ပရီးမီးယားလိဂ်ကပိတ်ပင်ထားပေမယ့် အာဂျင်တီးနားအတွက် ကစားရန် ဗီလာရဲ့မာတီနက်ဇ်နှင့်ဘူအန်ဒီယာ ထွက်ခွာ

ဗီလာဂိုးသမားအီမီမာတီနက်ဇ်နှင့်အလယ်တန်းကစားသမားအီမီလီယာနိုဘူအန်ဒီယာတို့ဟာကမ္ဘာ့ဖလားခြေစစ်ပွဲကစားရန်အာဂျင်တီးနားအသင်းနှင့်ပူးပေါင်းရန်ထွက်ခွာသွားခဲ့ကြပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်အစောပိုင်းတုန်းကပရီးမီးယားလိဂ်ကကလပ်များအနေဖြင့်ဗြိတိန်အစိုးရရဲ့ကိုဗစ်ကန့်သတ်ချက်အနီရောင်စာရင်းတွင်ထည့်သွင်းခြင်းခံထားရတဲ့နိုင်ငံများသို့ကစားသမားများကိုမစေလွှတ်နိုင်ကြောင်းကြေညာခဲ့ပါတယ်။

ဒါကြောင့်ဗီလာရဲ့အာဂျင်တီးနားလက်ရွေးစင်များဖြစ်ကြတဲ့မာတီနက်ဇ်နှင့်ဘူအန်ဒီယာတို့ဟာလာမယ့်လဗင်နီဇွဲလား၊ဘရာဇီး၊ဘိုလီဗီးယားတို့နှင့်ကမ္ဘာ့ဖလားခြေစစ်ပွဲများမှာပါဝင်နိုင်မှာမဟုတ်ပါဘူး။

ဒါပေမယ့်လည်းဗီလာဟာမာတီနက်ဇ်နှင့်ဘူအန်ဒီယာတို့အားအာဂျင်တီးနားရဲ့ပထမဆုံးခြေစစ်ပွဲနှစ်ပွဲကိုကစားခွင့်ပေးခဲ့ပါတယ်။၎င်းတို့ဟာဘိုလီဗီးယားနှင့်ပွဲကိုမကစားဘဲအင်္ဂလန်သို့ပြန်လာရမှာလည်းဖြစ်ပါတယ်။

၎င်းတို့နှစ်ဦးဟာအင်္ဂလန်သို့ပြန်ရောက်ချိန်တွင်ကွာရန်တင်းဝင်ရမှာဖြစ်ပြီးစက်တင်ဘာလ၁၁ရက်နေ့ချဲလ်ဆီးအားအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ရမယ့်ပွဲကိုလွဲချော်ပါမယ်။

ဒါပေမယ့်၎င်းတို့ဟာအာဂျင်တီးနားရဲ့တတိယခြေစစ်ပွဲကိုမကစားမှုနှင့်အတူစက်တင်ဘာလ၁၈ရက်နေ့တွင်အဲဗာတန်နှင့်ရင်ဆိုင်ရမယ့်ပွဲမှာပါဝင်လာနိုင်ကြပါမယ်။

ZawGyi

ပရီးမီးယားလိဂ္ကပိတ္ပင္ထားေပမယ့္ အာဂ်င္တီးနားအတြက္ ကစားရန္ ဗီလာရဲ႕မာတီနက္ဇ္ႏွင့္ဘူအန္ဒီယာ ထြက္ခြာ

ဗီလာဂိုးသမားအီမီမာတီနက္ဇ္ႏွင့္အလယ္တန္းကစားသမားအီမီလီယာႏိုဘူအန္ဒီယာတို႔ဟာကမာၻ႔ဖလားေျခစစ္ပြဲကစားရန္အာဂ်င္တီးနားအသင္းႏွင့္ပူးေပါင္းရန္ထြက္ခြာသြားခဲ့ၾကၿပီျဖစ္ပါတယ္။

ၿပီးခဲ့တဲ့အပတ္အေစာပိုင္းတုန္းကပရီးမီးယားလိဂ္ကကလပ္မ်ားအေနျဖင့္ၿဗိတိန္အစိုးရရဲ႕ကိုဗစ္ကန႔္သတ္ခ်က္အနီေရာင္စာရင္းတြင္ထည့္သြင္းျခင္းခံံထားရတဲ့ႏိုင္ငံမ်ားသို႔ကစားသမားမ်ားကိုမေစလႊတ္ႏိုင္ေၾကာင္းေၾကညာခဲ့ပါတယ္။

ဒါေၾကာင့္ဗီလာရဲ႕အာဂ်င္တီးနားလက္ေ႐ြးစင္မ်ားျဖစ္ၾကတဲ့မာတီနက္ဇ္ႏွင့္ဘူအန္ဒီယာတို႔ဟာလာမယ့္လဗင္နီဇြဲလား၊ဘရာဇီး၊ဘိုလီဗီးယားတို႔ႏွင့္ကမာၻ႔ဖလားေျခစစ္ပြဲမ်ားမွာပါဝင္ႏိုင္မွာမဟုတ္ပါဘူး။

ဒါေပမယ့္လည္းဗီလာဟာမာတီနက္ဇ္ႏွင့္ဘူအန္ဒီယာတို႔အားအာဂ်င္တီးနားရဲ႕ပထမဆုံးေျခစစ္ပြဲႏွစ္ပြဲကိုကစားခြင့္ေပးခဲ့ပါတယ္။၎တို႔ဟာဘိုလီဗီးယားႏွင့္ပြဲကိုမကစားဘဲအဂၤလန္သို႔ျပန္လာရမွာလည္းျဖစ္ပါတယ္။

၎တို႔ႏွစ္ဦးဟာအဂၤလန္သို႔ျပန္ေရာက္ခ်ိန္တြင္ကြာရန္တင္းဝင္ရမွာျဖစ္ၿပီးစက္တင္ဘာလ၁၁ရက္ေန႔ခ်ဲလ္ဆီးအားအေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ရမယ့္ပြဲကိုလြဲေခ်ာ္ပါမယ္။

ဒါေပမယ့္၎တို႔ဟာအာဂ်င္တီးနားရဲ႕တတိယေျခစစ္ပြဲကိုမကစားမႈႏွင့္အတူစက္တင္ဘာလ၁၈ရက္ေန႔တြင္အဲဗာတန္ႏွင့္ရင္ဆိုင္ရမယ့္ပြဲမွာပါဝင္လာႏိုင္ၾကပါမယ္။