ပရီးမီးယားချန်ပီယံဘွဲ့ကို မန်စီးတီး ကာကွယ်လာမည်ဟု စူပါကွန်ပျူတာဟောကိန်းထုတ်
ယခုရာသီတွင်ချဲလ်ဆီးအသင်း ပရီးမီးယားလိဂ် ချန်ပီယံဖြစ်မှာမဟုတ်ဘဲ မန်စီးတီးကသာချန်ပီယံဘွဲ့ကိုဆက်လက်ကာကွယ်သွားမယ်လို့စူပါကွန်ပျူတာကဟောကိန်းထုတ်လာပါတယ်။
ချဲလ်ဆီးဟာလီဗာပူးနှင့်ရမှတ်တူ၊ဂိုးကွာခြားချက်တူသော်လည်း Alphabetical ကြောင့် အမှတ်ပေးဇယားထိပ်ဆုံးမှာရပ်တည်နေပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီတွင်ချဲလ်ဆီးသို့ရောက်လာပြီးနောက် ပထမခြောက်လအတွင်းတွင်ချန်ပီယံလိဂ်ဖလားဆွတ်ခူးပေးထားတဲ့တူချယ်လက်ထက်မှာချဲလ်ဆီးဟာခြေစွမ်းပိုင်းမြင့်မားနေကာချန်ပီယံဖြစ်ရန်ရေပန်းစားနေပါတယ်။
ဒါပေမယ့်စူပါကွန်ပျူတာကချဲလ်ဆီးမှာရာသီသိမ်းချိန်တွင်အမှတ်ပေးဇယားအဆင့်၄နေရာတွင်သာရပ်တည်နိုင်မှာဖြစ်ကြောင်းဟောကိန်းထုတ်သွားပါမယ်။အမှတ်ပေးဒုတိယနေရာမှာမန်ယူနှင့်တတိယနေရာမှာလီဗာပူးကရပ်တည်နိုင်မှာဖြစ်ပြီး စပါးစ်နှင့်အဲဗာတန်တို့ကယူရိုပါလိဂ်ဝင်ခွင့်ရမယ်ဆိုလို့ခန့်မှန်ထားပါတယ်။
အာဆင်နယ်ကတော့အဆင့်၉နေရာဖြင့်အဆုံးသတ်ရမှာဖြစ်ပြီးနယူကာဆယ်၊ဝက်ဖို့ဒ်နှင့်နော့ဝှစ်ချ်တို့တန်းတင်းရမယ်လို့စူပါကွန်ပျူတာကဆိုသွားပါတယ်။
ZawGyi
အာဆင်နယ်ကတော့အဆင့်၉နေရာဖြင့်အဆုံးသတ်ရမှာဖြစ်ပြီးနယူကာဆယ်၊ဝက်ဖို့ဒ်နှင့်နော့ဝှစ်ခ်ျတို့တန်းတင်းရမယ်လို့စူပါကွန်ပျူတာကဆိုသွားပါတယ်။