ပရီးမီယားလိဂ်ကလပ်တစ်ခုသို့ ဘရန်ဒွန်ဝီလီယံကို အငှားချရန် နီးစပ်နေပြီဖြစ်တဲ့ မန်ယူ

မန်ယူလူငယ်ကစားသမားဘရန်ဒွန်ဝီလီယံဟာပရီးမီးယားလိဂ်တန်းတက်နော့ဝှစ်ချ်အသင်းသို့တစ်ရာသီအငှားဖြင့်ပြောင်းရွှေ့ကစားရန်နီးစပ်နေကြောင်းသိရပါတယ်။

ဘရန်ဒွန်ဝီလီယမ်ဟာနယူးကာဆယ်၊ဆောက်သမ်တန်အပါအဝင်ပရီးမီးယားလိဂ်ကလပ်အချို့တို့ရဲ့စိတ်ဝင်စားခြင်းခံနေရပေမယ့်ယခုအခါနော့ဝှစ်ချ်သို့ရောက်ရန်နီးစပ်နေပြီဖြစ်ပါတယ်။

ပရီးမီးယားလိဂ်တန်းတက်နော့ဝှစ်ချ်ဟာအပြောင်းအရွှေ့ဈေးကွက်မပိတ်မီခံစစ်ပိုင်းကိုအားဖြည့်လိုနေပြီးဝီလီယံကိုခေါ်ယူရန်မန်ယူနှင့်ဆွေးနွေးမှုပြုလုပ်ခဲ့ရာအပြီးသတ်နိုင်တော့မယ့်အနေအထားသို့ရောက်နေပြီဖြစ်ပါတယ်။

ဘရန်ဒွန်ဝီလီယံရဲ့ဘယ်နောက်ခံလူအဖြစ်လည်းကောင်း၊ညာနောက်ခံလူအဖြစ်လည်းကောင်းကစားနိုင်မှုကနော့ဝှစ်ချ်နည်းပြဒါနီရယ်ဖာကီအတွက်စိတ်ဝင်စားမှုဖြစ်စေတာလည်းဖြစ်ပါတယ်။

မန်ယူဟာနောက်တန်းအစွန်နေရာအတွက်ဘီဆာကာ၊လုပ်ခ်ရှော၊တဲလ်လက်စ်တို့ရှိနေရာအသင်းတွင်ဆက်ထိန်းထားပါကဝီလီယံအတွက်ပွဲကစားနိုင်မယ့်အခွင့်အရေးနည်းပါးကတိုးတက်မှုမရှိဖြစ်လာမှာစိုးရိမ်နေပါတယ်။

ZawGyi


မန်ယူလူငယ်ကစားသမားဘရန်ဒွန်ဝီလီယံဟာပရီးမီးယားလိဂ်တန်းတက်နော့ဝှစ်ခ်ျအသင်းသို့တစ်ရာသီအငှားဖြင့်ပြောင်းရွှေ့ကစားရန်နီးစပ်နေကြောင်းသိရပါတယ်။

ဘရန်ဒွန်ဝီလီယမ်ဟာနယူးကာဆယ်၊ဆောက်သမ်တန်အပါအဝင်ပရီးမီးယားလိဂ်ကလပ်အချို့တို့ရဲ့စိတ်ဝင်စားခြင်းခံနေရပေမယ့်ယခုအခါနော့ဝှစ်ခ်ျသို့ရောက်ရန်နီးစပ်နေပြီဖြစ်ပါတယ်။

ပရီးမီးယားလိဂ်တန်းတက်နော့ဝှစ်ခ်ျဟာအပြောင်းအရွှေ့ဈေးကွက်မပိတ်မီခံစစ်ပိုင်းကိုအားဖြည့်လိုနေပြီးဝီလီယံကိုခေါ်ယူရန်မန်ယူနှင့်ဆွေးနွေးမှုပြုလုပ်ခဲ့ရာအပြီးသတ်နိုင်တော့မယ့်အနေအထားသို့ရောက်နေပြီဖြစ်ပါတယ်။

ဘရန်ဒွန်ဝီလီယံရဲ့ဘယ်နောက်ခံလူအဖြစ်လည်းကောင်း၊ညာနောက်ခံလူအဖြစ်လည်းကောင်းကစားနိုင်မှုကနော့ဝှစ်ခ်ျနည်းပြဒါနီရယ်ဖာကီအတွက်စိတ်ဝင်စားမှုဖြစ်စေတာလည်းဖြစ်ပါတယ်။
