ပရိသတ်များအတွက် နာရီဝက်အထိအချိန်ပေးကာ ဓာတ်ပုံတွဲရိုက်ခြင်း၊လက်မှတ်ထိုးခြင်းပြုလုပ်ပေးခဲ့တဲ့ ဆန်ချို

ဂျာဒွန်ဆန်ချိုဟာမန်ယူပရိသတ်များအားနာရီဝက်ကြာအချိန်ပေးကာဓာတ်ပုံတွဲရိုက်ပေးခြင်း၊အမှတ်တရလက်မှတ်ထိုးပေးခြင်းတို့ပြုလုပ်မှုအတွက်ချီးကျူးခြင်းခံနေရပါတယ်။

ဆန်ချိုဟာစနေနေ့တုန်းကအိုးထရက်ဖို့ဒ်ကွင်းတွင်လိဒ်ယူနိုက်တက်အား၃-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်တွင်အရန်အဖြစ်ဝင်ရောက်ကစားကာမန်ယူအတွက်ပထမဆုံးပွဲကိုကစားခဲ့ပါတယ်။

အသက်၂၁နှစ်ရှိအင်္ဂလန်တောင်ပံစတားဟာလိဒ်အားအနိုင်ရရှိတဲ့ပွဲစဉ်တွင်မန်ယူအတွက်၁၅မိနစ်ကစားခဲ့ပြီးမန်ယူပရိသတ်များရဲ့အကြီးအကျယ်အားပေးခြင်းခံခဲ့ရပါတယ်။

သူဟာယင်းပွဲအပြီးတွင်ပရိသတ်များအားနောက်ထပ်ပျော်ရွှင်အောင်လုပ်ခဲ့ပါသေးတယ်။သူဟာပွဲအပြီးတွင်မန်ယူလေ့ကျင့်ရေးဝတ်စုံ၊နှာခေါင်းစည်းစည်းကာမန်ယူပရိသတ်များနှင့်စကားပြောခြင်း၊အင်္ကျီများတွင်လက်မှတ်ရေးထိုးခြင်း၊ဓာတ်ပုံရိုက်ကူးခြင်းတို့ပြုလုပ်ခဲ့ပါတယ်။

ဆန်ချိုဟာမန်ယူပရိသတ်များအား၂၅မိနစ်မှမိနစ်၃၀အတွင်းအချိန်ပေးလုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။

ဆန်ချိုဟာတနင်္ဂနွေနေ့တုန်းကဆောက်သမ်တန်အား၃-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ခြေစမ်းပွဲစဉ်တွင်ပွဲချိန်ပြည့်ပါဝင်ကစားခဲ့ပါတယ်။

ZawGyi

ပရိသတ္မ်ားအတြက္ နာရီဝက္အထိအခ်ိန္ေပးကာ ဓာတ္ပုံတြဲ႐ိုက္ျခင္း၊လက္မွတ္ထိုးျခင္းျပဳလုပ္ေပးခဲ့တဲ့ ဆန္ခ်ိဳ

ဂ်ာဒြန္ဆန္ခ်ိဳဟာမန္ယူပရိသတ္မ်ားအားနာရီဝက္ၾကာအခ်ိန္ေပးကာဓာတ္ပုံတြဲ႐ိုက္ေပးျခင္း၊အမွတ္တရလက္မွတ္ထိုးေပးျခင္းတို႔ျပဳလုပ္မႈအတြက္ခ်ီးက်ဴးျခင္းခံေနရပါတယ္။

ဆန္ခ်ိဳဟာစေနေန႔တုန္းကအိုးထရက္ဖို႔ဒ္ကြင္းတြင္လိဒ္ယူႏိုက္တက္အား၃-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္တြင္အရန္အျဖစ္ဝင္ေရာက္ကစားကာမန္ယူအတြက္ပထမဆုံးပြဲကိုကစားခဲ့ပါတယ္။

အသက္၂၁ႏွစ္ရွိအဂၤလန္ေတာင္ပံစတားဟာလိဒ္အားအႏိုင္ရရွိတဲ့ပြဲစဥ္တြင္မန္ယူအတြက္၁၅မိနစ္ကစားခဲ့ၿပီးမန္ယူပရိသတ္မ်ားရဲ႕အႀကီးအက်ယ္အားေပးျခင္းခံခဲ့ရပါတယ္။

သူဟာယင္းပြဲအၿပီးတြင္ပရိသတ္မ်ားအားေနာက္ထပ္ေပ်ာ္႐ႊင္ေအာင္လုပ္ခဲ့ပါေသးတယ္။သူဟာပြဲအၿပီးတြင္မန္ယူေလ့က်င့္ေရးဝတ္စုံ၊ႏွာေခါင္းစည္းစည္းကာမန္ယူပရိသတ္မ်ားႏွင့္စကားေျပာျခင္း၊အက်ႌမ်ားတြင္လက္မွတ္ေရးထိုးျခင္း၊ဓာတ္ပုံ႐ိုက္ကူးျခင္းတို႔ျပဳလုပ္ခဲ့ပါတယ္။

ဆန္ခ်ိဳဟာမန္ယူပရိသတ္မ်ားအား၂၅မိနစ္မွမိနစ္၃၀အတြင္းအခ်ိန္ေပးလုပ္ေဆာင္ခဲ့တာလည္းျဖစ္ပါတယ္။

ဆန္ခ်ိဳဟာတနဂၤေႏြေန႔တုန္းကေဆာက္သမ္တန္အား၃-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ေျခစမ္းပြဲစဥ္တြင္ပြဲခ်ိန္ျပည့္ပါဝင္ကစားခဲ့ပါတယ္။