနခဲ့ရာပြဲကို၁၅မိနစ္ခန႔္ရပ္ဆိုင္းခဲ့ရပါတယ္။

ပြဲကိုရပ္ဆိုင္းလိုက္ခ်ိန္တြင္အိမ္ရွင္တူးေလာ့စ္က၄-၁ဂိုးျဖင့္အႏိုင္ရရွိေနပါတယ္။ယင္းေနာက္ျပန္လည္စတင္ခ်ိန္တြင္တူးေလာ့စ္ဘက္ကဒက္စ္လာအနီကတ္ျပထုတ္ပယ္ခံခဲ့ရၿပီးမြန္ပယ္လီယာဘက္ကဝါဟီကဒုတိယေခ်ပဂိုးသြင္းႏိုင္ခဲ့ကာပြဲမွာ၄-၂ျဖင့္ၿပီးဆုံးသြားခဲ့ပါတယ္။