ပရိသတ်များအတွက် အမှတ်ရစရာပြည့်နှက်နေတဲ့ ညပိုင်ဆိုင်စေရမည်ဟု ကိန်းကတိပြု

အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းကယူရို၂၀၂၀ဖလားဆွတ်ခူးပြီးပရိသတ်များအတွက်အမှတ်ရစရာများပြည့်နှက်နေတဲ့ညတစ်ညပိုင်ဆိုင်စေရမည်ဖြစ်ကြောင်းကတိပြုလိုက်ပါတယ်။

အင်္ဂလန်ဟာယနေ့ညမှာယူရို၂၀၂၀ပြိုင်ပွဲဗိုလ်လုပွဲအဖြစ်ဝင်ဘာလေကွင်းမှာအီတလီအသင်းကိုဧည့်ခံကစားရပါမယ်။

ဗြိတိန်ဘုရင်မကြီးနှင့်မင်းသားဝီလီယမ်တို့အားအင်္ဂလန်အားယူရို၂၀၂၀ချန်ပီယံဖြစ်စေလိုလျက်ရှိပြီးစာရေးသားကာစိတ်ဓာတ်မြှင့်တင်မှုပြုလုပ်ထားပြီးဖြစ်ပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီဟာအင်္ဂလန်အသင်း၁၉၆၆ကမ္ဘာ့ဖလားသူရဲကောင်းများရဲ့ခြေရာကိုနင်းနိုင်ရန်မျှော်လင့်နေတာလည်းဖြစ်ပါတယ်။

ဟယ်ရီကိန်းက “ဘယ်သူမဆိုအရေးပါတဲ့ပွဲတစ်ပွဲမှာပွဲကိုအနိုင်ရစေတဲ့ဂိုးကိုသွင်းတဲ့သူဖြစ်ချင်ပါတယ်။ဆာဂျော့ဖ်ဟာသမိုင်းမှာအံ့ဩစရာအခိုက်အတန့်ဖြစ်ခဲ့ပါတယ်။အဲဒီအခိုက်အတန့်ကလူတိုင်းအမှတ်ရတဲ့အခိုက်အတန့်ပါ။ခက်ခဲတွေကာလတွေကြုံလာခဲ့ရပြီးတဲ့နောက်ကျွန်တော်တို့ဟာလည်းပြည်သူဆီသို့အပျော်တွေယူဆောင်ပေးချင်ပါတယ်။ကျွန်တော်တို့လုပ်ဆောင်ရမယ့်အလုပ်ကအရမ်းအရေးကြီးတာသိပါတယ်။ပြည်သူတွေကောင်းမွန်တဲ့အမှတ်ရစရာတွေပြည့်နေတဲ့ညတွေပေးချင်ပါတယ်”လို့ပြောကြားသွားပါတယ်။‌

ZawGyi

ပရိသတ္မ်ားအတြက္ အမွတ္ရစရာျပည့္ႏွက္ေနတဲ့ ညပိုင္ဆိုင္ေစရမည္ဟု ကိန္းကတိျပဳ

အဂၤလန္အသင္းေခါင္းေဆာင္ဟယ္ရီကိန္းကယူ႐ို၂၀၂၀ဖလားဆြတ္ခူးၿပီးပရိသတ္မ်ားအတြက္အမွတ္ရစရာမ်ားျပည့္ႏွက္ေနတဲ့ညတစ္ညပိုင္ဆိုင္ေစရမည္ျဖစ္ေၾကာင္းကတိျပဳလိုက္ပါတယ္။

အဂၤလန္ဟာယေန႔ညမွာယူ႐ို၂၀၂၀ၿပိဳင္ပြဲဗိုလ္လုပြဲအျဖစ္ဝင္ဘာေလကြင္းမွာအီတလီအသင္းကိုဧည့္ခံကစားရပါမယ္။

ၿဗိတိန္ဘုရင္မႀကီးႏွင့္မင္းသားဝီလီယမ္တို႔အားအဂၤလန္အားယူ႐ို၂၀၂၀ခ်န္ပီယံျဖစ္ေစလိုလ်က္ရွိၿပီးစာေရးသားကာစိတ္ဓာတ္ျမႇင့္တင္မႈျပဳလုပ္ထားၿပီးျဖစ္ပါတယ္။

အဂၤလန္အသင္းေခါင္းေဆာင္ဟယ္ရီဟာအဂၤလန္အသင္း၁၉၆၆ကမာၻ႔ဖလားသူရဲေကာင္းမ်ားရဲ႕ေျခရာကိုနင္းႏိုင္ရန္ေမွ်ာ္လင့္ေနတာလည္းျဖစ္ပါတယ္။

ဟယ္ရီကိန္းက “ဘယ္သူမဆိုအေရးပါတဲ့ပြဲတစ္ပြဲမွာပြဲကိုအႏိုင္ရေစတဲ့ဂိုးကိုသြင္းတဲ့သူျဖစ္ခ်င္ပါတယ္။ဆာေဂ်ာ့ဖ္ဟာသမိုင္းမွာအံ့ဩစရာအခိုက္အတန႔္ျဖစ္ခဲ့ပါတယ္။အဲဒီအခိုက္အတန႔္ကလူတိုင္းအမွတ္ရတဲ့အခိုက္အတန႔္ပါ။ခက္ခဲေတြကာလေတြႀကဳံလာခဲ့ရၿပီးတဲ့ေနာက္ကြၽန္ေတာ္တို႔ဟာလည္းျပည္သူဆီသို႔အေပ်ာ္ေတြယူေဆာင္ေပးခ်င္ပါတယ္။ကြၽန္ေတာ္တို႔လုပ္ေဆာင္ရမယ့္အလုပ္ကအရမ္းအေရးႀကီးတာသိပါတယ္။ျပည္သူေတြေကာင္းမြန္တဲ့အမွတ္ရစရာေတြျပည့္ေနတဲ့ညေတြေပးခ်င္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။‌