ပရိသတ် ၁၄၀၀ တို့ ကွင်းအတွင်းဆင်းလာပြီး ကိုယ့်အသင်းအပါအဝင် ဧည့်သည်အသင်းကိုပါ တိုက်ခိုက်မှုဖြစ်ပွား

ကိုလံဘီယာဘောလုံးလောကမှာကြီးမားတဲ့တုန်လှုပ်စရာအဖြစ်အပျက်ကြုံခဲ့ပါတယ်။ကိုလံဘီဘာအဆင့်မြင့်တန်းလိဂ်ပွဲတစ်ပွဲတွင်ပရိသတ်၁၄၀၀ဝန်းကျင်တို့ဟာကွင်းအတွင်းဆင်းကာကစားသမားများနှင့်နည်းပြအဖွဲ့ဝင်များကိုတိုက်ခိုက်မှုဖြစ်ပွားခဲ့ပါတယ်။

ကိုလံဘီယာရဲ့ Categoria Primera A ရဲ့အမှတ်ပေးဇယားအောက်ဆုံးတွင်ရပ်တည်နေတဲ့ဒီပို့တီဗိုကာလီဟာဗုဒ္ဓဟူးနေ့တုန်းကEstadio Doce de Octubreသို့သွားရောက်ကာ ကော်ကျူလူအာနှင့်ရင်ဆိုင်ခဲ့ရပါတယ်။

အိမ်ရှင်အသင်းဟာပွဲအစမိနစ်၂၀မှာပဲဝိုင်ဒါဂူဆာအိုကဂိုးစတင်သွင်းခဲ့ပြီးဖိုင်ဗာမာကာဒိုကပင်နယ်တီကနေအနိုင်သေချာစေမဲ့ဂိုးကိုထပ်သွင်းခဲ့ပါတယ်။

ဒါပေမဲ့ပွဲချိန်၈၁မိနစ်မှာတော့အင်မတန်ကြီးမားလွန်းလှတဲ့ပရိသတ်အုပ်စုကြီးဟာပွဲကြည့်စင်မှကွင်းအတွင်းသို့ဆင်းချလာပြီးနောက်ပွဲကိုရပ်ဆိုင်းလိုက်ရပါတယ်။

ပရိသတ်၁၄၀၀ဝန်းကျင်တို့မှပရိသတ်အများစုကဒီပို့တီဗိုကာလီပရိသတ်များဖြစ်ကြပါတယ်။၎င်းတို့ဟာကစားသမားများနှင့်နည်းပြအဖွဲ့ဝင်များကိုရိုင်းစိုင်းစွာဆဲဆိုမှုပြုလုပ်တဲ့အပြင်ကိုယ်ထိလက်ရောက်တိုက်ခိုက်မှုလည်းပြုလုပ်ခဲ့ကြပါတယ်။

ဒိုင်လူကြီးနှင့်ကစားသမားများဟာလည်းအင်မတန်ရှုပ်ထွေးတဲ့ယင်းအခြေအနေမှာထွက်ပြေးခဲ့ကြရပါတယ်။

ဒီပို့တီဗိုကာလီတိုက်စစ်မှူးတီယိုဖီလိုဂူတီယာရက်ဇ်ဟာပရိသတ်အုပ်စုထဲတွင်ပိတ်မိကာဒေါသထွက်နေတဲ့ပရိသတ်များရဲ့တိုက်ခိုက်မှုနှင့်ကြုံခဲ့ရပါတယ်။နည်းပြမေယာကန်ဒီလိုမှာလည်းတိုက်ခိုက်ခြင်းခံခဲ့ရပါတယ်။

ဒီပို့တီဗိုကာလီကယင်းအဖြစ်အပျက်အပြီးတွင်နောင်တွင်ယင်းသို့အဖြစ်အပျက်ဆိုးကြီးမဖြစ်လာအောင်အကူအညီပေးရေးအတွက် ဒေသခံအာဏာပိုင်များကိုတောင်းဆိုသွားပါတယ်။

ZawGyi

ပရိသတ္ ၁၄၀၀ တို႔ ကြင္းအတြင္းဆင္းလာၿပီး ကိုယ့္အသင္းအပါအဝင္ ဧည့္သည္အသင္းကိုပါ တိုက္ခိုက္မႈျဖစ္ပြား

ကိုလံဘီယာေဘာလုံးေလာကမွာႀကီးမားတဲ့တုန္လႈပ္စရာအျဖစ္အပ်က္ႀကဳံခဲ့ပါတယ္။ကိုလံဘီဘာအဆင့္ျမင့္တန္းလိဂ္ပြဲတစ္ပြဲတြင္ပရိသတ္၁၄၀၀ဝန္းက်င္တို႔ဟာကြင္းအတြင္းဆင္းကာကစားသမားမ်ားႏွင့္နည္းျပအဖြဲ႕ဝင္မ်ားကိုတိုက္ခိုက္မႈျဖစ္ပြားခဲ့ပါတယ္။

ကိုလံဘီယာရဲ႕ Categoria Primera A ရဲ႕အမွတ္ေပးဇယားေအာက္ဆုံးတြင္ရပ္တည္ေနတဲ့ဒီပို႔တီဗိုကာလီဟာဗုဒၶဟူးေန႔တုန္းကEstadio Doce de Octubreသို႔သြားေရာက္ကာ ေကာ္က်ဴလူအာႏွင့္ရင္ဆိုင္ခဲ့ရပါတယ္။

အိမ္ရွင္အသင္းဟာပြဲအစမိနစ္၂၀မွာပဲဝိုင္ဒါဂူဆာအိုကဂိုးစတင္သြင္းခဲ့ၿပီးဖိုင္ဗာမာကာဒိုကပင္နယ္တီကေနအႏိုင္ေသခ်ာေစမဲ့ဂိုးကိုထပ္သြင္းခဲ့ပါတယ္။

ဒါေပမဲ့ပြဲခ်ိန္၈၁မိနစ္မွာေတာ့အင္မတန္ႀကီးမားလြန္းလွတဲ့ပရိသတ္အုပ္စုႀကီးဟာပြဲၾကည့္စင္မွကြင္းအတြင္းသို႔ဆင္းခ်လာၿပီးေနာက္ပြဲကိုရပ္ဆိုင္းလိုက္ရပါတယ္။

ပရိသတ္၁၄၀၀ဝန္းက်င္တို႔မွပရိသတ္အမ်ားစုကဒီပို႔တီဗိုကာလီပရိသတ္မ်ားျဖစ္ၾကပါတယ္။၎တို႔ဟာကစားသမားမ်ားႏွင့္နည္းျပအဖြဲ႕ဝင္မ်ားကို႐ိုင္းစိုင္းစြာဆဲဆိုမႈျပဳလုပ္တဲ့အျပင္ကိုယ္ထိလက္ေရာက္တိုက္ခိုက္မႈလည္းျပဳလုပ္ခဲ့ၾကပါတယ္။

ဒိုင္လူႀကီးႏွင့္ကစားသမားမ်ားဟာလည္းအင္မတန္ရႈပ္ေထြးတဲ့ယင္းအေျခအေနမွာထြက္ေျပးခဲ့ၾကရပါတယ္။

ဒီပို႔တီဗိုကာလီတိုက္စစ္မႉးတီယိုဖီလိုဂူတီယာရက္ဇ္ဟာပရိသတ္အုပ္စုထဲတြင္ပိတ္မိကာေဒါသထြက္ေနတဲ့ပရိသတ္မ်ားရဲ႕တိုက္ခိုက္မႈႏွင့္ႀကဳံခဲ့ရပါတယ္။နည္းျပေမယာကန္ဒီလိုမွာလည္းတိုက္ခိုက္ျခင္းခံခဲ့ရပါတယ္။

ဒီပို႔တီဗိုကာလီကယင္းအျဖစ္အပ်က္အၿပီးတြင္ေနာင္တြင္ယင္းသို႔အျဖစ္အပ်က္ဆိုးႀကီးမျဖစ္လာေအာင္အကူအညီေပးေရးအတြက္ ေဒသခံအာဏာပိုင္မ်ားကိုေတာင္းဆိုသြားပါတယ္။