ပရိသတ် ၄ သန်းကျော်အထိ လူပင်လယ်ဖြစ်နေမှုကြောင့် လှည့်လည်အောင်ပွဲခံမှုကို ရပ်ပြီး ဟယ်ရီကော်ပတာဖြင့် အာဂျင်တီးနားအသင်းကို ခေါ်ဆောင်ခဲ့ရ

အာဂျင်တီးနားအသင်းရဲ့အမိုးဖွင့်ဘတ်စ်ကားဖြင့်ဗျူနိုအေးရိစ်တွင်လှည့်လည်အောင်ပွဲခံမှုမှာသန်းပေါင်းများစွာသောအာဂျင်တီးနားပရိသတ်များကလူပင်လယ်အလားထွက်ကြုဆိုမှုနဲ့အတူလုံခြုံရေးစိုးရိမ်ရမှုကြောင့်ရပ်ဆိုင်းခဲ့ရပါတယ်။

အာဂျင်တီးနားအသင်းရဲ့လှည့်လည်အောင်ပွဲခံမှုကိုရပ်ဆိုင်းပြီးကစားသမားများကိုဟယ်လီကော်ပတာဖြင့်ခေါ်ဆောင်သွားခဲ့ရပါတယ်။

အာဂျင်တီးနားအသင်းဟာကမ္ဘာ့ဖလားချန်ပီယံဖြစ်ပြီးနောက်အင်္ဂါနေ့နံနက်ပိုင်းတွင်ဗျူနိုအေးရိစ်သို့ရောက်လာခဲ့ပြီးအမိုးဖွင့်ဘတ်စ်ကားဖြင့်လှည့်လည်အောင်ပွဲခံခဲ့ပါတယ်။

ဒါပေမဲ့ပရိသတ်၄သန်းကျော်အထိလမ်းမများပေါ်တွင်ထွက်ကာကြိုဆိုအောင်ပွဲခံမှုနဲ့အတူလှည့်လည်အောင်ပွဲခံမှုနဲ့ပတ်သက်ပြီးပြန်လည်သုံးသပ်မှု ပြုလုပ်ခဲ့ရပါတယ်။

ဒါ့အပြင်အာဂျင်တီးနားပရိသတ်အချို့တို့ကလည်းတံတားပေါ်မှအာဂျင်တီးနားအမိုးဖွင့်ဘတ်စ်ကားပေါ်သို့ခုန်ချမှုများပြုလုပ်ခဲ့ကြပြီးပရိသတ်တစ်ဦးမှာပြုတ်ကျကာလူနာတင်ထမ်းစင်ဖြင့်ထမ်းထုတ်ခဲ့ရပါတယ်။

အာဂျင်တီးနားအစိုးရဟာတနင်္ဂနွေနေ့တုန်းကကမ္ဘာ့ဖလားချန်ပီယံဖြစ်ပြီးနောက်အင်္ဂါနေ့ကိုအများပြည်သူရုံးပိတ်ရက်အဖြစ်သတ်မှတ်ကာကမ္ဘာ့ဖလားအောင်ပွဲခံမှုပြုလုပ်ခွင့်ပေးခဲ့ပါတယ်။

အာဂျင်တီးနားအသင်းဟာဗျူနိုအေးရိစ်ရှိ အိုဘီလစ်ခ်တွင်လှည့်လည်အောင်ပွဲခံမှုအဆုံးသတ်ရန်စီစဉ်ထားပေမဲ့လည်း လူပင်လယ်ဖြစ်နေမှုကြောင့်လုံခြုံရေးအေဂျင်စီများ၊အာဏာပိုင်အဖွဲ့တို့ရဲ့အကြံပြုမှုများကြောင့် ရပ်ဆိုင်းကာကစားသမားများကိုဟယ်လီကော်ပတာဖြင့်ခေါ်ဆောင်လိုက်တာလည်းဖြစ်ပါတယ်။

ZawGyi

ပရိသတ္ ၄ သန္းေက်ာ္အထိ လူပင္လယ္ျဖစ္ေနမႈေၾကာင့္ လွည့္လည္ေအာင္ပြဲခံမႈကို ရပ္ၿပီး ဟယ္ရီေကာ္ပတာျဖင့္ အာဂ်င္တီးနားအသင္းကို ေခၚေဆာင္ခဲ့ရ

အာဂ်င္တီးနားအသင္းရဲ႕အမိုးဖြင့္ဘတ္စ္ကားျဖင့္ဗ်ဴႏိုေအးရိစ္တြင္လွည့္လည္ေအာင္ပြဲခံမႈမွာသန္းေပါင္းမ်ားစြာေသာအာဂ်င္တီးနားပရိသတ္မ်ားကလူပင္လယ္အလားထြက္ၾကဳဆိုမႈနဲ႔အတူလုံၿခဳံေရးစိုးရိမ္ရမႈေၾကာင့္ရပ္ဆိုင္းခဲ့ရပါတယ္။

အာဂ်င္တီးနားအသင္းရဲ႕လွည့္လည္ေအာင္ပြဲခံမႈကိုရပ္ဆိုင္းၿပီးကစားသမားမ်ားကိုဟယ္လီေကာ္ပတာျဖင့္ေခၚေဆာင္သြားခဲ့ရပါတယ္။

အာဂ်င္တီးနားအသင္းဟာကမာၻ႔ဖလားခ်န္ပီယံျဖစ္ၿပီးေနာက္အဂၤါေန႔နံနက္ပိုင္းတြင္ဗ်ဴႏိုေအးရိစ္သို႔ေရာက္လာခဲ့ၿပီးအမိုးဖြင့္ဘတ္စ္ကားျဖင့္လွည့္လည္ေအာင္ပြဲခံခဲ့ပါတယ္။

ဒါေပမဲ့ပရိသတ္၄သန္းေက်ာ္အထိလမ္းမမ်ားေပၚတြင္ထြက္ကာႀကိဳဆိုေအာင္ပြဲခံမႈနဲ႔အတူလွည့္လည္ေအာင္ပြဲခံမႈနဲ႔ပတ္သက္ၿပီးျပန္လည္သုံးသပ္မႈ ျပဳလုပ္ခဲ့ရပါတယ္။

ဒါ့အျပင္အာဂ်င္တီးနားပရိသတ္အခ်ိဳ႕တို႔ကလည္းတံတားေပၚမွအာဂ်င္တီးနားအမိုးဖြင့္ဘတ္စ္ကားေပၚသို႔ခုန္ခ်မႈမ်ားျပဳလုပ္ခဲ့ၾကၿပီးပရိသတ္တစ္ဦးမွာျပဳတ္က်ကာလူနာတင္ထမ္းစင္ျဖင့္ထမ္းထုတ္ခဲ့ရပါတယ္။

အာဂ်င္တီးနားအစိုးရဟာတနဂၤေႏြေန႔တုန္းကကမာၻ႔ဖလားခ်န္ပီယံျဖစ္ၿပီးေနာက္အဂၤါေန႔ကိုအမ်ားျပည္သူ႐ုံးပိတ္ရက္အျဖစ္သတ္မွတ္ကာကမာၻ႔ဖလားေအာင္ပြဲခံမႈျပဳလုပ္ခြင့္ေပးခဲ့ပါတယ္။

အာဂ်င္တီးနားအသင္းဟာဗ်ဴႏိုေအးရိစ္ရွိ အိုဘီလစ္ခ္တြင္လွည့္လည္ေအာင္ပြဲခံမႈအဆုံးသတ္ရန္စီစဥ္ထားေပမဲ့လည္း လူပင္လယ္ျဖစ္ေနမႈေၾကာင့္လုံၿခဳံေရးေအဂ်င္စီမ်ား၊အာဏာပိုင္အဖြဲ႕တို႔ရဲ႕အႀကံျပဳမႈမ်ားေၾကာင့္ ရပ္ဆိုင္းကာကစားသမားမ်ားကိုဟယ္လီေကာ္ပတာျဖင့္ေခၚေဆာင္လိုက္တာလည္းျဖစ္ပါတယ္။