ပရိသတ်များ ငွေကုန်ကြေးကျသက်သာစေရန် အိမ်ကွင်းအင်္ကျီကို နှစ်ရာသီဆက်သုံးမယ့် ဘရန့်ဖို့ဒ်

ပရီးမီးယားလိဂ်မျက်နှာသစ်ဘရန့်ဖို့ဒ်ကလာမယ့်၂၀၂-၂၃ဘောလုံးရာသီတွင်ယခုရာသီတွင်အသုံးပြုတဲ့အိမ်ကွင်းအင်္ကျီကိုပင်ဆက်လက်အသုံးပြုသွားမည်ဖြစ်ကြောင်းကြေညာသွားပါတယ်။

သောမတ်စ်ဖရန့်ရဲ့အသင်းဟာ၎င်းတို့ရဲ့ပရီးမီးယားလိဂ်ပွဲဦးထွက်တွင်အသုံးပြုတဲ့အိမ်ကွင်းဝတ်စုံကိုပင်လာမယ့်ရာသီတွင်လည်းဆက်လက်အသုံးပြုသွားမှာဖြစ်ပါတယ်။

ဘရန့်ဖို့ဒ်အသင်းဟာလာမယ့်ရာသီတွင်အိမ်ကွင်းအင်္ကျီပြောင်းပါကပရိသတ်များငွေကြေးထပ်မံကုန်ကျမှာဖြစ်လို့ပရိသတ်များအသုံးစရိတ်ချွေတာနိုင်ရန်အတွက်ပေါင်၄၉ဖြင့်ရောင်းချနေတဲ့အနီနှင့်အဖြူအစင်းကျားအင်္ကျီကို၂ရာသီဆက်လက်ဝတ်ဆင်သွားပါမယ်။

ဒါ့အပြင်ဘရန့်ဖို့ဒ်ဟာကုန်ပစ္စည်းသစ်ထပ်မံထုတ်လုပ်မှုကြောင့်ကာဗွန်ထုတ်လွှတ်မှုကိုလျှော့ချကာသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ဆောင်တဲ့အနေဖြင့်လုပ်ဆောင်လိုက်တာလည်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကလပ်များဟာရာသီတိုင်းအနည်းဆုံးဝတ်စုံသုံးစုံအပြင်အထူးထုတ်အဖြစ်ထုတ်လုပ်ရောင်းချကာငွေရှာဖွေလေ့ရှိကြပြီး ဘရန့်ဖို့ဒ်လုပ်ရပ်မှာအခြားကလပ်များအတွက်စံနမူတစ်ခုအဖြစ်ချီးကျူးပြောဆိုနေကြပါတယ်။

ဘရန့်ဖို့ဒ်အသင်းဟာ၁၉၄၇ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ်ပရီးမီးယားလိဂ်သို့တက်လှမ်းလာခဲ့တာဖြစ်ပြီးပရီးမီးယားလိဂ်ပွဲစဉ်၁၂အပြီးတွင်နိုင်ပွဲ၃ပွဲရရှိထားကာအဆင့်၁၄နေရာတွင်ရပ်တည်နေပါတယ်။

ZawGyi






