
ကာတာကမ္ဘာ့ဖလားကျင်းပရေးကော်မတီဟာတစ်နေ့လျှင်၁၇နာရီအထိပရိသတ်များလွတ်လပ်စွာသောက်စားပျော်ပါးနိုင်မဲ့ သဲကန္တာရပွဲတော်ပြုလုပ်ရန်စီစဉ်နေပါတယ်။
ကာတာကမ္ဘာ့ဖလားကျင်းပရေးကော်မတီဟာဂလာစတွန်ဘူရီမှ ပွဲစီစဉ်သူ Arcadia ကို ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပမဲ့နိုဝင်ဘာလ၈၇ရက်နေ့မှစတင်ကာပွဲတော်တစ်ခုကျင်းပရေးငှားရမ်းထားပါတယ်။
ယင်းပွဲတော်ကို Arcadia Spectacular လို့ခေါ်ဝေါ်လာမှာဖြစ်ပြီးကာတာရဲ့မြို့တော်ဒိုဟာအပြင်ဘက်တွင်ပြုလုပ်လာမှာဖြစ်ပြီးတစ်နေ့လျှင်ပရိသတ်၁၅၀၀၀အထိဝင်ရောက်ခွင့်ပေးသွားပါမယ်။
ယင်းပွဲတော်အတွင်းတွင်ကမ္ဘာတလွှားမှနာမည်ကျော် DJ ဂီတသမားများကဖျော်ဖြေပေးသွားမှာဖြစ်ပြီးနေ့လည်၁၀နာရီမှနံနက်၃နာရီအထိဖွင့်ကျင်းပမှာဖြစ်ပါတယ်။ယင်းပွဲတော်အတွင်းတွင်လာရောက်သူများအနေဖြင့်အစားအသောက်များနှင့်အရက်များသောက်စားပျော်ပါးနိုင်ပါမယ်။
ဒါ့အပြင်ယင်းပွဲတော်အတွင်းတွင်တစ်နေ့လျှင်လေးပွဲကစားမယ့်ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်များကိုလည်းပြသလာပါမယ်။
Arcadia ကတော့ယင်းကန္တာရပွဲတော်ကိုကမ္ဘာ့အကောင်းဆုံးဂီတပွဲတော်များထဲမှတစ်ခုဖြစ်လာရေးလုပ်ဆောင်သွားမယ်လို့ကတိပြုထားပြီးယင်းပွဲတော်တွင် Arcadia ရဲ့နာမည်ကျော် မီးများမှုတ်ထားတဲ့ တန်၅၀ရှိ ပင့်ကူကြီးကိုလည်းပြသလာပါမယ်။
ပွဲကျင်းပရာနေရာကဒိုဟာလေဆိပ်နှင့်မြို့တော်တောင်ပိုင်းအကြားမှာရှိပြီး ဒိုဟာမှမိနစ်၂၀ခရီးအကွာတွင်ပြုလုပ်ပါမယ်။
ယင်းပွဲအတွက်လက်မှတ်ဈေးနှုန်းမှာတစ်နေ့လျှင်ပေါင်၅၀ဝန်ကျင်းကျသင့်လာဖို့ရှိနေပြီးဘီယာတစ်ခွက်အခမဲ့ရရှိပါမယ်။ပရိသတ်များအနေဖြင့်နောက်ထပ်ထပ်သောက်လိုပါကဘီယာတစ်ပိုင့်လျှင်၈ပေါင်နှုန်းဖြင့်ဝယ်သောက်ရဖို့ရှိပါတယ်။
ကာတာနိုင်ငံကအရက်သောက်စားသောက်စားမှုပိတ်ပင်ထားတဲ့နိုင်ငံဖြစ်ပေမဲ့လည်းကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင်မူ ပွဲကစားမီနှင့်ပွဲပြီးချိန်တွင် ဘီယာရောင်းချသွားမှာဖြစ်ပါတယ်။ကွင်းအတွင်းတွင်လည်း Zero Alcohol Beer သောက်သုံးခွင့်ပြုလာပါမယ်။ဒါ့ပေမဲ့ပွဲကစားချိန်မှာတော့ဘီယာသောက်သုံးခွင့်ပိတ်ပင်လာပါမယ်။
ZawGyi
ပရိသတ္မ်ား တစ္ေန႔လွ်င္ ၁၇ နာရီ ေသာက္စားေပ်ာ္ပါးႏိုင္တဲ့ သဲကႏၲာရပြဲေတာ္ ျပဳလုပ္ေပးလာမယ့္ ကာတာကမာၻ႔ဖလားစီစဥ္သူမ်ား
ကာတာကမာၻ႔ဖလားက်င္းပေရးေကာ္မတီဟာတစ္ေန႔လွ်င္၁၇နာရီအထိပရိသတ္မ်ားလြတ္လပ္စြာေသာက္စားေပ်ာ္ပါးႏိုင္မဲ့ သဲကႏၲာရပြဲေတာ္ျပဳလုပ္ရန္စီစဥ္ေနပါတယ္။
ကာတာကမာၻ႔ဖလားက်င္းပေရးေကာ္မတီဟာဂလာစတြန္ဘူရီမွ ပြဲစီစဥ္သူ Arcadia ကို ကမာၻ႔ဖလားၿပိဳင္ပြဲက်င္းပမဲ့ႏိုဝင္ဘာလ၈၇ရက္ေန႔မွစတင္ကာပြဲေတာ္တစ္ခုက်င္းပေရးငွားရမ္းထားပါတယ္။
ယင္းပြဲေတာ္ကို Arcadia Spectacular လို႔ေခၚေဝၚလာမွာျဖစ္ၿပီးကာတာရဲ႕ၿမိဳ႕ေတာ္ဒိုဟာအျပင္ဘက္တြင္ျပဳလုပ္လာမွာျဖစ္ၿပီးတစ္ေန႔လွ်င္ပရိသတ္၁၅၀၀၀အထိဝင္ေရာက္ခြင့္ေပးသြားပါမယ္။
ယင္းပြဲေတာ္အတြင္းတြင္ကမာၻတလႊားမွနာမည္ေက်ာ္ DJ ဂီတသမားမ်ားကေဖ်ာ္ေျဖေပးသြားမွာျဖစ္ၿပီးေန႔လည္၁၀နာရီမွနံနက္၃နာရီအထိဖြင့္က်င္းပမွာျဖစ္ပါတယ္။ယင္းပြဲေတာ္အတြင္းတြင္လာေရာက္သူမ်ားအေနျဖင့္အစားအေသာက္မ်ားႏွင့္အရက္မ်ားေသာက္စားေပ်ာ္ပါးႏိုင္ပါမယ္။
ဒါ့အျပင္ယင္းပြဲေတာ္အတြင္းတြင္တစ္ေန႔လွ်င္ေလးပြဲကစားမယ့္ကမာၻ႔ဖလားအုပ္စုပြဲစဥ္မ်ားကိုလည္းျပသလာပါမယ္။
Arcadia ကေတာ့ယင္းကႏၲာရပြဲေတာ္ကိုကမာၻ႔အေကာင္းဆုံးဂီတပြဲေတာ္မ်ားထဲမွတစ္ခုျဖစ္လာေရးလုပ္ေဆာင္သြားမယ္လို႔ကတိျပဳထားၿပီးယင္းပြဲေတာ္တြင္ Arcadia ရဲ႕နာမည္ေက်ာ္ မီးမ်ားမႈတ္ထားတဲ့ တန္၅၀ရွိ ပင့္ကူႀကီးကိုလည္းျပသလာပါမယ္။
ပြဲက်င္းပရာေနရာကဒိုဟာေလဆိပ္ႏွင့္ၿမိဳ႕ေတာ္ေတာင္ပိုင္းအၾကားမွာရွိၿပီး ဒိုဟာမွမိနစ္၂၀ခရီးအကြာတြင္ျပဳလုပ္ပါမယ္။
ယင္းပြဲအတြက္လက္မွတ္ေဈးႏႈန္းမွာတစ္ေန႔လွ်င္ေပါင္၅၀ဝန္က်င္းက်သင့္လာဖို႔ရွိေနၿပီးဘီယာတစ္ခြက္အခမဲ့ရရွိပါမယ္။ပရိသတ္မ်ားအေနျဖင့္ေနာက္ထပ္ထပ္ေသာက္လိုပါကဘီယာတစ္ပိုင့္လွ်င္၈ေပါင္ႏႈန္းျဖင့္ဝယ္ေသာက္ရဖို႔ရွိပါတယ္။
ကာတာႏိုင္ငံကအရက္ေသာက္စားေသာက္စားမႈပိတ္ပင္ထားတဲ့ႏိုင္ငံျဖစ္ေပမဲ့လည္းကမာၻ႔ဖလားၿပိဳင္ပြဲအတြင္းတြင္မူ ပြဲကစားမီႏွင့္ပြဲၿပီးခ်ိန္တြင္ ဘီယာေရာင္းခ်သြားမွာျဖစ္ပါတယ္။ကြင္းအတြင္းတြင္လည္း Zero Alcohol Beer ေသာက္သုံးခြင့္ျပဳလာပါမယ္။ဒါ့ေပမဲ့ပြဲကစားခ်ိန္မွာေတာ့ဘီယာေသာက္သုံးခြင့္ပိတ္ပင္လာပါမယ္။